News

လမ်းဘေးခွေးစာကိုစားနေရတဲ့ အဘရဲ့ အိမ်ကိုသွားပြီး ကူညီခဲ့တဲ့ Sinon Loresca

ကိုယ်တိုင်က လမ်းဘေးကခွေးစာကိုစားပြီး မိအိုဖအိုတွေကို ပြုစုနေတဲ့ အဘရဲ့အိမ်ကို သွားပြီး ကူညီခဲ့တဲ့အကြောင်း sinonloresca ကခုလိုရေးသားထားပါတယ်

ကျတော် ဒီ အဘိုးအို ခွေး ကလေးတွေ ကျွေးတဲ့ အစာကိုငိုပီးစားနေတဲ့Videoကိုကြည့်ပီး တော်တော်လေးစိတ်မကောင်းဖြစ်မိပါတယ် အရမ်း၀မ်းနည်းမိတယ်

ဘ၀တွေ ကအချို့ လူတွေအတွက် အရမ်းကြမ်းတမ်းတယ်

ဒါနဲ့ ကျဝောာ်သူ့ကိုသွားအကူအညီပေးဖို့သူ့အိမ်ကိုစုံစမ်းပီးသွားခဲ့ပါတယ်

ဒါပေမဲ့သူနဲ့တော့ မတွေ့ခဲ့ရပါဘူး…သူအပြင်ထွက်ပီး အလှူ ခံနေလို့ လို့ ပြောကြပါတယ်

သူ့ရဲ့ အဖေနဲ့ အမေပီးတော့ သူ့ အမျိုးတွေနဲ့တော့ တွေ့ခဲ့ရပါတယ်

ပီးတော့ ကျနော်သူတို့ကို ကျနော်တတ်နိုင်သလောက်ထောက်ပံ့မှုလေးတွေနဲ့ ကူညီခဲ့ပါတယ်

သူ့ အကို တစ်ယောက်က အရင် က ‌စစ်ပွဲကြောင့် ခြေထောက်တစ်ဖက်မရှိတော့ပါဘူး

ကျတော်သူတို့နဲ့ တွေ့ပီး ကူညီ ခွင့်ရတာ အရမ်းပျော်တယ်…ကျေးဇူး ပြုပီး ဒီလိုလူမျိုးတွေကို တတ်နိုင်သလောက်လေးကူညီပေးကြပါ

အချစ်တွေ ဝေမျှနိုင်ကြပါစေ

ဒီအဘကို ကိုယ်တိုင်သွားပြီး ကူညီချင်တယ် ဆိုရင်တော့ ရန်ကုန်က မြောက်ဥက္ကလာ (၂) စျေး၊ နိဗ္ဗာန်လမ်းမှာ နေတယ်လို့ သိရပါတယ်

မသိသေးသူတွေ အတွက် အောက်မှာ အရင်က ပို့စ်လေး ပြန်ဖတ်နိုင်ပါတယ်

ခွေးစာကို လုစားနေတဲ့ ဦးစောကြည်ဝင်း

ပလုံလိုက်ကောက်ပြီး အသက်75နှစ် ဖခင်ကြီးနဲ့ အသက်70နှစ် မိခင်ကြီးကို စောင့်ရှောက်နေတာ။

လမ်းဘေးက အစားအစာကို မျက်ရည်တွေကျပြီး စားနေတာ သနားစရာပါ။

သူ့ကိုသနားလို့ one star snack က မုန်​့တွေအပြင် ထမင်းပါကျွေးလိုက်တာ၊ သူ့ထမင်းဗူးကို ကုန်အောင်မစားဘဲ အိမ်ကျမှ စားတော့မယ်ဆိုပြီး မိဘတွေ အတွက် ပြန်ယူသွားတာ။

မိဘကိုစောင့်ရှောက်တဲ့ အဘ အမြန်ဆုံး အဆင်ပြေပါစေ။

အဘကို နောက်နေ့တွေလဲ ထမင်းပို့ပေးပါဦးမယ်လို့ ပြောခဲ့တယ်။

ကျွန်တော့ ကူညီနေတာတွေ ကို

Likeပေးသူ

အသဲပေးသူ

Commentsရေးသူ

Share ပေးသူ

အား လုံးကို ကျွန်တော် ကျေးဇူးအများကြီးတင်မိပါတယ်။

ရုပ်သံကြည့်ရန်

ရုပ်သံကြည့်ရန်

Comments

Massage Box

တွေမှာ ကျွန်တော် ပြန်မဖြေမိတာတွေအတွက် အားလုံးကို ကျွန်တော် တောင်းပန်ပါတယ်။

ကျွန်တော့ကို ခွင့်လွှတ်နားလည်ပေးကြပါနော်။

၁၀၀၀၀ကျပ်/၂၀၀၀၀ကျပ် မှ ကျွန်တော့်အလှူကို လှူလို့ရတာ မဟုတ်ပါဘူး။

၁၀၀၀ကျပ်/၂၀၀၀ကျပ်

အများကြီး စုလိုက်ရင် လည်း ဝဋ် ဆင်းရဲ ဒုက္ခ ခံစားနေရတဲ့ လူတွေကို ကူညီလို့ရပါတယ်။

🤍 🖤 🤍 🖤 🤍 🖤 🤍

#sinonloresca

#kingofcatwalk

#bekind

#spreadkindness