News

“ကျေးလက်တောရွာတွေပါမကျန် ၁၀၀% လျှပ်စစ်မီးလင်းတော့မယ့် မန္တလေးတိုင်း”

မန္တလေးတိုင်းဒေသကြီးအတွင်း၌ ကျေးရွာပေါင်း (၄၇၉၉)ရွာ ရှိသည့်အနက်-

🔺၂၀၁၅-၂၀၁၆ ခုနှစ် NLD အစိုးရ စတင်တာဝန်ယူခဲ့စဉ်တွင်ကျေးရွာပေါင်း (၁၆၂၀)ရွာသာ လျှပ်စစ်မီးရရှိခဲ့(ရာခိုင်နှုန်းအားဖြင့် ၃၄ ရာခိုင်နှုန်းသာရှိခဲ့)

🔺၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလအကုန်တွင် နိုင်ငံတော်ဓာတ်အားစနစ်မှ မီးလင်းပြီးကျေးရွာ (၃၈၆၃)ရွာ၊ နေရောင်ခြည်စွမ်းအင်အပါအဝင် ဓာတ်အားစနစ်ပြင်ပမှ မီးလင်းပြီးကျေးရွာ (၃၂၄)ရွာ စုစုပေါင်း (၄၁၈၇)ရွာအထိ မီးလင်းခဲ့(ရာခိုင်နှုန်းအားဖြင့် ၈၇ ဒသမ၂၄၇ ရာခိုင်နှုန်း)

🔺ယခု ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ဓာတ်အားစနစ်ရောက်ရှိနိုင်သည့် ကျန်ရှိနေသည့် ကျေးရွာအားလုံးကို လျှပ်စစ်ဓာတ်အား ရရှိအောင် ဆောင်ရွက်မည်ဖြစ်သည့်အပြင် ဓာတ်အားစနစ် မရောက်ရှိနိုင်သည့် ကျေးရွာပေါင်း ၅၀ ကျော်ကိုလည်း နေရောင်ခြည်စွမ်းအင်သုံးစနစ်ဖြင့် လျှပ်စစ်ဓာတ်အားရရှိအောင် ဆောင်ရွက်ပေးမည်။

*တိုင်းဒေသကြီးအစိုးရ ဘတ်ဂျက်ငွေမှ*

🔺၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ်သန်းပေါင်း ၈၇၄၈ ဒသမ ၆၀၆ သန်း၊

🔺၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ်သန်းပေါင်း ၉၆၂၅ ဒသမ ၀၈၂ သန်း၊

🔺၂၀၁၈ ခုနှစ် မီနီဘတ်ဂျက်တွင် ငွေကျပ်သန်းပေါင်း ၉၉၁၉ ဒသမ ၆၈၄ သန်း၊

🔺၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ်သန်းပေါင်း ၁၉၃၂၁ ဒသမ ၆၀၇ သန်း၊

🔺၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ်သန်းပေါင်း ၃၀၆၇၅ ဒသမ ၄၅၂ သန်း သုံးစွဲခဲ့ပြီး

🔺၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ငွေကျပ်သန်းပေါင်း ၁၅၀၀၀ သန်းကို သုံးစွဲရန် လျာထားပြီးဖြစ်

📈 NLD အစိုးရ (၅)နှစ်တာကာလအတွင်း တိုင်းဒေသကြီးဘတ်ဂျက်မှ သုံးစွဲမှုအနေဖြင့် စုစုပေါင်းငွေကျပ် သန်းပေါင်း ၉၃၂၉၀ ဒသမ ၄၃၁ သန်း ထိရှိ
‘‘NLD အစိုးရ ငါးနှစ်သက်တမ်းကာလအတွင်း ကျေးရွာပြည်သူလူထုအတွက် လျှပ်စစ်မီးလင်းအောင် လုပ်ပေးနိုင်ခဲ့ပါတယ်၊ အစိုးရသစ်တာဝန်ယူကတည်းက မန္တလေးတိုင်းဒေသကြီးကို မြန်မာနိုင်ငံရဲ့စီးပွားရေးအရ ဒုတိယအင်ဂျင်ဖြစ်အောင် ကြိုးစားမယ်ဆိုတဲ့ ရည်မှန်းချက်တစ်ခုရှိပါတယ်၊

