News

မြန်မာနိုင်ငံက ရှားရှားပါးပါး ထူးခြားလွန်းတဲ့ မိဘမဲ့ဂေဟာလေးအကြောင်း

ပရိသတ်ကြီးတို့ကို ဒီတခါပြောပြပေးချင်တာကတော့ ထူးခြားတဲ့ မိဘမဲ့ဂေဟာလေး တစ်ခုအကြောင်းပါ။အဆုံးထိဖတ်ကြည့်ပေးနော် သဘောကျလွန်းတဲ့ မိဘမဲ့ ဂေဟာလေးတစ်ခုမို့ပါ။အဲ့ဒီမိဘမဲ့ဂေဟာမှာဦးစီးတဲ့ ဘုန်းဘုန်းကငယ်ရွယ်ပြီး ခေတ်အမြင်လည်းရှိတယ်။

ကလေးတွေကိုကြည့်လိုက်ပြန်ရင်လည်း ပျော်ရွှင်တက်ကြွနေကြတာပဲ။ကလေးတွေကိုကျွေးတာက ဘူဖေးအဝစား အမုန်းဆွဲစနစ် ရံဖန်ရံခါငါးကင်စားတယ် ဘာဘီကျူးလုပ်စားကြတယ်တဲ့ အထိမ်းအမှတ်နေ့တွေဆို ပျော်ပွဲစားလုပ်ကြတယ် အစားအသောက်တွေကတော့ အလျှံအပယ်ပဲ။

အဲ့ဒီဂေဟာလေးမှာပဲ စာတွေသင်ပေးတဲ့အပြင် ကလေးတွေအတွက် ဂီတသင်တန်းရှိတယ် အဆို၊အတီး၊အကဆရာတွေကိုပါခေါ်ပြီး သေသေချာချာသင်တာ ကလေးတွေကတကယ်တီးတတ် ဆိုတတ်တယ်။တူရိယာပစ္စည်းတွေလည်း စုံနေတာပဲ။

အခုဆောက်လုပ်နေတဲ့ သုံးထပ်ဆောင်ကြီးပြီးရင် အပေါ်ထပ်မှာကလေးဇာတ်သဘင်လေး ထောင်ထားမလို့တဲ့။ကလေးတွေရဲ့ စိတ်ဒဏ်ရာနေရာမှာ အနုပညာနဲ့အစားထိုးမယ်တဲ့လေ။ကလေးတွေပဲ ဆိုတီးကခိုင်းလို့ကတော့ ကိုင်းဟေးလားမောင်ရို့ဝါးပဲ။

ခုလည်းဆိုင်ကယ်အစုတ်တွေ ဝယ်စုနေပြန်တယ်တဲ့ ဘာလုပ်မလို့လဲဘုန်းဘုန်းဆိုတော့ ကလေးတွေကို ဝပ်ရှော့သင်ပေးမလို့တဲ့ ဆိုင်ကယ်ပြီးရင် ကားပြင်သင်ပေးမယ်တဲ့။ကွန်ပျူတာခန်းမှာလည်း တကယ်လက်တွေ့ အသုံးချသင်တန်းတွေ

ကလေးတွေဉာဏ်မီသလောက် သင်ပေးတာကိုတွေ့ရတယ်။ရှေ့သုံးလေးလလောက်ဆိုရင်တော့ ကလေးတွေကိုယ်တိုင်လုပ်တဲ့ ဖိတ်စာ၊ဗီနိုင်း၊ကွန်ပျူတာ စာစီစာရိုက်ဆိုင်လေးဖွင့်တော့မယ်တဲ့။ဂေဟာတစ်ခြံလုံးမှာ ပန်းတွေစိုက်ပျိုးထားတာ စိတ်ကိုအေးချမ်းနေရောပဲ။

သစ်ခွတွေဆိုတာလည်း အများကြီးရယ်။အခုမှိုစိုက်မလို့တဲ့ ခြံလည်းထပ်ဝယ်ပြီးချဲ့ထားတယ်။အသီး၊အရွက်တွေ စိုက်မလို့တဲ့ ကလေးတွေကို အပင်ချစ်တတ်အောင်ရယ်၊စားဖို့စရိတ်ကာမိအောင်ရယ်တဲ့။အာဇာနည်ကိုးဦးရဲ့အကြောင်းကိုလည်း ကလေးတွေရင်ထဲ ထည့်ပေးထားတာကို တွေ့ရတယ်။

