ကိုဗစ်ကာကွယ်ဆေးများမြန်မာနိုင်ငံသို့ရောက်ရှိ
အိန္ဒိယက ပို့ဆောင်လိုက်တဲ့ ကိုဗစ်ကာကွယ်ဆေး (၁) သန်းခွဲ ဟာ အခုဆို မြန်မာနိုင်ငံကို ပထမအသုတ် အဖြစ် ဒီကနေ့မွန်းလွဲ(၂)နာရီကျော်မှာ ရောက်ရှိလာပါပြီ။ ဒီ (၁) သန်းခွဲဟာ ဆိုရင် တစ်ဦးကို (၂)ကြိမ်နှုန်း နဲ့ လူဦးရေ (၇) သိန်းခွဲစာ ထိုး နှံနိုင်မှာပါ။
အခုရောက်လာတဲ့ဆေးကတော့ မြန်မာနိုင်ငံကဝယ်တဲ့ဆေးမဟုတ်ဘဲ အိန္ဒိယအစိုးရက အခမဲ့လက်ဆောင်ပေးတဲ့ ဆေးတွေဖြစ်တယ်လို့လည်း အိန္ဒိယသံရုံးကနေသိရပါတယ်။
ဒီကာကွယ်ဆေးတွေကို ကျန်းမာရေး ဝန်ထမ်းတွေ၊ ကိုဗစ်ကာကွယ်ရေးမှာ ပါဝင်နေတဲ့ စေတနာ့ဝန်ထမ်းတွေ၊ အစိုးရဝန်ထမ်းတွေနဲ့ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်တွေကို ပထမအသုတ်အနေနဲ့ ဦးစားပေးထိုးပေးသွားမယ်လို့ သိရပါတယ်
ဓာတ္ပုံ-India Embassy