(စ-စ-စ)အမည္သုံးကာေၾကာက္လန႔္ေအာင္ေျပာဆို၍ ထီ လက္မွတ္မ်ား အတင္းအဓမၼေရာင္းခဲ့သူ (၄ )ဦးကိုအမႈဖြင့္အေရးယူ
(စ-စ-စ)အမည္သုံးကာ ေၾကာက္လန႔္ေအာင္ေျပာ၍ ထီ လက္မွတ္မ်ားအတင္းအဓမၼ ေရာင္းခဲ့သူ (၄)ဦးကိုဗန္းေမာက္ၿမိဳ႕မရဲစခန္းတြင္ပုဒ္မ(၃) ခုျဖင့္အမႈေရးဖြင့္ဖမ္းဆီးေဆာင္႐ြက္ေနေၾကာင္း သိရ သည္။
စစ္ကိုင္းတိုင္းေဒသႀကီး ဗန္းေမာက္ၿမိဳ႕နယ္ ကိုင္းႀကီးေက်း႐ြာအုပ္စု ေခါင္းကိုက္ေက်း႐ြာေန ေတာင္သူ တစ္ဦးထံ ဇန္နဝါရီလ(၁၆)ရက္ နံနက္ (၁၁)နာရီခန႔္က လူ(၄)ဦး ေရာက္လာၿပီး (၂၄)ႀကိမ္ေျမာက္ ထီစာအုပ္ႏွစ္အုပ္ကိုတစ္အုပ္လ်င္က်ပ္၈ေသာင္းႏႈန္းျဖင့္ က်ပ္(၁)သိန္း(၆)ေသာင္းဖိုးဝယ္ရန္ေျပာရာ ေတာင္သူကေငြမတတ္ႏိုင္၍မဝယ္ႏိုင္ဟုေျပာခဲ့ေၾကာင္းသိရသည္။
ထိုသို႔ေျပာရာလူ(၄)ဦးက ၎တို႔မွာ(စ-စ-စ) အဖြဲ႕မွျဖစ္ေၾကာင္း မဝယ္ပါက ဖမ္းဆီးအေရးယူမည္ဟု ေျပာရာ အဆိုပါေတာင္သူမွာေၾကာက္လန႔္၍ ထီ(၂)အုပ္ကို က်ပ္(၁)သိန္း(၆)ေသာင္းျဖင့္ ဝယ္ယူလိုက္ ရေၾကာင္း၊တစ္႐ြာတည္းေနသူ(၆)ဦးတို႔ကလည္းထီတစ္အုပ္စီဝယ္ယူခဲ့ၾကေၾကာင္းသိရသည္။
ယင္းေၾကာင့္ (စ-စ-စ)အမည္သုံးလ်က္ေၾကာက္လန႔္ေအာင္ ေျပာဆို၍ ထီလက္မွတ္မ်ားကိုအတင္း အဓမၼေရာင္းခဲ့သူဇာနည္(ခ)ဇာနည္ေက်ာ္ထက္အပါအဝင္၄ဦး ကို အေရးယူေပးပါရန္ ဇန္နဝါရီလ ၁၈ရက္က ထီ၂အုပ္ဝယ္ခဲ့ရသူေတာင္သူမွတရားလိုလုပ္တိုင္တန္းသျဖင့္ ဗန္းေမာက္ၿမိဳ႕မရဲစခန္း(ပ) ၄/၂၀၂၁ ရာဇသတ္ႀကီးပုဒ္မ ၁၇၀/၃၈၄/၁၁၄အရအမႈေရးဖြင့္ျခင္းျဖစ္ေၾကာင္းသိရသည္။
ရာဇသတ္ႀကီးပုဒ္မ ၁၇၀ (ျပည္သူ႔ဝန္ထမ္း ေယာင္ေဆာင္မႈ) ၊ ပုဒ္မ၃၈၄ (ေျခာက္လွန႔္ေတာင္းယူမႈ) ႏွင့္ပုဒ္မ ၁၁၄ျပစ္မႈက်ဴးလြန္ရာတြင္ အားေပးကူညီသူကိုယ္တိုင္ရွိေနမႈတို႔ျဖင့္အမႈေရးဖြင့္ ခဲ့ျခင္းျဖစ္ သည္။
အဆိုပါအမႈတြင္ ဇာနည္(ခ)ဇာနည္ေက်ာ္ထက္၊သိန္းဝင္း(ခ)ေျပာင္ႀကီး ႏွင့္ေဌးေမာင္တို႔(၃)ဦးကို ဖမ္းဆီးရမိၿပီး ထြက္ေျပးတရားခံ ေဇာ္ဝင္းဦး(ခ)က်စ္က်စ္ အားဖမ္းဆီးရမိေရး စစ္ေဆးေဆာင္႐ြက္ လ်က္ရွိေၾကာင္းသိရသည္။
မ်ိဳးေမာင္ေမာင္ (မုံ႐ြာ)
