🇲🇲 #မြန်မာပြည်အတွက်ကာကွယ်ဆေးသတင်းကောင်းတစ်ခု။
🇮🇳 အိန္ဒိယက Oxford ကိုဗစ်ကာကွယ်ဆေးကို #ဒီနေ့ဗုဒ္ဓဟူးနေ့ကစပြီးပြည်ပကိုတင်ပို့ပါမယ်။
🇲🇲 မြန်မာနိုင်ငံဟာလည်း #ဒီအပတ်ထဲမှာပဲ ဦးစားပေးအနေနဲ့ ပထမအသုတ်ကိုရရှိမယ်လို့ဆိုပါတယ်။
Oxford -AstraZeneca ရဲ့ကာကွယ်ဆေး AZD1222 ကို 🇮🇳 အိန္ဒိယရှိ Serum Institute of India ကာကွယ်ဆေးစက်ရုံက COVISHIELD အနေနဲ့ လိုင်စင်ခံထုတ်လုပ်ခဲ့တာပါ။
Serum Institute of India ရဲ့ CEO က ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက Reuters ရိုက်တာသတင်းဌာနနဲ့အင်တာဗျူးမှာ ပြည်ပပို့ခွင့်မတ်လအထိပိတ်ထားတယ်ပြောခဲ့လို့ အားလုံးကစိုးရိမ်ခဲ့ကြဖူးပါတယ်။
CEO Adar Poonawalla က ကာကွယ်ဆေး #ပြည်ပပို့ခွင့်ပိတ်ထားတယ်လို့ တရားဝင်ပြောကြားခဲ့ဖူးတာကြောင့် CNA, Reuters, yahoo ကစလို့ သတင်းမီဒီယာတော်တော်များများ ဖော်ပြခဲ့ကြပါတယ်။
အခုတော့ပြည်ပကို #တင်ပို့ခွင့်ရတာကျိန်းသေပြီဖြစ်ပါတယ်။
ပြီးခဲ့တဲ့အပတ်တုန်းက Reuters ရိုက်တာသတင်းဌာနကို သူတို့အနေနဲ့ WHO ရဲ့ အရေးပေါ်အသုံးပြုခွင့်မကြာခင်ရမယ်လို့ မျှော်လင့်ကြောင်းပြောခဲ့ပါတယ်။
ဘာပဲပြောပြောအခုလို ယနေ့ကစပြီး ပြည်ပတင်ပို့တာဟာ 🇲🇲 မြန်မာပြည်နဲ့ ဝင်ငွေနည်းတဲ့နိုင်ငံတွေအတွက် သတင်းကောင်းဖြစ်ပါတယ်။
အခုဦးစားပေးတင်ပို့မယ့်နိုင်ငံတွေကတော့ – 🇲🇲 မြန်မာ၊ 🇧🇩 ဘင်္ဂလားဒေ့ရှ်၊ 🇳🇵 နီပေါ၊ 🇸🇨 Seychelles တို့ဖြစ်ပါတယ်။
🇧🇩 ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနက သူတို့အတွက် #လက်ဆောင်အဖြစ် နက်ဖြန်ကြာသပတေးနေ့မှာ doses ပေါင်း ၂ သန်းရမယ်လို့ပြောပါတယ်။
🇧🇩 ဘင်္ဂလားဒေ့ရှ်က လူဦးရေသန်းပေါင်း၁၆၀ အတွက် အခုလက်ဆောင်ရမယ့် ၂ သန်းအပြင် Serum Institute မှ doses သန်း ၃၀ ထပ်မှာထားပါတယ်။
ယနေ့အိန္ဒိယကစပို့မယ့် နိုင်ငံတွေကတော့ အိမ်နီးချင်း 🇧🇹 ဘူတန်နဲ့ 🇲🇻 မော်ဒိစ်ကျွန်းနိုင်ငံတို့ပါ။
Oxford -AstraZeneca ရဲ့ကာကွယ်ဆေးကို လိုင်စင်ခံထုတ်ထားတဲ့ COVISHIELD ဟာ သယ်ယူပို့ဆောင်ဖြန့်ဖြူးရတာလွယ်ကူပြီး ဈေးလည်းသက်သာကာ အာနိသင်လည်းရှိတာကြောင့် ဝင်ငွေနည်းတဲ့နိုင်ငံတွေအတွက် #လက်ရှိအနေအထားနဲ့ အသင့်တော်ဆုံးဖြစ်ပါကြောင်း။
အခု Oxford ကာကွယ်ဆေးနဲ့ပတ်သက်လို့သိသင့်တဲ့အချက်များကိုရေးပေးပါ့မယ်။
Richard Myo Thant
20-January -2021