ဗဟုသုတ

“လူရှင်းရင် ပြီးရောဆိုပြီး ချုံတိုးနေကြတဲ့ စုံတွဲတွေအတွက် စေတနာနဲ့ ဒဲ့ရေးသည်….”

ဒီ ပို့စ် ဖတ်မိတဲ့ မြန်မာ မိန်းကလေး တိုင်းအမှားအမှန် သင့် မသင့် ချင့်ချိန်နိုင်ပါစေအချစ် ဆိုတာလူသားတိုင်း မကင်းဘူးထင်ပါတယ်အရှက်တ ရားကင်းမဲ့တဲ့ လုပ်ရပ်တွေက အချစ်စစ် မဟုတ်ဘူးထင်ပါတယ်။

မိမိ မိသားစု အသိုင်းအဝိုင်းရဲ့ နိမ့်ကျမှု့ကိုပြ သ ပေးနေသလိုပါဘဲ တက္ကသိုလ် ဝန်းကျင်မှာရှိတဲ့ မိန်းကလေး အများစု သတိပြု့သင့်ပါတယ် ရဲ တွေက လူဆိုး သူခိုး ဖမ်းဖို့ထက် လူတေ ာ်သ လင်း အတွဲ တွေဖမ်းနေရသလိုဖြစ်နေတာ မ ကောင်းပါဘူး ။

စိတ်ပျက်စရာပါ ရဲ aတွက အလုပ်အား အ ချိန်ပိုလို့ ဒီလို လိုက်ပြီး ဖမ်းဆီး ပညာပေး နေတာမ ဟုတ်ပါဘူး ချုံမြင်တိုး စုံတွဲ များ ရဲစခန်း ကို မရောက်ချင်ဘူးဆိုရင် ရဲ ပြောတဲ့စကားကို နား ထောင်ပေးပါ။

မောင်တို့ ..မယ်တို့ ..အနေနဲ့ လူငယ် သဘာ၀ ချိ န်းဆိုတွေ့ဆုံခွင့် အပြည့်အ၀ ကိုယ်စီရှိပါတယ်။ ဒါပေမဲ့ ကိုယ်ချစ်ရတဲ့သူကို လူသူ အသွားအလာပြတ်တဲ့ ချုံကြို ချုံကြားနေရာတွေမှာ ခေါ်မသွားသင့်ဘူး။ချုံတိုးပြီး။

ချိန်းတွေ့တဲ့ စုံတွဲ အချစ် က ချုံတိုး စုံတွဲ အ ချ စ် ဘဲဖြစ်မယ် ။ ကိုယ့်ချစ်သူ ကို ကိုယ်တန်းဘိုးထား မြတ်နိုးရာမရောက်ဘူး။ အချစ်အကြောင်းကို စဉ်းစားလာကြပြီဆိုရင် လူကြီးလူကောင်း ဆန်ဆန် အိန္ဒြရေရ ချိန်းတွေ့ကြပါ။

ရပါ၏ ။နောက်ပြီး မောင်တို့ မယ်တို့ဟာ တိုင် းပြည် ရဲ့ အနာဂါတ်ကြယ်ပွင့်များဖြစ်တာကြောင့် အခုကတည်းက အဆင့်အတန်းရှိရှိ တွေးခေါ်မျှော်မြင်တတ်တဲ့ အလေ့အဓကောင်း များကို မွေးမြုလေ့ကျင့်ကြရမယ် ။

ကိုယ့်ဆန္ဒတစ်ခုတည်းကို ရှေ့တန်းတင်ပြီး ချုံတိုးလို့ ချိန်းဆိုတွေ့ကြတဲ့ အတန်းအစားထဲမှာ မောင်တို့ မယ်တို့ မပါစေချင်ဘူး ။ ချုံတိုးပြီး စုံဖက်သွားတဲ့ အတွဲဆိုတာ ဘယ်တော့မှ တည်တန့်သွားတယ်ဆိုတာ မရှိဘူး။

ဘာကြောင့်လဲဆိုတော့ နှစ်ဦး နှစ်ဘက်စလုံးဟာ ချုံမြင်လျင် တိုးချင်ကြလို့ဘဲဖြစ်တယ် ။အဲ့ဒီလို ချုံမြင် တိုး စုံတွဲ တွေကို ပစ်မှတ်ထားပြီး လူ သ တ် လုယက်နေတဲ့ ဒုစရိုက်သမား များရှိနေတ ယ်။

တက္ကသိုလ်စုံတွဲများကို ဓားထောက် တိုက်ခိုက်ပြီး ပစ္စည်းလုယက်မှုများကြောင့် ကျောင်းသား အချို့ အသက်ဆုံးရှုံးခဲ့ရတဲ့ ဖြစ်စဉ်တွေ အများအပြားရှိတယ်။၂၀၀၂ တုန်းက မုံရွာ နန္ဒဝန်ရပ်ကွက် စည်သူလမ်းမှာ တစ်မှုဖြစ်ခဲ့တယ်။

အသက်မသေဘဲ နာကျင်ဒဏ်ရာရခဲ့တဲ့ စုံတွဲများကတော့ မကြာ မကြာဘဲ ..။မိတ္ထီလာ တက္ကသိုလ် စုံတွဲ ဆို ကောင်လေး ဖြစ်သူက အသက်ဆုံးခဲ့တယ်၊ကျောက်ဆည်၊ စဉ့်ကိုင်၊ မန္တလေးတောင် စုံတွဲများကတော့ ပစ္စည်း တွေပါပြီး လူတွေက နာလို့ကျန်ခဲ့တယ်။

အဲ့ဒီလို စုံတွဲလုယက်မှုဖြစ်စဉ်တွေ မုံရွာလည်း ၂ ၀ ၁၆ ထဲမှာ နှစ်မှုဖြစ်ခဲ့တယ်။ ဖြစ်ပွားခဲ့တဲ့ လု ယက်မှု နှစ်မှုလုံးကို ချက်ချင်းဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့တယ်။ မောင်တို့ မယ်တို့သာ ချုံမတိုးဘူဆိုရင် ဒီလိုပြသနာက ဖြစ်လာစရာ အကြောင်းမရှိဘူး..။ချုံမြင်တိုး စုံတွဲ များဟာ အမှုအခင်း တွေဖြစ်ပွားပြီဆိုမှာတော့ မဖြစ်မနေ ရဲစခန်း ကို ရောက်ရတော့တယ် ..။ကောင်းကြသေးရဲ့လား ။

ထိုင်ရှက်ရမဲ့ ကိစ္စက အမှုအခင်းဖြစ်တော့ ထပြီးရှက်ကြရတယ် ..။ထိုင်ပြီးရှက်ရမဲ့ ကိစ္စကို ထပြီးမရှက်ချင်ဘူးဆိုရင် မောင်တို့ မယ်တို့ ရဲပြောတဲ့စကားကို နားထောင် ပါ .. ချုံမြင်တိုင်း မတိုးကြပါနဲ့။

မောင်ရင်းနှမလို စိတ်သဘောထားပြီး ပြေ ာချင်းဖြစ်တယ် ..။မောင်တို့ ..မယ်တို့အနေနဲ့ ရဲ စကားကိုနားထောင်ပေးရင် .. ရဲစခန်း ကို လာစရာမလိုဘူး ။ အခုလို အချိန်ကုန်ခံ ..ငွေကုန်ခံ ပြောပြတာဟာ မောင်တို့ မယ်တို့ကို ချစ်လို့ပြောတယ် မှတ်ပါ ။