ဗဟုသုတ

ကိုဗစ်ကာကွယ်ဆေးဟာ ၅ဒေါ်လာ သာပေးရလို့ အပေါစားဆေးလို့ ထင်နေကြသူများနှင့် မယုံကြည် သူများသိစေရန်👇ဖတ်ပြီးရှယ်ပေးပါဦးနော်

မဂ်လာပါပရိတ်သတ်ကြီးရေ မြန်မာပြည်ရောက် ကိုဗစ် ကာကွယ်ဆေး ကို အပေါစား လို့ ထင်နေကြသူများနှင့် မယုံကြည်သူများ သိကြစေဖို့

အမှန်တိုင်းပြောရရင် မြန်မာနိုင်ငံမှာ ကိုဗစ်ကာကွယ်ဆေးကို အဲ့ဒီလောက် မြန်မြန်ဆန်ဆန် ထိုးခွင့်ရမယ်လို့ မထင်ထားခဲ့ပါဘူး။

ဟိုအရင်က ကြားခဲ့တဲ့ သတင်းတွေမှာက တည်းက အစောဆုံး ၄ လပိုင်းလောက်လို့ပဲ သိထားခဲ့တာပါ။နောက်ပိုင်း ထပ်ကြားလာခဲ့ ရတဲ့သတင်းတွေအရတော့ မြန်မြန်ရတော့မယ်ဆိုတာတော့ သိလာခဲ့ရပါတယ်။

ဆေးပညာသမိုင်းမှာတော့ ကိုဗစ်ကာကွယ် ဆေးက တော်တော်လေးထူးခြားတယ် လို့ပြောလို့ရပါတယ်။ ကိုဗစ်ရောဂါ စပေါ်ပေါ်ချင်း၊ ပိုးရဲ့မျိုးရိုးဗီဇကို စသိသိ ချင်းမှာကတည်းက ကာ ကွယ်ဆေးကို နိုင်ငံအသီးသီးက ဆေးကုမ္ပဏီကြီးတွေ သူ့ထက်ငါ အပြိုင်အဆိုင် ထုတ်ဖို့ကြိုးစားခဲ့ကြပါတယ်။

ပုံမှန်လုပ်ရိုးလုပ်စဉ် အတိုင်းဆို ကာကွယ်ဆေးအသစ်တစ်မျိုးထွက် ဖို့ဆိုတာ အနည်းဆုံးတစ်နှစ်ကျော်ကျော် လောက်အထိ အချိန်ယူရတာကြောင့် ၂၀၂၁ နှစ်လယ်လာက်မှပဲ ကာကွယ် ဆေးရနိုင်မယ်လို့ခန့် မှန်းခဲ့ကြပါတယ်။

နောက်ပိုင်းတော့ တိုးတက်လာတဲ့နည်းပညာအကူအညီရယ်၊ ပိုးရဲ့ကူးစက်နှုန်းက အရမ်းများနေတာရယ်ကြောင့် ဆေးထုတ်လုပ်မှု၊ စမ်းသပ်မှုအဆင့်တွေကို ကျော်ပစ်ပြီး၊ အချိန်တွေကိုချုံ့ပစ်တာတွေလုပ်ခဲ့တယ်။

အဲ့ဒီလို Risk တွေယူပြီး ထုတ်လုပ် လိုက်ကြတာ ၂၀၂၀ နိုဝင်ဘာလကုန်လောက်မှာ ဆေးတစ်မျိုး စပြီးပေါ်တယ်။ ဒီဇင်ဘာလ လယ်ပိုင်းလောက်မှာတော့ စပြီးထိုးနိုင်ခဲ့တယ်။

နောက်ပိုင်းမှာလည်း နောက်ထပ်ဆေးအသစ်တွေ ဆက်တိုက်ထွက်လာခဲ့တယ်။ ဒီနေရာမှာ ကပ်ရောဂါဆိုတာ တကမ္ဘာလုံးနဲ့သက်ဆိုင်တာဖြစ်လို့ ဆင်းရဲချမ်းသာကွာဟမှုကြောင့် ကာကွယ်ဆေးနောက်ကျမှထိုးရတဲ့နိုင်ငံတွေမရှိရအောင် COVAX နဲ့ GAVI လိုအဖွဲ့ကြီးတွေက တာဝန်ယူခဲ့ကြပါတယ်။

