News

ကိုဗစ်ကာလမှာ ဖွင့်နေတဲ့ အနှိပ်ခန်းကို ဝင်ဖမ်းပြန်ပြီ…ထူးဆန်းတာက လာအနှိပ်ခံသူတွေ အမြဲထွက်ပြေးလွတ်မြောက်နေတာပဲ

( ၂၃:၀၀ )အချိန်ခန့်က မန္တလေးတိုင်းရဲအကူတပ်ဖွဲ့ခွဲ၊ မှုခင်းအကူဌာနစုမှ ရဲအုပ်ထွန်းထွန်းနှင့်အဖွဲ့၊ အမျိုးသမီး ရဲမေ ရဲဒုတက စုမြတ်ဝေ၊ ပြင်ဦးလွင်မြို့မရဲစခန်းမှ ဒုရဲအုပ် သိန်းထွန်း ပါပူးပေါင်းအဖွဲ့တို့သည်

သက်သေ ရပ်ကွက်ကြီး(၁၈)ရာအိမ်မှူး ဦးကျော်လင်း၊ ချမ်းအေးသာဇံ မြို့နယ်၊ ကံကောက်ရပ်ကွက်၊ ရာအိမ်မှူး ဦးမြင့်သိန်း တို့နှင့်အတူ Covid-19ကူးစက်မြန် ရောဂါသည် ဟိုတယ်/တည်းခိုခန်း၊ KTV နှင့် အနှိပ်ခန်းများမှတဆင့် တစ်ပါးသူကို ကူးစက် စေနိုင်သဖြင့် သတင်းရယူစုံစမ်းနေစဉ်

#ပြင်ဦးလွင်မြို့ရက်ကွက်ကြီး(၁၀)နေအိမ်တစ်အိမ်တွင်တရားမဝင်အနှိပ်ခန်းဖွင့်လှစ်နေကြောင်းစုံစမ်းသိရှိရသည်။

အဆိုပါစုံစမ်းသိရှိချက်အရ ပြင်ဦးလွင်မြို့၊

ရပ်ကွက်ကြီး(၁၀)ရတနာလမ်း အိမ်အမှတ်(DD-16) နေ

မမိုးမိုး (၃၅)နှစ်၊ (ဘ)ဦးကျော်ကျော်ဦး၊ ၁၂/ဒဂတ(နိုင်)၁၀၁၆၉၅)၊ နေအိမ်သို့ဝင်ရောက်ရှာဖွေရာနေအိမ်တွင် ” #ဆောင်းဟေမာန်”အမည်ဖြင့် တရားမ၀င်အနှိပ်ခန်းဖွင့်လှစ် လုပ်ကိုင်နေပြီး

လာရောက်အနှိပ်ခံသည့် ဧည့်သည်အမျိုးသား(၃)ဦးမှာနေအိမ်နောက်ဖေးပေါက်မှထွက်ပြေးသွားသော်လည်း အိမ်ရှင် မမိုးမိုး၊ အနှိပ်ခန်းအစောင့်ဖြစ်သူ ရဲကျော်(ခ)ကျော်ကျော်၊ (၂၅)နှစ်၊ (ဘ)ဦးကျော်ဦး၊ မပတ (မမှတ်မိ)၊ သဲဖြူချောင်းကျေးရွာ၊ သန်လျင်မြို့နယ်၊ ရန်ကုန်မြို့နေသူနှင့်အောင်မျိုးဦး၊ (၂၂)နှစ်၊ (ဘ)ဦးမျိုးညွှန့်၊ ၁၂/သလန(နိုင်)၁၃၅၇၈၇၊ သန်လျင်မြို့နယ်၊ ရန်ကုန်မြို့နေသူတို့အားတွေ့ရှိရပြီး

