News

မိမိ၏ ကွန်ဒို..မီးလောင်နေသဖြင့်..ဦးသိန်းတန်မှကျော်ထက်အောင်ဆီ..ဖုန်းဆက် လှမ်းပြောသောအခါ..

” ဟေ့…ဒီမှာကွာ.။.ဟေးး..ဒီမှာ…မောင်ကျော်ထက်အောင်..”

” ဟုတ်ကဲ့..အန်ကယ်..။ ပြောပါ..”.

“အန်ကယ်..အကူအညီလေး တစ်ခုလောက် ပြောချင်တယ် ကွာ..မောင်ကျော်ထက်အောင်…”

“ဟုတ်ကဲ့…….ပြော….ပါ….အန်..ကယ်….”

” အေးကွ…ပြောချင်တာကလေ..။ ဒီလို…မောင်ကျော်ထက်အောင်…..”

” ဟုတ်…ကဲ့…နား… ထောင်…နေပါတယ်….အန်ကယ်…”

” အန်ကယ်တို့ နေတဲ့ ကွန်ဒိုလေ ။ အဲ့ဒါ..မောင်ကျော်ထက်အောင်..သိတယ်မလားကွာ…”

” ဟုတ်ကဲ့..သိပါတယ် ။ အန်ကယ်…”

” အေးကွာ..။ အခု..အဲ့မှာဆိုရင်ပေါ့ကွာ..။ရွှေဝါရောင် မီးညွန့်လေးတွေက တလူလူနဲ့ တောက်လောင် နေတာပေါ့ကွာ..”

” ဟုတ်ကဲ့ပါ အန်ကယ်..”

” အေးး…ပြီးတော့ကွာ…အဲ့သလို မီးညွန့်တွေ ကြားမှာ..မီးခိုးတွေကလည်း အူ..ထွက်..လို့..ဟဲဗီး Rokar စတိတ်ရှိုးကြီး တစ်ခု ကြည့်နေရသလိုပဲ…မောင်ကျော်ထက်အောင်ရေ..အဟွတ် အဟွတ်..”

” ဟုတ်ကဲ့ပါ အန်ကယ်..”

” အေးး..အဟွတ် အဟွတ် ။ ပြီးတော့ အန်ကယ်တို့ လင်မယားလည်း..တိုက်ထဲမှာ..ပိတ်မိနေတယ် မောင်ကျော်ထက်အောင်ရေ..”

” ဟုတ်ကဲ့..အဲ့ဒါ..ကျတော် ဘာများ ကူညီရမလဲ အန်ကယ်..”

” အေးကွာ…အန်ကယ်လည်း မီးသတ်ဌာနကို.. အဲ့သည့်အကြောင်း..ဖုန်းဆက် လှမ်းပြောပေမယ့်..။ သူတို့က နောက်နေတယ် ထင်ပြီး..ဖုန်းချချ ပစ်နေတယ် မောင်ကျော်ထက်အောင်ရေ…”

” ဟုတ်ကဲ့..”

” အဲ့ဒါ..အန်ကယ်တို့ကို..ကူညီနိုင်အောင်….မောင်ကျော်ထက်အောင်..မီးသတ်ဌာနကို အကြောင်းကြားပေးပါလားကွာ.”

” ဟုတ်ကဲ့ပါ..အန်ကယ် ။ ကျတော် အကြောင်းကြားပေးပါ့မယ် ”

” ကျေးဇူးတင်ပါတယ်..မောင်ကျော်ထက်အောင်ရေ..အဟွတ်အဟွတ်…”

ထိုကဲ့သို့ဦးသိန်းတန်ရဲ့ အကူအညီ တောင်းမှုကြောင့်..

ကျော်ထက်အောင်က..

” ဟုတ်ကဲ့ပါဗျာ..။ အခုဆိုရင်ဖြင့်..ကျတော့်ရဲ့ လက်ထဲမှာ…မီးသတ်ဌာနက ဖုန်းနံပါတ်တွေဟာ..ရောက်ရှိလို့ နေပါပြီ..”

” ဒုတ်ဒုတ်…ဒုတ်ဒုတ်..”( ကျော်ထက်အောင်ဆီက ရင်ခုန်သံ)

ဆက်လက်ပြီးတော့..

ကျော်ထက်အောင်မှ..

” ဟုတ်ကဲ့ပါ..မကြာခင် အချိန်အတွင်းမှာ ဆိုရင်ဖြင့်…

အန်ကယ်ဦးသိန်းတန်တို့ဆီ အကူအညီပေးရအောင်..မီးသတ်ဌာနတွေကို..အကြောင်းကြားပေးတော့မှာ…ဖြစ်ပါတယ်ခင်ဗျာ..”

ထိုစဥှ..

ဦးသိန်းတန် ဆီမှ..

ဖုန်း ပြန်ဝင်လာပြန်သည်

” ဟေးး..မောင်ကျော်ထက်အောင်..မင်း အကြောင်းမကြားသေးဘူးလားကွ..အဟွတ်အဟွတ် အဟွန်းးး..”

” ဟုတ်ကဲ့ပါ အန်ကယ် ။ အခုပဲ အကြောင်းကြားပေးတော့မှာပါ..”

” အေး..မြန်မြန်လေး လုပ်ပါ မောင်ကျော်ထက်အောင်ရေ ။ ဒီမှာ..အန်ကယ်တို့လင်မယား အသက်ရှူနေရတာ ဆိုရင်ဖြင့်..

တဖက်က ဖုန်းချသွားသည်..

ဒီတော့..ကျော်ထက်အောင်လည်း..

မီးသတ်ဌာနတစ်ခုရဲ့..

ဖုန်းနံပါတ် တစ်ခုကို ခေါ်လိုက်ပြီး…

” ဟယ်လို..”

” ဟုတ်ကဲ့..အမိန့်ရှိပါခင်ဗျာ ။..မီးသတ်ဌာနကပါ ။ဘာများ ကူညီရမလဲ ခင်ဗျာ..”

ဤအခါ

ကျော်ထက်အောင်မှ..

အသံဩဇာ အပြည့်ဖြင့်..

စကားကို တစ်လုံးချင်း…

” ဟုတ်..ကဲ့…ကျေးဇူးပြု၍…. မီးလေး……. တစ်ချက်လောက်………. ငြိမ်း….ပေး….ပါ……..လား ဗျာ…”

” ဟာ..ငါလခွမ်း..”

” တီ..”

” ဟာ..”
မီးသတ္ဌာနက

ဖုန်းချသွားလေတော့သည်..😁

#လူချွန်တော်