မဂ်လာပါပရိတ်သတ်ကြီးရေ
ပဲခူးမြို့အနီးတွင် ဆန်းပြားသည့် ဖရဲသီးပုံစံ သံဃာတစ်ပါးကျောင်းများ တည်ဆောက်တော့မည်
ပဲခူးတိုင်း ဒေသကြီး၊ ပဲခူးဆယ်မိုင်ကုန်း အနီးတွင်ရှိသည့် လုမ္ဗိနီဓမ္မဥယျာဉ် သာသနာ့ရိပ်သာတွင် ဖရဲ သီးပုံစံတစ်ပါး ကျောင်းဆောင် များ တည်ဆောက်သွားရန် စတင် စီစဉ် နေပြီ ဖြစ်ကြောင်း လုမ္ဗိနီဓမ္မ ဥယျာဉ် သာသနာ့ ရိပ် သာဆရာတော်၊ အ မေရိကန်နိုင်ငံ ဗားဂျီနီးယားပြည်နယ်၊ Richmond မြို့သို့ ခေတ္တရောက်ရှိနေ သည့် အရှင်နာဂသေနက မိန့်ကြားခဲ့ သည်။
အဆိုပါ ဖရဲသီး သံဃာတစ်ပါးကျောင်းဆောင် များကို ပဲခူးဆယ်မိုင်ကုန်း၊ ကျောက်တန်းစံပြ ကျေးရွာတွင် ရှိသည့် လက်ရှိရိပ်သာဝင်းအတွင်း တည်ဆောက်သွားမှာ ဖြစ်ပြီး အကောင် အထည်ဖော် တည်ဆောက်ရန် မြေ နေရာ နှင့် တည် ဆောက် မှုကုန် ကျငွေ ကျောင်းဆောင်တစ်ခုချင်းစီအတွက် အလှူရှင်များ လှူဒါန်းနိုင်ရန် စတင် လုပ်ဆောင်နေပြီ ဖြစ်ကြောင်း သိရသည်။
” တည်ဆောက်ခြင်းလုပ်ငန်းကတော့ မစသေးဘူးပေါ့။ အဲဒါတွေကို စဖို့က အလှူရှင်တွေ စုဆည်းနေတာပါ။ ဖရဲသီး တစ်ပါးကျောင်းလေးတွေပါ။ ဆောက်မှာက မြေနေရာ လမ်းဟိုဘက်ဒီဘက်ကို အခြေအနေကြည့်ပြီ ၁၀ လုံးကျော်ကျော်လောက် တည်ဆောက်သွားဖို့ မှန်းထားပါတယ်။
၂၀၂၁ နှစ် အတွင်းမှာပဲအပြီး ဆောက်သွားမှာပါ။ တစ် ဆောင်ကို ကျပ်သိန်း ၈၀ ကုန်ကျပါမယ်။ ဒီဇိုင်းပုံစံလေးတွေက အင်ဂျင်နီယာဆွဲ ပေးထားတာပါ။
ရိပ်သာမှာ တရားအား ထုတ်နေထိုင်တဲ့ အဆောက်အအုံပုံစံ မျိုးစုံရှိတာက ဘုန်းဘုန်းကတခြားနိုင်ငံတွေ ကို သာသနာပြုလုပ်ငန်းတွေ ကြွလေ့ရှိတော့ မြင်ရတဲ့အမြင်အပေါ် ကိုယ့်ရိပ်သာ ကသာသနာ့ပြုလုပ်ငန်းတွေမှာ ပြန်လည် ဖန်တီးစိတ်ကူးပုံဖော် တာပါ။
မြန်မာပြည် က ရိပ်သာမှာ လုပ်ငန်းတွေလုပ်ဖို့က အခု ဘုန်းဘုန်းက အမေရိကရောက်နေလို့ပါ။ နောက်ထပ် နာယကဆရာတော် တစ်ပါးကလည်း သြစီရောက်နေလို့ပါ။
မြန်မာပြည် ပြန်ကြွ ဖို့က ကိုဗစ်ကြောင့် ပြန်မကြွနိုင်သေးတာပါ။ အမေရိက မှာလည်း ကျောင်းဆောက် သာသနာ ပြုလုပ်ငန်းတွေ လုပ်ဖို့ ဆောင်ရွက်နေပါတယ်” ဟု ဆရာ တော်အရှင်နွယ်သာကီက မိန့်ကြားခဲ့ပါသည်။
လက်ရှိတွင် လုမ္ဗိနီဓမ္မဥယျာဉ် သာသနာ့ ရိပ် သာအနေဖြင့် ကိုဗစ်ကာလအချိန် ဖြစ်ခြင်းကြောင့် ရိပ်သာအတွင်း ရိပ်သာဖွင့်ခြင်းကို ယာယီပိတ်ထားပြီး ကိုဗစ်ကာလအလွန်တွင် ပြန်လည် ဖွင့်လှစ်ရန် စိတ် သန့်စင်ရေးစင်တာများလည်း ပြင်ဆင် ဆောင်ရွက် ထားဖြစ် ကြောင်း နှင့်
လက်ရှိအချိန်တွင် အမေရိကန်နိုင်ငံ ဗားဂျီးယား ပြည်နယ်၊ Richmond မြို့တွင် ဖွင့်လှစ်ထားကာ တနင်္ဂနွေ နေ့ရက်များ၌ ရိပ်သာ တွင် တရားအားထုတ် ကြသူများ အနည်းငယ် ရှိကြောင်းသိခဲ့ရပြီး
ဆရာတော်မှ မြန်မာနိုင်ငံသားများအတွက် Covid-19 ကာကွယ်ဆေး အလှူထောက်ပံ့ ပေးနိုင်ရန် ဗားဂျီးနီးယားရောက် ဆရာတော်များက အလှူရှင် များလှူဒါန်းမကြဖို့တိုက်တွန်းလုပ်ဆောင် ပေးနေကြောင်းလည်း သိခဲ့ရပါသည်။
အခုလို ဝင်ရောက် ဖတ်ရူ့ပေးကြတဲ့ ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်သော နေ့ရက်များကို သက်ဆုံးတိုင် ပိုင်ဆိုင်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။
credit pyi myanmar