🦠 🇨🇳 #ဝူဟန်လော့ဒေါင်းနှစ်ပတ်လည်။
လွန်ခဲ့တဲ့ တစ်နှစ်တိတိ ဇန်နဝါရီလ ၂၃ ရက်နေ့မနက် ၁၀ နာရီမှာ တရုတ်အာဏာပိုင်တွေဟာ ဝူဟန့်မြို့ကို လော့ဒေါင်းချခဲ့ပါတယ်။
ရောဂါကူးစက်မှုအခြေအနေ မနိုင်မနင်းတွေဖြစ်ခဲ့အပြီးမှာ စုစုပေါင်း (၇၆) ရက်ကြာ လော့ဒေါင်းချပြီး ကိုဗစ်ကိုအမြစ်ဖြတ်ဖို့ကြိုးစားခဲ့ပါတယ်။
ဘာလိုလိုနဲ့ကမ္ဘာကြီးကို Covid-19 ကခြိမ်းခြောက်ခဲ့တာ တစ်နှစ်ပြည့်သွားခဲ့ပါပြီ။ လူ့အသက်ပေါင်းများစွာလည်း ဆုံးရှုံးခဲ့ပါတယ်။
ဒီနေ့ 🇨🇳 တရုတ်အမျိုးသားကျန်းမာရေးကော်မရှင်ရဲ့ကြေညာချက်အရ တရုတ်ပြည်မှာ ကိုဗစ်လူနာအသစ် (၁၀၇) ယောက်တွေ့ခဲ့ပါတယ်။
ရောဂါလက္ခဏာမပြပဲ ကိုဗစ် Positive လူနာက (၉၉) ယောက်ရှိတယ်လို့ဆိုပါတယ်။
စုစုပေါင်း (၂၀၀) ကျော်မှာရှိနေတုန်းပါပဲ။
မနေ့က သောကြာနေ့ကစပြီး ပေကျင်းမြို့မှာ လူအများအပြားကို ကိုဗစ်ရှိမရှိစစ်ဆေးနေပါတယ်။ မနေ့က ပေကျင်းမှာ ကိုဗစ်လူနာအသစ် (၃) ယောက်တွေ့ပါတယ်။
ရှန်ဟိုင်းမြို့မှာလည်း ဆေးရုံဝန်ထမ်းအားလုံးကို ရောဂါရှိမရှိ Test လုပ်နေပါတယ်။ ရှန်ဟိုင်းမှာ အသစ် (၆) ယောက်တွေ့ပြီး ဆေးရုံဝန်ထမ်း (၂) ယောက်ပါပါတယ်။
ရှန်ဟိုင်းမြို့ရဲ့ သမိုင်းဝင် Bund (Waitan) မြစ်ကမ်းနားက လူနေအဆောက်အဦးမှာ ကိုဗစ်လူနာ (၃) ယောက်တွေ့ပြီးနောက် အဲ့ဒီမှာနေထိုင်သူတွေကိုရွှေ့ပြောင်းခိုင်းထားပါတယ်။
ပေကျင်း၊ ရှန်ဟိုင်းတစ်ဝိုက်၊ အရှေ့မြောက်က ဟေလုံကျန်း၊ ကျိလင်း၊ ပေကျင်းတောင်ဘက် ဟေဘေးစတဲ့ပြည်နယ်တွေမှာ ကိုဗစ်ကိုအသည်းအသန်တိုက်စစ်ဆင်နေဆဲပါ။
🇨🇳 တရုတ် CDC ရဲ့အကြီးအကဲ George Gao Fu က ရှိကျားကျွမ်းမြို့မှာ အခုရက်ပိုင်းကူးစက်မှုတွေဖြစ်ခဲ့တာကို mini Wuhan မီနီဝူဟန် အနေအထားနဲ့တင်စားပြောသွားခဲ့ပါတယ်။
ဇန်နဝါရီလ ၂ ရက်နေ့ကတည်းကစရေတွက်ရင် ဟေဘေးပြည်နယ်မှာ ကိုဗစ်လူနာချည်းပဲ (၁၀၀၀) ကျော်သွားပါပြီ။
ဟေဘေးဟာ အခုကူးစက်မှုရဲ့ ဗဟိုချက်စဖြစ်ခဲ့တာမို့ မီနီဝူဟန်လို့ဆိုခဲ့တာပါ။
အခုလိုနေ့စဉ် အနည်းဆုံး ၁၀၀ ကျော်တွေ့နေသေးတာမို့ တရုတ်နှစ်ကူးမတိုင်ခင် တရုတ်ပြည်မှာလွတ်လပ်စွာသွားလာခွင့်ရဖို့ မမြင်သေးပါကြောင်း။
Richard Myo Thant
23-January -2021