အမှိုက်တွေကို စည်းနဲ့ကမ်းနဲ့သူ့အကန့်နဲ့သူ စွန့်ပစ်တာကိုလည်းတွေ့ခဲ့ရတယ်။နေ့လည်ခင်းကော်ဖီသောက်တဲ့ နေရာလေးကလည်း စိတ်ချမ်းသာစရာလေး။အိမ်သာဆိုရင်လည်း အီးအီးပါပြီးရင် ပြန်တောင်မထွက်ချင်ဘူး အိမ်သာလေးကသာယာလို့လေ။

ကလေးတွေအဝတ်လျှော်ဖို့ အဝတ်လျှော်စက်လည်းရှိတယ်။ဆောင်းတွင်းအတွက် မွေ့ယာ၊စောင် အလုံအလောက်ရှိတယ်။ကစားစရာအလုံအလောက်ရှိတယ်။ညနေဘက်ဆိုကလေးတွေ စက်ဘီးတွေထွက်နင်းကြတယ်။ပရိသတ်ကြီးတို့ ဒီဂေဟာကိုသွားရင်

စိတ်အားငယ်နေတဲ့ ကလေးတွေကို တွေ့ရမှာတော့မဟုတ်ဘူး။မျောက်ရှုံးအောင်ဆော့နေတဲ့ ပျော်နေကြတဲ့ကလေးတွေကိုပဲ တွေ့မြင်ကြရမှာ။ဒါကြောင့်ကြိုက်တယ်၊ကြွေတယ် ကျွန်တော်လှူတယ် ဒါမျိုးဂေဟာကို ဘာလောက်ပဲလှူလှူ ပြောင်ပြောင်ရောင်ရောင်ဖြစ်မလာတဲ့

မိဘမဲ့ဂေဟာတွေကို လှူမယ့်အစားကျွန်တော်ကတော့ ဒီလိုဂေဟာတွေကိုပဲ ရွေးလှူပါတယ်။ပရိသတ်ကြီးတို့လည်းလှူချင်ရင် ဘုန်းဘုန်းအကောင့်ကို ဆက်သွယ်ပြီးလှူနိုင်ပါတယ်။ဘုန်းဘုန်းရဲ့KBZ ဘဏ်အကောင့်လည်း တင်ပေးထားပါတယ်။

ကိုယ်တိုင်သွားလှူချင်ရင်တော့ ပဲခူးမြို့၊ဆည်မြောင်းလမ်းဆုံနားက တိုင်းရင်းဆေးရုံသွားတဲ့လမ်းမှာ ဘုန်းဘုန်းရဲ့မိဘမဲ့ဂေဟာလေး ရှိပါတယ်။အရှင်ကုသလ၊ရပ်ကွက်ကြီး(၇/၂)ပဲခူး၊အလင်းစစ်ပညာဒါနခွဲ(၁) နတ်သျှင်နောင်(၃)လမ်း၊ဥဿမြို့သစ်

ကိုယ်တိုင်သွားကြည့်နိုင်ရင် ပိုပြိီးစိတ်ချမ်းသာမှာဖြစ်ပါ​တယ်နော်။မြန်မာနိုင်ငံမှာက ငတ်ပြတ်စုတ်ပြတ် ဒုက္ခရောက်နေပါတယ်ဆိုတဲ့ မိဘမဲ့ဂေဟာပိုစ့်တွေကို ဝိုင်းရှယ်ကြပြီး ဒီလိုစည်းနဲ့ကမ်းနဲ့ ကလေးတွေကို ပြည့်ပြည့်စုံစုံ ပျော်ပျော်ရွှင်ရွှင်ထားတဲ့

ဂေဟာအကြောင်းကိုကျတော့ လူစိတ်ဝင်စားမှု နည်းပါတယ်။ဒီအကြာင်းကို သိတဲ့အခါ တချို့သောဂေဟာတွေဟာ ကလေးတွေကိုကောင်းအောင်မထားတော့ဘဲ စုတ်တီးစုတ်ဖတ်နဲ့ပဲ ထားကြတော့တယ်။တကယ်မရှိဆင်းရဲနေတဲ့ ဂေဟာတွေလည်း ရှိကြမှာပါ

အဲ့ဒီလိုဆိုရင်တော့ တစ်မျိုးပေါ့။ဒီလိုယဉ်ကျေးမှုကို ကျွန်တော်တို့ဝိုင်းဝန်းတွန်းလှန်ကြပါစို့လို့ ပြောချင်ပါတယ်။ပရိသတ်ကြီးတို့လည်း အလှူအတန်းလေးများပြုချင်ရင် သွားလှူလို့ရအောင် ဖော်ပြပေးလိုက်ရပါတယ်။credit