(စ-စ-စ)အမည်သုံးကာကြောက်လန့်အောင်ပြောဆို၍ ထီ လက်မှတ်များ အတင်းအဓမ္မရောင်းခဲ့သူ (၄ )ဦးကိုအမှုဖွင့်အရေးယူ
(စ-စ-စ)အမည်သုံးကာ ကြောက်လန့်အောင်ပြော၍ ထီ လက်မှတ်များအတင်းအဓမ္မ ရောင်းခဲ့သူ (၄)ဦးကိုဗန်းမောက်မြို့မရဲစခန်းတွင်ပုဒ်မ(၃) ခုဖြင့်အမှုရေးဖွင့်ဖမ်းဆီးဆောင်ရွက်နေကြောင်း သိရ သည်။
စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ် ကိုင်းကြီးကျေးရွာအုပ်စု ခေါင်းကိုက်ကျေးရွာနေ တောင်သူ တစ်ဦးထံ ဇန်နဝါရီလ(၁၆)ရက် နံနက် (၁၁)နာရီခန့်က လူ(၄)ဦး ရောက်လာပြီး (၂၄)ကြိမ်မြောက် ထီစာအုပ်နှစ်အုပ်ကိုတစ်အုပ်လျင်ကျပ်၈သောင်းနှုန်းဖြင့် ကျပ်(၁)သိန်း(၆)သောင်းဖိုးဝယ်ရန်ပြောရာ တောင်သူကငွေမတတ်နိုင်၍မဝယ်နိုင်ဟုပြောခဲ့ကြောင်းသိရသည်။
ထိုသို့ပြောရာလူ(၄)ဦးက ၎င်းတို့မှာ(စ-စ-စ) အဖွဲ့မှဖြစ်ကြောင်း မဝယ်ပါက ဖမ်းဆီးအရေးယူမည်ဟု ပြောရာ အဆိုပါတောင်သူမှာကြောက်လန့်၍ ထီ(၂)အုပ်ကို ကျပ်(၁)သိန်း(၆)သောင်းဖြင့် ဝယ်ယူလိုက် ရကြောင်း၊တစ်ရွာတည်းနေသူ(၆)ဦးတို့ကလည်းထီတစ်အုပ်စီဝယ်ယူခဲ့ကြကြောင်းသိရသည်။
ယင်းကြောင့် (စ-စ-စ)အမည်သုံးလျက်ကြောက်လန့်အောင် ပြောဆို၍ ထီလက်မှတ်များကိုအတင်း အဓမ္မရောင်းခဲ့သူဇာနည်(ခ)ဇာနည်ကျော်ထက်အပါအဝင်၄ဦး ကို အရေးယူပေးပါရန် ဇန်နဝါရီလ ၁၈ရက်က ထီ၂အုပ်ဝယ်ခဲ့ရသူတောင်သူမှတရားလိုလုပ်တိုင်တန်းသဖြင့် ဗန်းမောက်မြို့မရဲစခန်း(ပ) ၄/၂၀၂၁ ရာဇသတ်ကြီးပုဒ်မ ၁၇၀/၃၈၄/၁၁၄အရအမှုရေးဖွင့်ခြင်းဖြစ်ကြောင်းသိရသည်။
ရာဇသတ်ကြီးပုဒ်မ ၁၇၀ (ပြည်သူ့ဝန်ထမ်း ယောင်ဆောင်မှု) ၊ ပုဒ်မ၃၈၄ (ခြောက်လှန့်တောင်းယူမှု) နှင့်ပုဒ်မ ၁၁၄ပြစ်မှုကျူးလွန်ရာတွင် အားပေးကူညီသူကိုယ်တိုင်ရှိနေမှုတို့ဖြင့်အမှုရေးဖွင့် ခဲ့ခြင်းဖြစ် သည်။
အဆိုပါအမှုတွင် ဇာနည်(ခ)ဇာနည်ကျော်ထက်၊သိန်းဝင်း(ခ)ပြောင်ကြီး နှင့်ဌေးမောင်တို့(၃)ဦးကို ဖမ်းဆီးရမိပြီး ထွက်ပြေးတရားခံ ဇော်ဝင်းဦး(ခ)ကျစ်ကျစ် အားဖမ်းဆီးရမိရေး စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်းသိရသည်။
မျိုးမောင်မောင် (မုံရွာ)