News

အွန်လိုင်းပေါ်မှာမြန်မာစုံတွဲ ကိုယ်တိုင်ရိုက်တွေ တစ် နေ့ကို 10 ကားလောက် နေ့စဉ်မြင်တွေ့နေရတယ် ရေးထားတာတွေကလည်း အမှန်တရားတွေ

အွန်လိုင်းပေါ်မှာမြန်မာစုံတွဲ ကိုယ်တိုင်ရိုက်တွေ တစ် နေ့ကို 10 ကားလောက် နေ့စဉ်မြင်တွေ့နေရတယ်။

အဲဒီကာယကံရှင် တွေရဲ့သားစဉ်မျိုးဆက်..အဲဒီကားတွေ မြင်တွေ့နေကြရမှာပါ။

တချိန်မှာ…ငါ့အဖေတွေ…ငါ့အမေတွေဆိုပြီး…သူတို့သားသမီးတွေလည်းမြင်နေကြ ရမှာဆိုတော့တွေးကြည့်ရင်….ပြသာနာအကြီးကြီးတွေပါ။

မသိနားမလည်တဲ့ ညီမလေးများအတွက် ရည်ရွယ်ပါတယ်။ မြင်ရတွေ့ရတာတွေ စိတ်မကောင်းစရာတွေမို့ပါ။

တစ်နေ့တစ်နေ့ ချက်ဘောက်ရီကွက်စ်ထဲမှာ လာအကြံဉာဏ်တောင်းကြတဲ့ မက်ဆေ့ချ်အများစုမှာ တူညီတဲ့အကြောင်းတစ်ခု ရှိပါတယ်။

ချစ်သူနဲ့ အတူနေ နယ်ကျွံကြတဲ့အခါ မှတ်တမ်းတင်ခံရတဲ့ ကိစ္စတွေကို ဘယ်လိုဖြေရှင်းရမလဲ ဆိုတာပါပဲ။

အချို့ဆို အကြောင်းအမျိုးမျိုးကြောင့် ဒီလူကို ဆက်လက်တွဲဖို့ မဖြစ်နိုင်တော့တာတောင်မှ

ဒီလိုRecordတွေ ပေါက်ကြားမှာစိုးရိမ်လို့ ကြိတ်မှိတ်ရှေ့ဆက်နေရတာတွေ၊ အချို့ဆိုရင်

လုံးဝပြတ်သွားပြီး သူ့စော်နဲ့သူ၊ ကိုယ့်ဘဲနဲ့ကိုယ် ဖြစ်နေတာတောင်မှ လှမ်းခေါ်ရင် သွားအိပ်ပေးရတဲ့

အခမဲ့ပြည့်တန်ဆာဘဝကို ရောက်မှန်းမသိ ရောက်နေရတဲ့ ရင်နာစရာ ဖြစ်ရပ်တွေ တကယ်ကြီးကို ရှိနေတာပါ

အခုနောက်ပိုင်း အင်တာနက်မှာ မကြာခဏ ဆက် Tape တွေ ပျံ့နှံ့ကြပါတယ်။

လူသိများသူတွေရဲ့ ကိစ္စဆို ပိုဝက်ဝက်ကွဲကြသလို လူမသိတဲ့ ကောင်မလေးတွေရဲ့ ဆက် Tapeတွေလည်း Home Madeဆိုပြီး

ယောက်ျားလေးတွေရဲ့ ချက်ဘောက်တွေထဲမှာ ပျံ့နှံ့နေတာတွေ အများကြီးပါ။

ယောက်ျားတွေကို နှမချင်းသားချင်း ကိုယ်ချင်းစာပါ၊ မကြည့်ပါနဲ့ မဖြန့်ပါနဲ့ တားလို့မရသလို ဒါက သူတို့ရဲ့ ကိစ္စဖြစ်သွားပြီး

သူတို့ကိုယ်တိုင် သူများPrivacyကို ချိုးဖောက်ပြီး ချောင်းရိုက်ထားပြီး ဖြန့်ရင်တော့ ယုတ်မာတယ်လို့ ပြောလို့ရပေမယ့်

အကြောင်းအမျိုးမျိုးနဲ့ ပျံ့လာတဲ့ Video Fileတွေကိုတော့ မကြည့်နဲ့ သွားပြောလို့ မရပါဘူး။

မကြည့်စေချင်ရင် မပျံ့စေနဲ့။ မပျံ့စေချင်ရင် မရိုက်နဲ့။ ဒါပဲပျံ့နှံ့လာတဲ့ ဆက် Video တွေအများစုဟာ ခိုးရိုက်ခံရတာ၊

ချောင်းရိုက်ခံရတာထက် တမင်ကို နှစ်ဦးသဘောတူ ရိုက်ထားကြတာတွေ များတယ်။

ယောက်ျားလေးက ကင်မရာကိုင်ပြီး ပေါ်တင်ကြီးကို ရိုက်ထားတာ။

မိန်းကလေးကလည်း အဲ့လို အရိုက်ခံရတာကို လိုလိုချင်ချင်ဟန်ပန်တွေ။ကိုယ့်ချစ်သူကို ယုံတယ်ဆိုတာ အတိုင်းအတာ ရှိပါတယ်

