ထိုင်းထဲကို ခိုးဝင်ဖို့ ကြံစည်ထားရင် နောက်ပြန်ဆုတ်လိုက်ပါ လူကယ်ရီပွဲစားများစကား မယုံပါနဲ့…
သေချာပေါက် ဖမ်းခံထိမှာပါ….
ထိုင်းအစိုးရက အထောက်အထားမဲ့တွေကိုပန်းရောင်ဘတ်ကဒ်လုပ်ပေးတာ ထိုင်းနိုင်ငံ အတွင်း ရှိနေပြီးသား လူတွေကိုပါ….
ခုမှ ခိုးဝင်လာသူတွေကို မလုပ်ပေးပါ၊နယ်စပ်မှာ ခိုးဝင်လာလို့ ဖမ်းမိရင် ငွေဒဏ်ဘတ်(20,000)ထောင်ဒဏ် (2)နှစ် ပြစ်ဒဏ်ချမှတ်ပါတယ်၊
ဒီရက်ပိုင်းလေးမှာပဲ ခိုးဝင်လာတဲ့ မြန်မာနိုင်ငံသား ကလေး (2)ဦး အပါအဝင် လူပေါင်း (50)ဦး ထိုင်းစစ်တပ်က ဖမ်းဆီးမိခဲ့ပါတယ်၊ခုတလော ထိုင်းအစိုးရက ပန်းရောင်ဘတ်ကဒ် လုပ်ပေးမယ်ဆိုတာကို ပွဲစားတွေကအခွင့်ကောင်းယူပြီး မြူဆွယ်ခေါ်လာတယ်၊
ကျား ၁၇
မ ၁၄
ကလေး ကျား ၂ ဦး
ရနောင်းဘက်က လှေစီးပြီးခိုးဝင်တာ ထိုင်းစစ်တပ်က ဖမ်းမိတယ်၊အခြားနေရာမှာ (17)ဦး ဖမ်းမိတယ်၊
ပွဲစားခကို တစ်ယောက် ၆၅၀၀ ဘတ်ပေးရပါတယ်၊ထိုင်းဥပဒေအတိုင်းသူတို့ကိုအရေးပေါ် စီမံချက်ဥပဒေနဲ့ အရေးယူမှာဖြစ်တာကြောင့် သေချာပေါက် ထောင်ဒဏ်ကျတော့မှာပါ၊
မြန်မာသံရုံးလည်း ကယ်လို့မရသလိုAAC လည်း ကူလို့ ကယ်လို့ မရပါ။သတိထားပါ အယုံမလွယ်ကြပါနဲ့၊
ကိုယ်ဖြစ် ကိုယ်ခံပါ ပွဲစားက လှည့်မကြည့်ပါဘူး၊ကိုယ်ချင်းစာတယ် ဝမ်းရေးအတွက် ခက်ခဲလို့ခိုးဝင်ရတာ ပိုဆိုးတဲ့ အခြေအနေတွေ မဖြစ်စေဖို့ AAC က သတိပေးတာပါ၊လိုက်နာကြစေချင်ပါသည်။
မှတ်ချက်။ ။ ခိုးဝင်ပြသာနာ မထိန်းနိုင်တာ ထိုင်းမြန်မာနယ်စပ်ဂိတ်တွေ ဖွင့်လှစ်နိုင်ခြင်း မရှိတာကအဓိကကျနေတာ တွေ့မြင်ရပါကြောင်း….
ပုံ-ထိုင်းနယ်စပ်မှာ ထိုင်းစစ်တပ်ရဲ့ဖမ်းဆီးခြင်းခံရသော ခိုးဝင်မြန်မာနိုင်ငံသားများ…
ရဲမင်း(AAC မဟာမိတ်အဖွဲ့)
ထိုင်းအခြေစိုက်အလုပ်သမားကူညီစောင့်ရှောက်
ရေးကော်မတီ….