အခက်အခဲစိန်ခေါ်မှုတွေလည်း ရှိပါတယ်၊မအောင်မြင်စရာမရှိဘူးလို့လည်း ယုံကြည်ပါတယ်၊ ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ သဘာ၀ပတ်ဝန်းကျင် မပျက်စီးဖို့လည်း အရေးကြီးပါတယ်၊ အနာဂတ်မျိုးဆက်သစ်တွေအတွက် ချန်ထားခဲ့ပြီး တည်ဆောက်ရမှာပါ၊ ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ဖို့ဆိုတာ အခြေခံအဆောက်အအုံတွေ ရှိကိုရှိရပါတယ်၊ အခြေခံလိုအပ်ချက်က အဓိကလမ်းပန်းဆက်သွယ်ရေးနဲ့လျှပ်စစ်ပါ၊

ဆောက်လုပ်ရေးကဏ္ဍကနေ လမ်းပန်းဆက်သွယ်ရေးအတွက် ဘတ်ဂျက်တွေ ခွဲဝေသုံးစွဲပါတယ်၊ ကျေးလက်နေပြည်သူတွေရဲ့ လူမှု ဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ပေးဖို့အတွက်လည်း အခြေခံကျတဲ့ လမ်းနဲ့လျှပ်စစ်အတွက် ဘတ်ဂျက် တော်တော်များများကို သုံးစွဲခဲ့ပါတယ်”

ဒေါက်တာဇော်မြင့်မောင်

ဝန်ကြီးချုပ်၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့

ဒုတိယဥက္ကဋ္ဌ-၂၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ဗဟို)

🔺မန္တလေးတိုင်းဒေသကြီးဘတ်ဂျက်တစ်ခုတည်းဖြင့် လျှပ်စစ်ကဏ္ဍ ဆောင်ရွက်ခြင်း မဟုတ်ပါဘူး၊

🔺ပြည်ထောင်စုကလည်း မြန်မာနိုင်ငံကို လျှပ်စစ်မီးလင်းရေးအတွက် ၂၀၃၀ ခုနှစ်မှာ တစ်နိုင်ငံလုံး မီးလင်းရေး ဆိုတဲ့မူကို ချမှတ်ပြီး ဆောင်ရွက်နေပါတယ်၊
🔺ပြည်ထောင်စုဘတ်ဂျက်အပြင် ပြည်ပချေးငွေလည်း သုံးစွဲ ရပါတယ်၊ JICA က ရန်ပုံငွေနဲ့ ဘတ်ဂျက်ကို အသုံးပြုပြီး တည်ဆောက်တာဖြစ်ပါတယ်၊ ADB က ချေးငွေတွေနဲ့ တည်ဆောက်တာလည်းပါပါတယ်၊

📈 မန္တလေးတိုင်းဒေသကြီး မီးလင်းရေးအတွက် ပြည်ထောင်စုဘတ်ဂျက်ရော အပါအဝင် စုစုပေါင်း (၂၃၆) ဘီလီယံ သုံးစွဲထားပါတယ်

🔺လျှပ်စစ်ဓာတ်အား ပြင်ပမှာရှိနေတဲ့ရွာတွေဆိုရင် ဆိုလာစနစ်နဲ့ မီးလင်းအောင်ဆောင်ရွက်ဖို့စီမံထားပါတယ်၊ ရွာပေါင်း ၅၀ကျော်လောက်ရှိပါပြီ၊

🔺လျှပ်စစ်ဓာတ်အားလိုင်းရောက်တဲ့ရွာတွေကတော့ ဒီနှစ်ကုန်လို့၂၀၂၂နှစ်ဆန်းမှာ မန္တလေးတိုင်းဒေသကြီးတစ်ခုလုံး ရာနှုန်းပြည့် မီးလင်းအောင်ဆောင်ရွက်သွားမှာပါ၊

🔺၂၀၂၀-၂၀၂၁ခုနှစ်မှာ နှစ်ကုန်မှာ မန္တလေးတိုင်း တစ်တိုင်းလုံး လျှပ်စစ်မီးလင်းအောင် ကြိုးစားသွားမှာပါ၊

#PonnyaSwe

#Mandalay_Region