“3M N95 Mask #အတုတွေရောင်းတာရပ်တန်းကရပ်ကြပါ။”❌
🇭🇰 ဟောင်ကောင်မှာ 3M N95 Mask 😷#အတုတွေမိတဲ့ကိစ္စကစပြောပါမယ်။
ပုံထဲမှာဟောင်ကောင်ကာစတန်က ဖမ်းမိပြီး စီထားတဲ့ 3M N95 Mask ဘူးတွေကိုကြည့်ပါ။
#သိန်းပေါင်းတစ်သောင်းငါးထောင်ဖိုးအထိ 3M N95 Mask #အတုတွေကို 🇭🇰 ဟောင်ကောင်မှာ အမြောက်အမြား #တတိယအကြိမ်အဖြစ်ဖမ်းမိခဲ့တာပါ။
ပြီးခဲ့တဲ့အောက်တိုဘာလတုန်းကရော နိုဝင်ဘာလတုန်းကရော 3M N95 Mask အတုတွေကို အကြီးအကျယ်ဖမ်းမိဖူးပါတယ်။
အရင်နှစ်ကြိမ်တုန်းက N95 Mask အတု အခုရေ တစ်သိန်းအထိစီပဲဖမ်းမိခဲ့တာပါ။
အခုတတိယအကြိမ်မှာ အခုရေ ၃၃၀၀၀၀ အထိဖမ်းမိခဲ့ပါတယ်။
အဲ့ဒီ 3M N95 Mask တွေဟာ ဟောင်ကောင်လိုနေရာကနေ ပြည်ပကို အိတ်စပို့ပို့ရင် #ကွာလတီကိုအပြင်ပန်းကြည့်ရင်အစစ်နဲ့ခွဲမရအောင် သေသပ်စွာလုပ်ထားလေ့ရှိပါတယ်။
အဲ့ဒီဟောင်ကောင်ကပို့ရင် #ဘယ်ပြည်ပမားကတ်တွေကိုအိတ်စပို့ပို့သလဲ⁉️
ကျိန်းသေတာတော့မြန်မာနိုင်ငံလို #ကွာလတီစစ်ဆေးပေးနိုင်ခြင်းမရှိတဲ့ မားကတ်တွေကို ပစ်မှတ်ထားပို့ပါတယ်။
အမေရိကန်နဲ့ ဥရောပဈေးကွက်ကိုလည်းပို့ပါတယ်။ အဲ့ဒီမှာ ဆေးရုံအချို့မှာစစ်ဆေးပေးနိုင်သော်လည်း အပြင်ပုဂ္ဂလိကဌာနတွေမှာ စစ်ဆေးပေးနိုင်ခြင်းမရှိပါ။
👉 #သတင်းမှာရေးထားတဲ့ဈေးနှုန်းအရပြောပါမယ်။
3M N95 Mask ဟာ အတုဆိုရင် ဟောင်ကောင် ၂၆ ဒေါ်လာ (မြန်မာငွေ ၄၅၀၀ နီးပါး) ရှိပါတယ်တဲ့။
3M N95 Mask အစစ်ဆိုရင်ဟောင်ကောင် ၅၀ ဒေါ်လာ (မြန်မာငွေ ၈၅၀၀ ကျော်) ရှိပါတယ်တဲ့။
ဒါက Warehouse price #ဟောင်ကောင်ဂိုထောင်ဈေးနော်။ မြန်မာပြည်အရောက်ဈေးမဟုတ်သေးဘူး။❗
ဒါ့ကြောင့် ကျနော်အမြဲပြောတာပါ 3M N95 1860 ကို မြန်မာငွေ ၄၀၀၀ ပတ်ဝန်းကျင်ရောင်းရင် #အတုလို့တပ်အပ်ပြောရဲတာပါ။
ကျနော်အသိတစ်ယောက်က 3M N95 Mask 1860 ကို အခု ၂၀ ပါတစ်ဘူးကို မြန်မာငွေ ၇၀၀၀၀ ကျော်ပေးရကြောင်းပြောပြီးငြီးပါတယ်။
မြန်မာငွေ ၇ သောင်းပေးပြီးမှ ဝယ်ထားတဲ့ N95 Mask ဘူးကအတုဖြစ်နေမှန်းသိရတဲ့ဘဝပါ။ သက်သာတယ်ထင်ပြီးဝယ်ခဲ့တာမဟုတ်ဘူးတဲ့။ ရောင်းတဲ့သူက ကျန်းမာရေးဝန်ထမ်းမို့ ယုံပြီးဝယ်ခဲ့သတဲ့။
ကျနော်က လွှတ့်ပစ်လိုက်ပါ။ N95 #လို့ယူဆပြီး ဝတ်ခဲ့ရင် #ဝတ်တဲ့သူအန္တရာယ်ရှိတဲ့ အတုလို့ပြောတော့သူအတော်အံ့ဩသွားပါတယ်။
