ထိုင်းနိုင်ငံ စမုစခွန်ခရိုင်၊ တလာကုပုဇွန်ဈေးအနီးလူနေဆောင်များတွင် အသွားအလာကန့်သတ်ခံထားရသော
မြန်မာရွှေ့ပြောင်းလုပ်သား အိမ်ခန်း (၁၃၅၀) ခန်းနှင့် ထလေထိုင်းငါးဈေးအနီးရှိ အိမ်ခန်း (၃၆၀) ခန်းတို့ကို မြန်မာနိုင်ငံတော်အစိုးရမှ ပြီးခဲ့သည့် ၂၃ ရက်နေ့တွင် စားသောက်ကုန်များထောက်ပံံံ့ခဲ့သည်ဟု ဗန်ကောက်အခြေစိုက် အလုပ်သမားသံအရာရှိရုံးစာမျက်နှာတွင်ဖော်ပြထားသည်။
ထို့သို့ထောက်ပံ့ရာတွင် ဆန် ( ၅ ကီလို) ၁၇၁၀ အိတ်၊ ဆီ (၁ လီတာ) ၁၇၁၀ ဘူး၊ ပဲ (၅ဝဝဂရမ်) ၁၇၁၀ အိတ်၊ ကြက်ဥ (၁၅လုံးကတ်)၁၇၁၀ ကတ်၊ စည်သွတ်ဘူး (၁၅၅ ဂရမ်၊ ၁ဝဘူးတွဲ) ၁၇၁၀ တွဲ၊သောက်ရေသန့် (၆ လီတာ) ၁၁၉၇၀ ဘူးပါဝင်သည်ဟု သိရသည်။
အဆိုပါစားသောက်ကုန်များကို ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီးဦးမျိုးမြင့်သန်းနှင့်သံရုံးဒုတိယအကြီးအကဲ ဦးစန်းဦးမောင်တို့မှဦးဆောင်ပြီး သွားရောက်ပေးအပ်ခဲ့သည်ဟု ဖော်ပြထားသည်။
ဘယ်ခေတ်ကမှ မရှိဖူးခဲ့သော ထိုင်းရောက်မြန်မာတွေကို အမေစု အစိုးရလက်ထက်မှာ ဆန်၊ဆီ၊ရိက္ခာမျိုးစုံထောက်ပံ့ပေးခြင်းနှင့် ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံးသံအမတ်ကြီးဦးမျိုးမြင့်သန်း ၏မဟာချိုင် အလုပ်သမားထုကြား နယ်မြေဆင်းအားပေးခြင်း ဒုတိယအကြိမ်ခရီးစဉ် သံအမတ်
ကြီးဘာတွေ ပြောသွားလဲ….
Video ဖိုင်ကို ပြီးအောင်ကြည့် အရေးကြီးတာတွေ ပြောသွားတယ်….
အစိုးရကောင်းလက်ထက်မှာ ပြည်ပရောက်မြန်မာတွေအရေး အလေးထားလာတာကိုကြိုဆိုပါကြောင်း…..
မူရင်း : အလုပ်သမားသံအရရှိရုံး
ဓာတ္ပံု: အလုပ္သမားသံအရာရွိရံုး
သတင်း : ရွှေကရင် (ရာမညမြေ)
Myanmarlive
unicode
အမေလာပြီ!ထိုင်းရောက်လုပ်သား ၁၇၁ဝ မိသားစုကိုမြန်မာအစိုးရစားသောက်ကုန်ထောက်ပံ့
ထိုင်းနိုင်ငံ စမုစခွန်ခရိုင်၊ တလာကုပုဇွန်စျေးအနီးလူနေဆောင်များတွင် အသွားအလာကန့်သတ်ခံထားရသော
မြန်မာရွှေ့ပြောင်းလုပ်သား အိမ်ခန်း (၁၃၅၀) ခန်းနှင့် ထလေထိုင်းငါးစျေးအနီးရှိ အိမ်ခန်း (၃၆၀) ခန်းတို့ကို မြန်မာနိုင်ငံတော်အစိုးရမှ ပြီးခဲ့သည့် ၂၃ ရက်နေ့တွင် စားသောက်ကုန်များထောက်ပံံံ့ခဲ့သည်ဟု ဗန်ကောက်အခြေစိုက် အလုပ်သမားသံအရာရှိရုံးစာမျက်နှာတွင်ဖော်ပြထားသည်။
ထို့သို့ထောက်ပံ့ရာတွင် ဆန် ( ၅ ကီလို) ၁၇၁၀ အိတ်၊ ဆီ (၁ လီတာ) ၁၇၁၀ ဘူး၊ ပဲ (၅ဝဝဂရမ်) ၁၇၁၀ အိတ်၊ ကြက်ဥ (၁၅လုံးကတ်)၁၇၁၀ ကတ်၊ စည်သွတ်ဘူး (၁၅၅ ဂရမ်၊ ၁ဝဘူးတွဲ) ၁၇၁၀ တွဲ၊သောက်ရေသန့် (၆ လီတာ) ၁၁၉၇၀ ဘူးပါဝင်သည်ဟု သိရသည်။
အဆိုပါစားသောက်ကုန်များကို ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီးဦးမျိုးမြင့်သန်းနှင့်သံရုံးဒုတိယအကြီးအကဲ ဦးစန်းဦးမောင်တို့မှဦးဆောင်ပြီး သွားရောက်ပေးအပ်ခဲ့သည်ဟု ဖော်ပြထားသည်။
မူရင်း : အလုပ်သမားသံအရရှိရုံး
ဓာတ်ပုံ: အလုပ်သမားသံအရာရှိရုံး
သတင်း : ရွှေကရင် (ရာမညမြေ)
Myanmarlive