News

ကာကွယ်ဆေးထိုးမည့် ဦးစားပေးစာရင်းမှာ သူပါ ဝင်နေလို့ ပြည်သူတွေကို အားနာရတဲ့ အကြောင်းကိုအကျိုးကြောင်း ပြည့်စုံစွာ​ ပြန်ရှင်းပြလိုက်တဲ့ ဒေါ်အောင်ဆန်းစုကြည်

မဂ်လာပါပရိတ်သတ်ကြီးရေ ကိုဗစ် နိုင််ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည့်စုမှ ကာကွယ်ဆေး ဦးစားပေး ထိုးမည့်လူစာရင်းတွင် မိမိပါဝင်နေသဖြင့် ပြည်သူများကို အားနာကြောင်း ပြောကြား

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကိုဗစ်ရောဂါ ကာကွယ်ဆေး ပထမအသုတ် ဦးစားပေး ထိုး မည့် သူများထဲတွင် မိမိပါဝင်နေသဖြင့် ပြည်သူများကို အားနာမိကြောင်း ၎င်း၏ မိန့်ခွန်းထဲတွင် ထည့်သွင်း ပြောကြားခဲ့သည်။

“ကျွန်မတို့က နေပြီးတော့ ဦးစားပေး ရမှာက ကျန်းမာရေး ဝန်ထမ်းတွေ၊ ရှေ့တန်းက ကျန်းမာရေး ဝန်ဆောင်မှု ပေးနေတဲ့ ကျွန်မတို့ရဲ့ ပြည်သူတွေ၊ နောက် ဒုတိယကတော့ အစိုးရ အဖွဲ့ထဲက အဓိက ကျတဲ့ အစိတ်အပိုင်း တွေကို ကာကွယ်ဆေး ထိုးပေးမှာပါ။

အဲဒီလို ပြောရတာ ကျွန်မ နည်းနည်းတော့ အားနာမိတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီထဲမှာ ကျွန်မကလည်း ပါနေတာကိုး။

ဒါကိုလည်း ပြည်သူတွေ အနေနဲ့ နားလည်မှု ပေးနိုင်မယ်လို့ ကျွန်မ မျှော်လင့်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ​ပြောကြားခဲ့တာပဲ ဖြစ်ပါသည်။

အဆိုပါ ကာကွယ်ဆေးများသည် မနက်ဖြန် (ဇန်နဝါရီ ၂၂ ရက်) တွင် မြန်မာနိုင်ငံ သို့ ပထမအသုတ် အလုံးရေ ၁ သန်းခွဲ ရောက်ရှိလာမည် ပဲဖြစ်သည်။

လူတစ်ဦးကို နှစ်ကြိမ်နှုန်း ထိုးရမည် ဖြစ်သဖြင့် လူ ၇ သိန်းခွဲစာအတွက် လုံလောက်ပြီး ကျန်းမာရေး ဝန်ထမ်းများနှင့် အစိုးရ၏ အရေးကြီး ရာထူးတာဝန် ယူထားသူများကိုဦးစားပေး ရရှိမည်ဟု သိရပါသည်။

“ဘာဖြစ်လို့လဲ ဆိုတော့ နိုင်ငံရဲ့ ယန္တရားကြီး လည်ပတ်ဖို့ အတွက်ဆိုရင် ကျွန်မတို့ ဗဟိုအစိုးရနဲ့ တိုင်းနဲ့ပြည်နယ် အစိုးရတွေက ထိထိ ရောက်ရောက် လှုပ်ရှားနိုင်ဖို့ အင်မတန် မှ အရေးကြီးပါတယ်။

သိပ်တော့ လည်း မများပါဘူး ဆိုတာ ထည့်ပြော ပါရစေ။ အဓိက ကျတဲ့ အစိုးရ ဝန်ထမ်းတွေနဲ့ အစိုးရ အဖွဲ့ဝင်တွေ ပေါ့နော်။ အားလုံး ပေါင်းလိုက်ရင် သိပ်လည်း များမှာ မဟုတ်ပါဘူး။ ပထမ အုပ်စုထဲတော့ ကျွန်မတို့ ဝင်သွားပါ လိမ့်မယ်”ဟု နိုင်ငံတော်၏ အတိုင်ပင်ခံက ဆက်လက် ပြောကြားခဲ့သည်။

အဆိုပါ ဦးစားပေး စာရင်းတွင် မကြာမီ လွှတ်တော် စတက် ရတော့ မည့် ပြည်‌ထောင်စု လွှတ်တော်မှ ကိုယ်စားလှယ်များလည်း ပါဝင်မည် ဖြစ်သည်။

နောက်တစ်ဆင့် အနေဖြင့် ပြန့်ပွားမှု များနိုင်သော နေရာများမှ ပြည်သူများနှင့် နိုင်ငံ၏ လုပ်ငန်း လည်ပတ်မှူများ ပုံမှန် ပြန်ဖြစ်ရန် အရေးကြီးသည့် လူပုဂ္ဂိုလ်များကို ထိုးပေးမည်ဟု သိရပါသည်။

လက်ရှိတွင် ကာကွယ်ဆေး ဝယ်ယူရန် ပြည်သူများ လှူဒါန်းထားသည့် ရန်ပုံငွေ ကျပ် ၁၈.၇ ဘီလျံ ရှိနေပြီဟု နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ထည့်သွင်းပြောကြား ခဲ့ပါသည်။

အခုလို ဝင်ရောက် ဖတ်ရူ့ပေးကြတဲ့ ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်သော နေ့ရက်များကို သက်ဆုံးတိုင် ပိုင်ဆိုင်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။c r d