အခုသတင်းမြင်ရင် 3M 1860 N95 တွေကို ၄၀၀၀ လောက်ရောင်းရင် #ကျနော်ဘာလို့အတုလို့ပြောလဲ သူသိသွားလောက်ပါပြီ။
ပြဿနာက ပြီးခဲ့တဲ့ နိုဝင်ဘာလထဲမှာ မြန်မာပြည်ရှိဆေးရုံအချို့နဲ့ ကိုဗစ်စင်တာအချို့ရှိ သုံးနေတဲ့ 3M 1860 N95 Mask တွေ အတော်များများဟာ “#အတုတွေလို့” ကျနော့်ကိုပြောကြပါတယ်။
မြန်မာပြည်မှာ ကိုဗစ်ကာလမှာ ရှေ့တန်းကတိုက်ပွဲဝင်ဆောင်ရွက်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေ #အသက်အန္တရာယ်ကင်းဖို့အတွက်ဝတ်ရတဲ့ N95 Mask နဲ့ PPE ကို #အတုလုပ်ရောင်းသူအများအပြားရှိပါတယ်။
#အတုလုပ်မရောင်းရင်တောင် #ဈေးသက်သာတယ်ဆိုပြီးအတုကိုတင်သွင်းပြီးရောင်းကြပါတယ်။
ပိုဆိုးတာက တင်ဒါခေါ်တဲ့အခါမှာ 3M N95 Mask ကိုမော်ဒယ်နာမည်နဲ့အတိအကျခေါ်ပြီး ဈေးကျတော့အတုဈေးနဲ့ တင်ဒါဖြတ်ကြတာမျိုးကိုတွေ့ရခြင်းပါ။
#အတုဈေးနဲ့အတုပဲရပါမယ်။ ဒါအမှန်တရားပါ။ ကျနော်အနေနဲ့ Mask လည်းမရောင်း၊ PPE လည်းမရောင်းလို့ ဝင်ပြောရဲတာပါ။
တွေ့နေမြင်နေရတာတွေ၊ ကြားနေရတာတွေက လူ့အသက်အန္တရာယ်ထိခိုက်စေတဲ့ကိစ္စမို့ပါ။
အထူးသဖြင့် ကိုဗစ်အတွက်ရှေ့တန်းကတိုက်နေရတဲ့ ကျန်းမာရေးဝန်ထမ်းတွေက #ဒီအတုတွေသုံးနေရတာမြင်ရတာရင်နာဖို့ကောင်းလှပါတယ်။
နောက်တစ်ခုပြောပါအုံးမယ်။
အစစ်နဲ့ဆင်တူယိုးမှား 3M N95 Mask အတုကို သွင်းတဲ့သူကသွင်းလာပြီး ဆရာဝန်တွေကို #အချင်းချင်းပြန်ဖြန့်ခိုင်းတဲ့ကိစ္စပါ။
ဌာနလက်ကိုင်ရှိတဲ့ဆရာဝန်တစ်ယောက်ရောင်းထားတဲ့ Mask တွေလာပြတဲ့အခါမှာ #အတုတွေဖြစ်နေကြောင်း ရင်နာစွာတွေ့ရပါတယ်။
သူကိုယ်တိုင်ကမသိလို့ ဈေးသက်သာစေချင်တဲ့စိတ်နဲ့ဖြန့်ပေးနေပုံရပါတယ်။
#ဘာပဲဖြစ်ဖြစ်အတုဟာအတုပါပဲ။
လာသေးတယ်။ အတုက 95% မကာကွယ်ပေမယ့် 80% လောက်ကာကွယ်တယ်လို့ မားကတ်တင်းလုပ်လာပါသေးတယ်။
အတုဆိုကတည်းက ဘယ်လောက်ရာနှုန်းကာကွယ်မယ်လို့ #စမ်းသပ်ထုတ်လုပ်ထားခြင်းမရှိတာကြောင့်အသက်အန္တရာယ်ရှိတဲ့ပစ္စည်းဖြစ်သွားပါပြီ။
ဘယ်လောက် % ကာကွယ်မှန်းမသိတဲ့ Mask ကို 95% ကာကွယ်တဲ့ N95 လိုမျိုးဝတ်ရတဲ့အခါ အန္တရာယ်အလွန်ကြီးပါတယ်။
စံချိန်စံညွှန်းမမီတဲ့အတုတွေကို #နိုင်ငံတကာဥပဒေအရ 🔥 မီးရှို့ဖျက်ဆီးပစ်ရမှာဖြစ်သလို၊ သိသိနဲ့ဖြစ်စေမသိပဲဖြစ်စေအတုရောင်းသူကိုလည်းအရေးယူရမှာဖြစ်ပါတယ်။
အခုဆိုရင် 3M 1860 N95 Mask အစစ်ဟာ အများဈေးနဲ့ မြန်မာပြည်အရောက်ကို မြန်မာငွေအနည်းဆုံး ၉၀၀၀ ကျော်လောက်ရှိတယ်ဆိုတာ #ဟောင်ကောင်ကာစတန်သတင်းအရ မှန်းဆနိုင်ပါတယ်။
