News

“ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား ထပ်တိုးအိမ်ထောင်စုများအတွက် နိုင်ငံတော်ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက် သွားရောက်ပေးအပ်”

ကျိုင်းတောင်း ဇန်နဝါရီ ၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား ထပ်တိုးအိမ်ထောင်စု(၂၃၆)စုအတွက် နိုင်ငံတော်ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက် သွားရောက်ပေးအပ်ခြင်းကို

ယနေ့နံနက် ၁၁နာရီအချိန်ခန့်က ကျိုင်းတောင်းမြို့အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စု တို့တွင် နိုင်ငံတော်ထောက်ပံ့ငွေများကို အိမ်တိုင်ရာရောက် သွားရောက်ပေးအပ်ခဲ့ပါသည်။

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူဝန်ထမ်းများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ တို့က ကျိုင်းတောင်းမြို့ ရပ်ကွက်/ ကျေးရွာအုပ်စုအတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား ထပ်တိုးအိမ်ထောင်စု(၂၃၆)စုအတွက် အိမ်ထောင်စု တစ်စုလျှင် ထောက်ပံ့ငွေ ( ၂၀၀၀၀ ) ကျပ်နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေကျပ် ( ၄၇၂၀၀၀၀)ကျပ်ကို အိမ်တိုင်ရာရောက် သွားရောက်ပေးအပ်ခဲ့သည်။

ထို့နောက် တာလေမြို့ရှိ မြို့ပေါ်ရပ်ကွက် လေးရပ်ကွက်နှင့်ကျေးရွာအုပ်စု သုံးအုပ်စုရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား နိုင်ငံတော်မှ
ပေးအပ်သော ထောက်ပံ့‌ငွေများကို ယနေ့နံနက်ပိုင်းကအိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့သည်။

တာလေမြို့အထွေထွေအုပ်ချုပ်ရေးဦးဌာနက ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်‌လျှောက်ရေးအသင်းနှင့် ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများသည် နိုင်ငံတော်မှ

Covid-19 ရောဂါကြောင့် စီးပွါးရေးထိခိုက်မှုများကိုသက်သာစေရန်နှင့် မိသားစုစားဝတ်နေရေးအခက်အခဲများ ပြေလည်စေရန် ၂၀၂၁ ခုနှစ်အတွက် ပထမအကြိမ်အဖြစ် တာလေမြို့ရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား နောက်တိုးအိမ်ထောင်စု (၇၂၄)စုသို့ အိမ်ထောင်စု တစ်စုလျှင် ငွေကျပ်(၂၀၀၀၀)နှုန်းဖြင့် Covid-19 ရောဂါ စံသတ်မှတ်ချက်များနှင့်အညီ ထောက်ပံ့‌ငွေများကို အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

ကျိုင်းတောင်း(ပြန်/ဆက်)