ဆက်လက်၍ရှာ‌ဖွေရာအနှိပ်သမများဖြစ်သော အမျိုးသမီး(၁၅)ဦးတို့အား မြန်မာငွေစက္ကူရောရာ (၃၆၀၀ဝိ/-)ကျပ်၊ မမိုးမိုး အိပ်သည့်အခန်းအတွင်းမှ Ubrand စာတမ်းပါလယ်ဂျာစာအုပ်အတွင်း အမျိုးသမီးအမည်များ နှင့် အနှိပ်ခန်းဝင်သည့်အကြိမ်အရေအတွက်များအားမှတ်သားထားသည့် လယ်ဂျာစာအုပ် (၂)အုပ်၊ Vbrand စာတမ်းပါလယ်ဂျာစာအုပ်(၁)အုပ်အားလည်းကောင်း၊ စာရင်းရေးမှတ် ရာတွင်အသုံးပြုသည့် Lazor ဘောပင်(၁)ချောင်း၊

တစ်ယောက်အိပ်အနှိပ်ခန်း(၁၀)ခန်း အတွင်းမှ အလျား(၆)ပေ(၆)လက်မ၊ အနံ(၄)ပေခန့်၊ အမြင့် (၄)လက်မခန့်ရှိ ရောင်စုံမွေ့ယာ (၁၀)ခု၊ ရောင်စုံအခင်းစောင်(၁၀)ထည်၊ခေါင်းအုံး (၁၀)လုံး၊ ရောင်စုံခေါင်းအုံးစွပ်(၁၀)ခုတို့အားလည်းကောင်း၊ နေအိမ်အတွင်းနံရံတွင်ချိတ်ဆွဲထားသော QUARTZ အမျိုးအစား (အနီရောင်)တိုင်ကပ်နာရီ(၁)လုံးတို့အားအသီးသီးရှာဖွေတွေ့ရှိခဲ့ရ သဖြင့် သက်သေများရှေ့တွင် ဒုရဲအုပ် ဟန်ငြိမ်းမှ ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့ပြီး

မမိုးမိုးအားသက်သေများရှေ့မေးမြန်းရာ နှိပ်ခအဖြစ် (၁)နာရီလျှင် (၇၀၀ဝိ/-)ကျပ်ရယူခဲ့ပြီး အနှိပ်သမများအား (၃၀၀ဝိ/-)ကျပ်ပြန်လည်၍ပေးရကြောင်း ၎င်းမှာမန်နေဂျာအဖြစ်ဦးဆောင်လုပ်ကိုင်သူဖြစ်ကြောင်းစစ်ဆေးသိရှိခဲ့ရသည်။

သို့ဖြစ်ပါ၍ တရားမဝင်အနှိပ်ခန်းများမှတဆင့် တစ်ပါးသူအား COv10-19 ရောဂါကူးစက် ပြန့်ပွားစေမည်ကိုသိလျှက်နှင့် တရားမ၀င်အနှိပ်ခန်းဖွင့်လှစ်လုပ်ကိုင်သူ မန်နေဂျာ မိုးမိုး၊ အစောင့်အဖြစ်လုပ်ကိုင်သူ (၂)ဦး၊အနှိပ်သမအဖြစ်လုပ်ကိုင်သူ(၁၅)ဦးစုစုပေါင်း(၁၈)ဦးအပေါ်ဥပဒေအရအရေး

ယူပေးပါရန် ရဲအုပ် ထွန်းထွန်းမှ တရားလိုပြုလုပ်တိုင်တန်းလာ သဖြင့် ပြင်ဦးလွင်မြို့မရဲစခန်းမှ(ပ)၁၅/၂၀၂၁ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ အရ အမှုဖွင့်လှစ်ထားရှိပြီသီးခြား အချုပ်ခန်းတွင် ချုပ်နှောင်ထားရှိလျှက် သက်ဆိုင်ရာကျန်းမာရေးဌာနတွင် နှာခေါင်း တို့ဖတ် (SWAB)စစ်ဆေးရန် စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရပါသည်။