News

ကမ္ဘာပေါ်မှာ တစ်ချောင်းတည်းသာရှိပြီး အလှပဆုံးသော “အပြာရောင်နှင်းဆီ”လို့အမည်ပေးထားတဲ့ ရေခဲ့ဖြင့် ပြုလုပ်ထားသော ဓား






Shoon (Cele Daily)

Unicode

ကမ္ဘာပေါ်မှာ တစ်ချောင်းတည်းသာရှိပြီး အလှပဆုံးသော “အပြာရောင်နှင်းဆီ”လို့အမည်ပေးထားတဲ့ ရေခဲဓား

ကမ္ဘာပေါ်မှာ မည်သူမှ ဖန်တီးထုတ်လုပ်ခြင်း မရှိသေးတဲ့ ရေခဲ့ဖြင့် ပြုလုပ်ထားသော ဓားတစ်ချောင်းကို ဂျပန်နိုင်ငံမှ အနုပညာရှင်တစ်ဦးကတော့ တီထွင်ဖန်တီးကာ ထုတ်လုပ်နိုင်ငံခဲ့ပြီဖြစ်ပါသည်။

လူအများစုဟာ ထူခြားဆန်းပြားသော လက်နက်များနှင့် လှပသော လက်နက်များကို ရုပ်ရှင်ဇာတ်ကား၊ ကာတွန်းဇာတ်လမ်းများ၊ဂိမ်းများတွင်သာ တွေ့မြင်နေကြရပါသည်။

ယခုတွင် ဂျပန်အနုပညာရှင်တစ်ဦး တီထွင်ဖန်တီးကာ ထုတ်လုပ်လိုက်သော ရေခဲဓားသည် ရုပ်ရှင်နှင့် ကာတွန်း ဂိမ်းများတွင်တွေ့ရသော လက်နက်များထက်ပင် ပိုမိုလှပပြီး နှစ်လိုဖွယ်ကောင်းနေပေသည်။

ဂျပန်အနုပညာရှင်သည် ထိုရေခဲဓားကို ပုံသွန်းလောင်းကာ ရေများကို အေးခဲစေပြီး အနုစိတ်စွာဖြင့် တီထွင်ဖန်တီးခဲ့ခြင်းဖြစ်ပေသည်။ဒီဇိုင်းပိုင်းများကို ကာတွန်းဇာတ်ကောင်များ၏ ဓားများကို အတုယူကာ ဖန်တီးခဲ့သည်။

ဂျပန်အနုပညာရှင်သည် သူ၏ဓားကို အလွန်ရှားပါးသော ဓားဖြစ်ပြီး မြင့်မြတ်သော လက်နက်တစ်ခုအဖြစ် တင်စားကာ အပြာရောင်နှင်းဆီ ဟု အမည်ပေး ခေါ်ဝေါ်ခဲ့ပါသည်။

Shoon (Cele Daily)