သူတို့ရဲ့မူဝါဒအရ ကမ္ဘာ့နိုင်ငံတိုင်းမှာ လူဦးရေရဲ့အနည်းဆုံး ၂၀% ဟာ ကာကွယ်ဆေးအခမဲ့ရရှိဖို့ရယ်၊ ဆင်းရဲတဲ့နိုင်ငံတွေအတွက် ဆေးတွေကိုသက်သာတဲ့ စျေးနဲ့ဝယ်နိုင်ဖို့ရယ် လုပ်ပေးနိုင်ခဲ့ပါတယ်။

ဒါကြောင့် အခုမြန်မာနိုင်ငံကရတဲ့ဆေးက ၅ ဒေါ်လာအောက်ပဲ တန်တယ်ဆိုလို့ အပေါစားဆေးလို့တော့ လုံးဝမထင်လိုက်ပါနဲ့ ။

Oxford တက္ကသိုလ်နဲ့ Astra Zeneca ဆေးကုမ္ပဏီတို့ အတူတကွ ပူးပေါင်းထုတ်လုပ်တဲ့ဖော်မျူလာအတိုင်း အိန္ဒိယနိုင်ငံက Serum Institute of India မှာထုတ်လုပ်ထားတဲ့ Covishield ဆိုတဲ့ဆေးပဲ ဖြစ်ပါတယ် ။

မြန်မာအစိုးရ ခေါင်းဆောင် တွေရဲ့ သံတမန်အရခင်း ကြိုးစားမှုတွေကြောင့် ခုလောက်မြန် မြန်ဆန်ဆန်ရတယ် ဆိုတာကတော့ ပြောစရာမလို လောက်အောင် သေချာလွန်း ပါတယ်။

တဆက်တည်းအားလုံး သိအောင် ​ပြောချင်တာကတော့ မည်သည့် ဆေးမဆို ဘေးထွက်ဆိုးကျိုး ဆိုတာ အနည်းနဲ့အများရှိပါတယ်။ ခုလို အလောတကြီး မဖြစ်မနေ ထုတ်လိုက်ရတဲ့ဆေးတွေဆို ပိုလို့တောင်ရှိနိုင် ပါသေးတယ်။

ဒါပေမယ့် တကမ္ဘာလုံးက လက်ခံထားတဲ့ နည်းပညာတွေ အတိုင်း စနစ်တကျ စမ်းသပ်ထုတ်လုပ် ထားတာဖြစ်လို့ “ထိုးရင်အန္တရာယ်ရှိလားဟင်” ဆိုတဲ့မေးခွန်းကတော့ မေးဖို့ကိုမသင့်တဲ့မေးခွန်းပါ။

ကိုဗစ် ကာကွယ်ဆေးထိုးဖို့ အလှည့်ကတော့ အနှေးနဲ့အမြန် ကိုယ့်ဆီ ရောက်လာမှာပါ။ တကယ်လို့ မယုံရင် မထိုးကြပါနဲ့။ ကြောက်ရင် လည်း မထိုးကြပါနဲ့။

ဘယ်ကျန်းမာရေးဝန်ထမ်းကမှ သင့်ကို အတင်း ဖမ်းချုပ်ပြီး ထိုးပေးမှာမဟုတ်ပါဘူး။ ကိုယ်အထိုး မခံချင်ရင် ငြင်းလိုက်ပါ။ ယုံကြည်တဲ့သူတွေ ထိုးကြပါလိမ့်မယ်။ (Dr. Okka Kyi Winn)

အခုလို ဝင်ရောက် ဖတ်ရူ့ပေးကြတဲ့ ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်သော နေ့ရက်များကို သက်ဆုံးတိုင် ပိုင်ဆိုင်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

c r d