News

“ဘရိတ်နှင့် လီဗာ မှားနင်းမိသောကြောင့် မော်တော်ယာဉ် တစ်စီး ရေကန်ထဲ ထိုးကျ”

ဘရိတ်နှင့် လီဗာ မှားနင်းမိသောကြောင့် မော်တော်ယာဉ် တစ်စီး ရေကန်ထဲ နောက်ပြန်ထိုးကျသည့် ဖြစ်စဉ် ယနေ့ (ဇန်နဝါရီလ ၂ဝရက်) နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ထံက သတင်း ရရှိသည်။

ဖြစ်စဉ်မှာ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်၊ မြို့မ(၄)ရပ်ကွက်၊ ကန်ကြီးရေကန်၊ ကန်ပတ်လမ်းတွင် နံနက်ပိုင်း ၆ နာရီခွဲ အချိန်က Wish (အမဲရောင်)ယာဉ်သည် ကားကွေ့ရာမှ ဘရိတ်နှင့်လီဗာမှားနင်းမိ၍ ကန်ကြီးရေကန်ထဲသို့ နောက်ပြန်ထိုးကျသွားခဲ့ခြင်း ဖြစ်သည်။

သတင်းအရ မုဒုံမြို့နယ်မီးသတ်စခန်းမှ မီးသတ်စက်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနအဖွဲ့အစည်းများ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ၀၈ ၁၀ အချိန်တွင် ဆောင်ရွက်ပြီးစီးခဲ့ကာ အဆိုပါဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူ မရှိပါကြောင်းသိရသည်။

HAP

ဓာတ်ပုံ – မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့