News

“မြေးလေး (၂) ယောက်ကို လုပ်ကျွေးနေတဲ့အဖိုးက အစာအိမ်ယောင်ပြီး အိပ်ရာထဲလဲတော့ ဆေးကုစရာမရှိ၊စားစရာမရှိဖြစ်နေ”

စာနာဖေးမ ပေးဖို့ မေတ္တာရပ်ခံပါတယ်…ကိုယ်တိုင် မလှူဒါန်း နိုင်ရင် ပြန်လည် မျှဝေ ပေးခြင်းအားဖြင့် လူသားချင်းစာနာ ကူညီပေးကြပါခင်ဗျား

မြိတ်မြို့နယ်၊ ရွှေပြည်တန်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမှာနေတဲ့ ဦး……..ဟာ အစာအိမ်ယောင်ယမ်းရောဂါပြင်းထန်နေမှုနဲ့ အိပ်ယာထဲ လှဲနေရပါတယ်။ ကိုဗစ်ရာသီအချိန် အလုပ်အကိုင် မရှိတာကြောင့် ဆေးဝါးကုသဖို့ အရမ်းအခက်အခဲတွေ့နေပါတယ်။ ကျွန်တော်တို့ မေတ္တာလက်ကမ်းအဖွဲ့ကို လာရောက်ချိတ်ဆက်အကူအညီတောင်းခံတာမို့လို့ သွားရောက် စီစစ်တဲ့အခါမှာ အမှန်တကယ်ကို ခက်ခဲနေတာ တွေ့ရပါတယ်။ ပိုဆိုးတာက လူမမယ်အရွယ် မြေးနှစ်ယောက်ဟာ ဒီဦးလေးကို မှီခိုနေရတာ မို့လို့ ဆေးဝါးကုသရေးအပြင် စားသောက်ဖို့ ကိုလည်း ခက်ခဲနေရပါတယ်။ 😞

ဒီဦးလေးမှာ သူ့ရဲ့ တစ်ဦးတည်းသော သမီးကနေ လူမမယ်အရွယ် မြေးလေး နှစ်ယောက်ရှိပါတယ်။ သူ့ရဲ့ သမက်ဖြစ်သူဟာလည်း ကွယ်လွန်စောခဲ့တဲ့အတွက် သူ့သမီးဟာ မုဆိုးဖြစ်ခဲ့ရပါတယ်။ ဒီဦးလေးရဲ့ ဇနီးသည်လည်း ကွယ်လွယ် ခဲ့ပြီ ဖြစ်ပါတယ်။ အဲလို ခက်ခဲတဲ့အချိန်တွေမှာ သမီးဖြစ်သူက အလုပ်လုပ်မယ်ဆိုပြီး အိမ်ကနေ ထွက်သွားခဲ့ပြီး သူမရဲ့ လူမမယ်ကလေးနှစ်ယောက်ကို ဒီဦးလေးနဲ့ထားခဲ့ပါတယ်။

ဒီဦးလေးရဲ့ သမီး အိမ်ကနေ ထွက်သွားပြီးကတည်း အခုထိ အဆက်အသွယ် လုံးဝ မရရှိတာကြောင့် မြေးဖြစ်သူ လူမမယ်ကလေးနှစ်ဦးကို စောင့်ရှောက်ရင်း ရုန်းကန်လာရာကနေ အခု ဒီဦးလေးကိုယ်တိုင်ဟာ အစာအိမ်ယောင်ယမ်းရောဂါကြောင့် အလုပ်မလုပ်နိုင်ဘဲ အိပ်ယာထဲ လဲ နေရပါတယ်။ ဆေးဝါးကုသဖို့ မတတ်နိုင်သလို သူ့ရဲ့ လူမမယ်မြေးနှစ်ယောက်အတွက်လည်း အစားအသောက်ပင်လျင် ခက်ခဲနေပါတယ်။ အခြားတစ်ဖက်မှာ အိမ်ငှားနေရတာမို့ အိမ်လခ လည်း အကြွေးတင်လို့ ဒုက္ခပင်လယ် ထဲ မျောနေရပါတယ်။ 😞

