🌎 ယနေ့ဟာ #ကမ္ဘာမှာကိုဗစ်ကူးစက်မှု သန်း (၁၀၀) ပြည့်တဲ့နေ့ပါ။
မနေ့ညမအိပ်ခင်ကဝင်ကြည့်ချိန်မှာ (၉၉) သန်းကျော်ရှိနေပြီး ဒီမနက်နိုးတော့ သန်း (၁၀၀) ကျော်သွားတာတွေ့ပါတယ်။
လူပေါင်း (၇၂) သန်းကျော်ပြန်နေကောင်းလာပြီး၊ (၂) သန်းကျော်သေဆုံးခဲ့ပြီးဖြစ်ပါတယ်။
အခုထိနေ့စဉ်အများဆုံးကူးစက်မှုက ဇန်နဝါရီလ (၈) ရက်နေ့ကဖြစ်ခဲ့ပြီး တစ်ရက်တည်း လူပေါင်း (၈၄၂၈၈၅) ယောက်ကူးစက်ခဲ့ပါတယ်။
🇺🇸 အမေရိကန်ဟာအခုထိအကူးစက်ဆုံးဖြစ်ခဲ့ပြီး လူပေါင်း (၂၆) သန်းနီးပါးကူးစက်ခဲ့ပါတယ်။
ဝူဟန်လော့ဒေါင်း တစ်နှစ်ပြည့်အချိန်မှာ 🇨🇳 တရုတ်ပြည်ဟာ ကူးစက်မှုအများဆုံး နံပါတ် (၁) ကနေ (၈၃) နိုင်ငံမြောက်ဖြစ်သွားခဲ့ပါတယ်။
🇲🇲 မြန်မာပြည်ကတော့ နံပါတ် (၇၁) မှာရှိနေပါတယ်။
ယနေ့အထိမြန်မာပြည်မှာ (၁၃၇၉၅၇) ယောက်ကူးစက်ခဲ့ပြီး (၃၀၆၉) ယောက်သေဆုံးခဲ့ပါတယ်။
ထူးဆန်းလွန်းတဲ့အချက်က 🇱🇦 လာအိုနိုင်ငံက (၄၄) ပဲကူးစက်တယ်လို့ စာရင်းတွေ့ရခြင်းပါ။ ဘယ်လိုမှယုံနိုင်ဖွယ်မရှိပါ။
🇻🇳 ဗီယက်နမ်ကလည်း (၁၅၄၉) ယောက်ပဲရှိတယ်လို့ စာရင်းတွေ့ရပါတယ်။ ဗီယက်နမ်မှာတော့ အတော်လေးစည်းကမ်းတင်းကျပ်ခဲ့တယ်လို့ ကြားဖူးပါတယ်။
အားလုံးသိရအောင်တင်ပြတာဖြစ်ပြီး ကိုဗစ်ကပ်ကြီးပြီးဆုံးချိန်မှာ ဘယ်လောက်အထိကူးစက်မယ်ဆိုတာမသိရသေးပါ။
လက်လုပ်လက်စားတွေကိုအတော်ဒုက္ခရောက်စေတဲ့ကပ်ကြီးပါ။
အသိတစ်ယောက်ဆိုရင် လွန်ခဲ့တဲ့ ၂ လလောက်က ကျနော့်ကိုပြောရာမှာ ကာကွယ်ဆေးကိုငွေပေးပြီးထိုးချင်ကြောင်း၊ ပြီးမှအလုပ်ကြိုးစားပြီးပြန်ဆပ်မယ် ” အခုလို အလုပ်လက်မဲ့ဖြစ်နေတဲ့ဒဏ်ကိုမခံနိုင်တော့ဘူးအကိုရာ” လို့ပြောတာတွေ့ရပါတယ်။
ကာကွယ်ဆေးနဲ့ ပြည်သူတွေစည်းကမ်းလိုက်နာခြင်းတို့ဖြင့် ဒီကပ်ကြီးကိုအမြန်အဆုံးသတ်ဖို့လိုနေပါပြီ။
Richard Myo Thant
26-January -2021