News

“သမ္မတကြီး လက်မှတ်ရေးထိုးထားတဲ့ ဥပဒေသစ်နှင့် ဖားကန့်က အကြီးစားကျောက်မျက်လုပ်ကွက်ကြီးများရဲ့ နိဂုံး”

၂၀၁၉ ဇန်နဝါရီလ ၃၀ ရက်နေ့တွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် လက်မှတ်ရေးထိုးထားသော ဥပဒေသစ်အရ ယခင်လုပ်ခွင့်ပြုထားသော ကျောက်စိမ်းလုပ်ကွက်အကြီးစားများအား ခွင့်ပြုပေးတော့မည် မဟုတ်ကြောင်း သိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ကချင်ပြည်နယ်သယံဇာတဝန်ကြီး ဦးဒါရှီလဆိုင်းအား Dwaveမှ ဆက်သွယ်မေးမြန်းခဲ့ရာတွင် ဇန်နဝါရီ ၁၈ရက်ကပြောကြားခဲ့သည်။

“အလတ်စား၊ အသေးစားနဲ့ လက်လုပ်လက်စား ဆိုပြီး သုံးမျိုးပဲ ခွင့်ပြုတော့မယ်၊ အလတ်စားဆိုတာတော့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနကနေပြီး စီမံခန့်ခွဲမယ်၊

အသေးစားနဲ့ လက်လုပ်လက်စားကျတော့ ပြည်နယ်အစိုးကနေ စီမံဆောင်ရွက်ဖို့ ဒီလို ပိုင်းခြားသတ်မှတ်ထားတယ်၊ ဒီအလတ်စားက သူ့သက်တမ်း ၃ နှစ်၊ အလတ်စားကတော့ ၂ နှစ်နဲ့ လက်လုပ်လက်စားကတော့ ၁ နှစ်ပေါ့နော်၊ သူ့ရဲ့ ဧက ကျတော့ အလတ်စားက ၅ ဧက၊ အသေးစားကတော့ ၃ ဧက၊ လက်လုပ်လက်စားက ၁ ဧကဆိုပြီးတော့မှ အဲ့လိုခွဲခြားထားတယ်” ဟု ဖြေကြားခဲ့သည်။

ယခင်က သက်တမ်းတိုးထားသော ကျောက်စိမ်းလုပ်ကွက်များသည် ဧက ရာချီရှိခဲ့ရာမှ ယခုအခါ ၅ ဧကထက် မပိုသော အလတ်စားကျောက်စိမ်းလုပ်ကွက်များအဖြစ် ပြောင်းလဲ သတ်မှတ်ပေးလိုက်ခြင်း ဖြစ်သည်။

Shine Myatt/D-Wave