ဒါကြောင့် ကျေးဇူးပြုပြီး မိမိတတ်နိုင်သရွေ့ ပါဝင်လှူဒါန်းပေးနိုင်ဖို့ နှိုးဆော်အပ်ပါတယ်ခင်ဗျား။ ကိုယ်တိုင်မလှူဒါန်းနိုင်ရင်လည်းတဆင့် ပြန်လည် မျှဝေပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျား။

လှူဒါန်းချင်တယ်ဆိုရင် ကျွန်တော်ရဲ့အကောင့်ကနေ ဆက်သွယ်နိုင်ပါတယ်။ လှူဒါန်းသူများရဲ့စာရင်းကို အတိအကျတင်ပေးပြီး ခက်ခဲနေသူကို တိုက်ရိုက်ငွေသား သွားရောက်ပေးမှာဖြစ်ပါတယ်။ ကျွန်တော်ကနေ တဆင့်မဟုတ်ဘဲ တိုက်ရိုက်လှူဒါန်းမယ်ဆိုလည်း တိုက်ရိုက်လှူဒါန်းနိုင်ဖို့ ဆက်သွယ်ပေးပါ့မယ်ခင်ဗျား။
အနည်း အများက အဓိက မဟုတ်ပါဘူး ကိုယ့်ရဲ့ ဒါနလေး ပါဝင်ခွင့်ရစေချင်ပါတယ်နော်….🙏🙏🙏

09979857529 wave အကောင့်ရော KBZ Pay အကောင့်ရော ရှိပါတယ်နော် ဒီထဲကို ပို့လို့ရပါတယ်

ကျွန်တော်နဲ့ ဖုန်းပြောမယ်ဆိုရင်တော့ ကျွန်တော့်ရဲ့ messenger ကနေဖြစ်ဖြစ် 09453902021 ကိုဖြစ်ဖြစ် ဆက်သွယ်နိုင်ပါတယ်ခင်ဗျား။ AYA အကောင့်ဆိုရင်တော့ AYA 0018201010057354 ထဲ လွဲလို့ရပါတယ်နော်

Wave money ၊ KBZ Pay ၊ AYA တို့ကနေ လွဲပေးမယ့် ညီအစ်ကိုမောင်နှမတွေအနေ နဲ့ လွဲသွားပြီးတဲ့အခါ Screenshop လေးကို ကျွန်တော်ရဲ့ messenger ကနေ ပို့ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်ခင်​ဗျား။ ကျွန်တော် လှူဒါန်းသူများ စာရင်းကို ပြန်တင်ပေးဖို့ နဲ့ ကာယကံရှင်ကို ပြသပေးဖို့ပါခင်ဗျား။

ကျွန်တော့်ဆီမှာ နောက်ထပ် မျက်စိမမြင်ဘဲ လမ်းလျောက်ပြီး ရပ်ကွက်ထဲ မုန့်ရောင်းနေရတဲ့ ၇၄ နှစ်အရွယ် အဘွားအို နဲ့ မြေးလေးတစ်ယောက်နဲ့အတူ ငွေတောင်းရမ်းစားသောက်နေရတဲ့ မျက်မမြင် အဘိုးအို နှစ်ဦး အကူအညီပေးဖို့ စီစစ်နေပါတယ်ခင်ဗျား။ အမှန်တကယ် အကူအညီ လိုအပ်နေတာ ဟုတ် မဟုတ်ပါ ဟုတ်နေရင် ကျွန်တော် အခုလိုပဲ ပို့စ် တင်ပြီး ချိတ်ဆက်ပေးပါ့မယ်ခင်​ဗျား။

အဲဒီ အဘွား နဲ့ အဖိုး အတွက်ကို သီးခြားပို့စ်နဲ့ တင်ပြပေးမှာပါ…လှူဒါန်းဖို့ ဆန္ဒရှိသူများ ချိတ်ဆက်နိုင်မှာပါ..အခုတော့ အမှန်တကယ် အကူအညီလိုအပ်နေတာ ဟုတ် မဟုတ်နဲ့ နောက်ခံသမိုင်းတွေကို စီစစ်နေတုန်းပါ ခင်ဗျား။ အားလုံးကို ကျေးဇူးတင်ပါတယ် ခင်ဗျား။

ရောဂါသည် ဦးလေးကြီး

Editing……………..