ပြဿနာက #အစစ်နီးပါးပုံတူလုပ်ထားတဲ့ N95 အင်အတုကို ၈၀၀၀ လောက်နဲ့ မားကတ်ထဲဖြန့်နေကြတဲ့သူတွေကလည်းရှိပါသေးတယ်။
ထပ်ပြောပါမယ်။ အတုဟာအတုပါပဲ။ မိရင် #စံပြအဖြစ်ထောင်ထဲထည့်မှမလုပ်ရဲကြမှာပါ။
ရှေ့တန်းကကျန်းမာရေးဝန်ထမ်းတွေရဲ့ #အသက်အန္တရာယ်နဲ့ဆိုင်တဲ့ကိစ္စမို့ အခုလိုအထပ်ထပ်ပြောနေရတာပါ။
3M N95 အတုတွေကိစ္စနဲ့ပတ်သက်ပြီး ဒီဇင်ဘာလဆန်းတုန်းက ဆရာတစ်ယောက်ရေးထားတာကိုဖတ်ဖူးပါတယ်။
တလက်စတည်း Mask တွေရဲ့ Brand ကိစ္စထည့်ပြောပါမယ်။
တလောက ကျနော့်ကို Mask ညွှန်ပေးဖို့လာပြောတဲ့သူတွေရှိပါတယ်။
N95 Mask ကို အခုမှ Mask ထုတ်တဲ့ကုမ္ပဏီကဘယ်လောက်ပြောပြော၊ ဘူးပေါ်မှာ N95, FFP2 ဘာညာစသည်ဖြင့် ဘာပဲရေးရေး ယုံကြည်သုံးစွဲဖို့သတိထားပါတယ်။
မညွှန်ပေးရဲပါ။
Dräger နဲ့ 3M လိုကုမ္ပဏီမျိုးကိုကျနော်တို့က ယုံကြည်တယ်ဆိုတာက ကျနော်သူတို့ကို Quality assessment လုပ်ဖူးထားလို့ပါ။
3M ဟာ Occupational Health and Safety အတွက် material ကိုထုတ်ရာမှာ နှစ်ပေါင်းများစွာနာမည်ကြီးသူပါ။
Dräger ဆိုရင်လည်း Quality control အပိုင်းမှာ စက်ရုံတွေအထိကျနော်တို့အတူတူ accessment တွေလုပ်ခဲ့တော့ သူတို့ထုတ်တဲ့ Mask တွေရဲ့အရည်အသွေးကို ကျနော်တို့က ယုံကြည်ပြီးသားပါ။
ကျနော့်အနေနဲ့ CDC မှာ Covid-19 Response အတွက် Test လုပ်ထားတဲ့ Report မတွေ့ရင်၊ ကိုယ်ယုံကြည်စိတ်ချတဲ့ brand မဟုတ်ရင် မညွှန်ပေးပါဘူး။
အခုဟောင်ကောင်ကာစတန်ကဖမ်းမိတဲ့ကိစ္စကိုဆက်ရရင် ၂၀၂၀ ခုနှစ် ဇန်နဝါရီ ကိုဗစ်စကတည်းက ဟောင်ကောင်ကာစတန်က Protective health gear လို့ခေါ်တဲ့ Mask နဲ့ PPE တွေကို ဟောင်ကောင်မှာစစ်ဆေးခဲ့ပါတယ်။
အရေးအကြီးဆုံးက အတုမဖြစ်စေဖို့ပါ။ အစစ်ဆိုရင် ဘယ်လောက်ရရတရုတ်အစိုးရကပေးသွင်းခဲ့ပါတယ်။
အဲ့ဒီ 🇭🇰 ဟောင်ကောင်ကာစတန်ရဲ့ Operation Guardian စစ်ဆင်ရေးအတွင်း Mask အတုပေါင်း 6.2 သန်းအထိဖမ်းမိထားပါတယ်။
လောလောဆယ်အတုရောင်းဝယ်သူ (၈၈) ယောက်ကို Consumer Goods Safety Ordinance နဲ့ဖမ်းဆီးထားပါတယ်။
ထပ်ပြောပါမယ်။ PPE နဲ့ Mask အတုတွေရောင်းတာရပ်တန်းကရပ်ကြပါ။
“အမျိုးသားရေးကိစ္စမို့မဖြစ်မနေဝင်ပြောရပါတယ်။”
Richard Myo Thant
19-January -2021