နောက်ဆုံး ချစ်သူက ယုံရတယ်ဆိုရင်အောင် အကြောင်းအမျိုးမျိုးနဲ့ ပေါက်ကြားတာတွေ ဖြစ်တတ်ပါတယ်။

ဥပမာ- ဖုန်းခိုးခံရတာတို့၊ ဖုန်းထဲမှာ ဖျက်ထားတယ်ဆိုပြီး

စိတ်ချမေ့လျော့နေပြီး ဖုန်းပျက်လို့ ပြင်ဆိုင်ပို့ရင်း နည်းပညာကျွမ်းကျင်သူတွေက Recovery ပြန်ဆွဲခံရတာကတဆင့် ပေါက်ကြားတာတို့၊

ချစ်သူချင်း အချစ်နလံထပြီး ချက်ဘောက်က လျှို့ဝှက်အပ်တာတွေ ပို့ကြ၊ အကောင့်အဟက်ခံရတာကတဆင့် အဖြန့်ခံရတာတို့ စသဖြင့်ပေါ့

ဘဝမှာ အမှားတွေ ရှိတတ်ကြပါတယ်။ ပြင်လို့ရတဲ့အမှားရယ် ပြင်လို့မရတဲ့အမှားရယ်၊ မေ့ပျောက်သွားနိုင်တဲ့ အမှားရယ် အရိပ်လိုလိုက်နေမယ့် အမှားရယ်။

အမှားဆိုကတည်းက ရှောင်သင့်တဲ့အရာပါ မရှောင်နိုင်ဘူးဆိုရင်လည်း ကိုယ့်ကိုယ်ကိုယ် ဘယ်လိုနည်းလမ်းနဲ့ မှားမလဲဆိုတာတော့

အသက်သာဆုံးဖြစ်အောင် ရွေးချယ်ရမှာပါပဲလက်မထပ်ဘဲ အတူနေခြင်းကို အားမပေးပါဘူး။

ဒါပေမယ့် ခေတ်ကာလက အဲ့ဒါတွေပြောလို့ ဆေးမတိုးနိုင်တော့ဘူးလားပဲ။

နှစ်ယောက်တစ်ဘဝ ပေါင်းစပ်လက်ထပ်ယူခဲ့ကြသူတွေတောင် အကြောင်းမသင့်ရင် ကွဲကွာတတ်ကြသေးတာ၊

ခန္ဓာကိုယ်ချင်း ရင်းနှီးလိုက်တာနဲ့ တစ်သက်လုံး လက်တွဲသွားကြမယ် ယူဆတာ တော်တော်မှားပါတယ်။

ကိုယ်ကကျူး ကိုယ့်ဒူးတောင် မယုံရတဲ့ခေတ်မှာ ချစ်တယ်ဆိုတဲ့စိတ်တစ်ခုနဲ့ အခြားလူကို ပစ်ယုံဖို့ဆိုတာ တော်တော်ကြောက်စရာကော်းပါတယ်။

လူယုတ်မာဆိုတာ နှဖူးမှာ စာရေးမထားဘူး။

ရုပ်ရှင်တွေထဲကလို အဆီပြန်နေတဲ့ တဏှာရူးရုပ်တွေကမှ လူယုတ်မာမဟုတ်ဘူး။

ကိုယ်သိပ်ချစ်ရတဲ့ ကိုယ့်ရဲ့မင်းသားလေးဟာလည်း အစွယ်ပြူးပြူးနဲ့ ဘီလူးဖြစ်နေနိုင်တာပါပဲအတိုပြောရရင် ငြင်းပယ်ပါ။

ချစ်လို့ အလိုလိုက်တာတောင် အတော်လွန်လှပါပြီ။ ကိုယ့်လည်ပင်းကို စွပ်မယ့်ကြိုးကွင်းကို ကိုယ်တိုင်ယက်ပြီး သူများလက်ထဲအပ်ဖို့အထိတော့ မနုံလိုက်ပါနဲ့။

မနေနိုင်လို့ပါအချစ်ရယ်ဆိုတာမှာ မနေနိုင်တာကို လိုက်လျောတာ ကိုယ့်ကိစ္စပါ။

ကင်မရာကြီးကိုင်ပြီး မနေနိုင်တဲ့အဖြစ်ဆိုရင်တော့ ချက်ကောင်းသာ ဒူးနဲ့ပစ်တိုက်လိုက်ပါ။ နေနိုင်သွားပါလိမ့်မယ်

တစ်ဘဝလုံး စောက်ကျိုးနည်းမယ့်ကိစ္စမို့ တစ်ယောက်ပဲ လက်ခံလက်ခံ မနည်းဘူးလို့ ယူဆလို့ ရေးလိုက်ရပါတယ် ယုန်မလေးတို့ရေ…..။

credit အိပန်ဆယ်လို