News

“တရုတ်မှာ ကိုဗစ်လူနာတွေ့နှုန်း ထပ်တိုး”

မနေ့က တရုတ်အမျိုးသားကျန်းမာရေးကော်မရှင်ရဲ့ထုတ်ပြန်ချက်အရ ကိုဗစ်လူနာ (၁၄၄) ယောက်တွေ့ပါတယ်။

ဒါဟာမနှစ်ကမတ်လအပြီး #ပထမဦးဆုံးအကြိမ်နေ့စဉ်တွေ့နှုန်းအများဆုံးပါ။

🇨🇳 တရုတ်ပြည်ဟာ ရောဂါပိုးတွေ့သူစပြန်တွေ့ကတည်းက အပြင်းအထန်အသေအချာထိန်းချုပ်ဖို့ ကြိုးစားနေတဲ့ကြားထဲက အခုလိုအများဆုံးအထိတက်လာတာပါ။
အဲ့ဒီ (၁၄၄) ယောက်ထဲမှာ ရောဂါလက္ခဏာမပြပဲ Positive ဖြစ်တဲ့ လူနာအရေအတွက်မပါသေးပါ။

ရောဂါလက္ခဏာမပြပဲ Positive ဖြစ်တဲ့ လူနာ (၁၁၃) ယောက်ထည့်ပေါင်းရင် (၂၅၇) ယောက်တစ်ရက်တည်းတွေ့တာပါ။

​ဟေလုံကျန်းပြည်နယ်မှာက (၁၂၆) ယောက်၊ ကျိလင်းပြည်နယ်မှာ (၃၃) ယောက်၊ ဟေဘေးပြည်နယ်မှာ (၂၀) နဲ့ ပေကျင်းမြို့တော်မှာ (၂) ယောက်တွေ့ခဲ့ပါတယ်။

အာဏာပိုင်တွေဟာ ဒေသခံတွေကို ဒီနှစ်တရုတ်နှစ်ကူးအားလပ်ရက်တွေမှာ အိမ်မှာပဲနေကြရန် ရောဂါကူးစက်မှုကြိုတင်ကာကွယ်ရေးအနေနဲ့ပြောကြားထားပါကြောင်း။

Richard Myo Thant

21-January -2021