အခု ညနေ ၄ နာရီကို ကျွန်တော်တို့ ရရှိခဲ့တဲ့ အလှူငွေ အားလုံးကို သွားရောက်လှူဒါန်းမှာ ဖြစ်ပါတယ်….လက်ရှိအထိ ငွေစုစုပေါင်း…… သိန်းရှိနေပြီဖြစ်ပါတယ်…..

မကြာခင်..မူရင်း..ပို့စ် ရဲ့ ကွန်မန့်ကနေပဲ အရင်ဆုံး အလှူရှင် စာရင်းတွေ တင်ပေးပါ့မယ်…အလှူရှင်များအနေ နဲ့ တိုက်ဆိုက် စစ်ဆေးပေးဖို့ နဲ့ အမည်နာမည် ကျန်ရစ်ခြင်းများ၊ မှားယွင်းခြင်းများ ရှိပါက ချက်ချင်းဆက်သွယ်ပေးဖို့ မေတ္တာရပ်ခံပါတယ်။ သွားရောက်လှူဒါန်းမှုကို LIVE တင်ပေးပါ့မယ်ခင်ဗျား။

ဒီနေ့ ၂၂.၁.၂၀၂၁ ညနေ ၄ နာရီ နောက်ပိုင်းမှလှူဒါန်းမယ့်သူတွေကတော့ ကိုယ်တိုင်တိုက်ရိုက်သွားရောက်လှူဒါန်းပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်။ နယ်ဝေးက လှူချင်သူများ လှူဒါန်း နိုင်ရန်အတွက်ကိုတော့ ကာယကံရှင်ကို ကူညီပေးနေတဲ့ ရပ်ကွက်အခြေပြု ပရဟိတ အဖွဲ့ကို ချိတ်ဆက်ပေးခဲ့ပါ့မယ် ခင်ဗျား။

(((ကျွန်တော့်ဆီမှာ နောက်ထပ် အကူအညီတောင်းထားသူတွေ အနက်…

မျက်စိမမြင်ဘဲ လမ်းလျောက်ပြီး ရပ်ကွက်ထဲ မုန့်ရောင်းနေရတဲ့ ၇၄ နှစ်အရွယ် အဘွားအို နဲ့ မြေးလေးတစ်ယောက်နဲ့အတူ ငွေတောင်းရမ်းစားသောက်နေရတဲ့ မျက်မမြင် အဘိုးအို တစ်ဦး…စုစုပေါင်း နှစ်ဦးကို အကူအညီပေးဖို့ စီစစ်နေပါတယ်ခင်ဗျား။ အမှန်တကယ် အကူအညီ လိုအပ်နေတာ ဟုတ် မဟုတ်ပါ ဟုတ်နေရင် ကျွန်တော် အခုလိုပဲ ပို့စ် တင်ပြီး ချိတ်ဆက်ပေးပါ့မယ်ခင်​ဗျား။

ဆက်သွယ်နိုင်မယ့် မူရင်းအကောင့်ပိုင်ရှင်

အဲဒီ အဘွား နဲ့ အဖိုး အတွက်ကို သီးခြားပို့စ်နဲ့ တင်ပြပေးမှာပါ…လှူဒါန်းဖို့ ဆန္ဒရှိသူများ ချိတ်ဆက်နိုင်မှာပါ..အခုတော့ အမှန်တကယ် အကူအညီလိုအပ်နေတာ ဟုတ် မဟုတ်နဲ့ နောက်ခံသမိုင်းတွေကို စီစစ်နေတုန်းပါ ခင်ဗျား။ အားလုံးကို ကျေးဇူးတင်ပါတယ် ခင်ဗျား။)))