ရန်ကုန်မြို့မှာမော်တော်ဆိုင်ကယ်မောင်းနှင်ခွင့်ပိတ်ပင်ခဲ့ရသည့်အကြောင်း
လွန်ခဲ့တဲ့ရက်အနည်းငယ်က dvbသတင်းမှာလာသွားခဲ့တဲ့ရန်ကုန်မှာ ဆိုင်ကယ်စီးခွင့်ပြန်လည်ပြုဖို့တောင်းဆိုတဲ့အကြောင်း ကြည့်လိုက်ရတယ်
ကမ္ဘာ့နိုင်ငံအတော်များများစီးခွင့်ရှိပြီရန်ကုန်မှာစီးခွင့်မရှိလို့ဝန်ကြီးချုပ်ဆီမှာတောင်းဆိုမယ်လို့သိရပါတယ်
ရန်ကုန်မှာဆိုင်ကယ်စီးခွင့်ပိတ်လိုက်တာဘာအကြောင်းကြောင့် ပိတ်တယ်ဆိုတာတရားဝင်ကြော်ငြာခဲ့တာမရှိခဲ့ဘူး
ဒါပေမယ့်ကျွန်တော်တို့သိထားတာတော့ရှိပါတယ်။ ကျွန်တော်လည်းငယ်စဉ်ကတော့motor cycle crazy တစ်ယောက်ပါပဲ
1984/85လောက်မှာ ၆မိုင်ခွဲ မြေနီကုန်း သမိုင်း တို့က ဆိုင်ကယ်သူရဲတွေဟာ ကျွန်တော်ရဲ့ဘော်ဒါလည်းဟုတ်ဆရာလည်း ဟုတ်ပါတယ် ကျွန်တော်ကအားလုံးထဲမှာအသက်အငယ်ဆုံးပါ သူတို့ကကျွန်တော့်ထက်၄နှစ်၅နှစ်ကြီးကြပါတယ်
ကျွန်တော်က၁၇/၁၈အရွယ်ပေါ့ ၆မိုင်ခွဲကဘော်ဒါကလူကလည်းသန်တော့ KaWaSaKi-750(အင်ဂျင်ပါဝါ၇ကောင်ခွဲ)ကိုစီးတယ်
တစ်ရက်ဘော်ဒါတွေစုံတဲ့အချိန်မှာ သူကဟေ့ကောင်မင်းငါ့ဆိုင်ကယ်စီးချင်ရင် ဓာတ်မီးတိုင်တစ်တိုင် တွန်းပြလို့ပြောတယ် ကျွန်တော်ချာတိတ်တုန်းက လူကောင်ကပိန်သေးသေးဆိုတော့ မတွန်းန်ိုင်ဘူးလို့သူကထင်နေတာ တစ်ကယ်တွန်းပြလိုက်
တော့အံ့သြသွားပြီးသူ့ရဲ့750 ဆိုင်ကယ်ကြီးကိုပေးစီးပါတော့တယ် လက်ကိုင်အမျိုးအစားကတော့easy rider မဟုတ်ပါဘူးsport type လို့ခေါ်တဲ့လက်ကိုင်အဖြောင့်ပါနောက်ပ်ိုင်းမှာတော့ကျွန်တော့်Kawasaki-400 easy rider(line-4)တွေကိုပဲအစီးများခဲ့တယ
် စကော့ဈေး(ဗိုလ်ချုပ်ဈေး)ထဲမှာမိုးကုတ်ကျောက်တွဝယ်ရောင်းလုပ်ရင်းနဲ့ တစ်ဖက်မှာ ဆိုင်ကယ်ဝယ်/စီး/ရောင်းလုပ်ပါတယ်။easy rider ဘီးကြီးတွေပဲစီးနေကြဆိုတော့ ဘီးကြီးသမားတွေနဲ့ပဲပေါင်းဖြစ်ခဲ့တယ်
အဲဒီအထဲမှာမြေနီကုန်းကဘော်ဒါတစ်ယောက်ကတော့တစ်ကယ့်ဆရာကြီးပဲ လူမှုရေးအရနာမည်မရေးတေ့ါပါဘူး နာမည်က၂လုံးထဲပါ သူနဲ့အနီးကပ်ပေါင်းခဲ့ရတာတော်တော်ကြောက်ဖို့ကောင်းတယ် ။
တစ်ကယ့် Gun Star တစ်ယောက်လိုပဲ။ဆံပင်က ကျောလယ်ထိရှိတယ် စစ်သုံးဖီးလ်ဂျက်ကက်အမြဲဝတ်တယ် ဂျင်းပန် အမြဲဝတ်ပြီးစစ်ဖိနပ်ကိုပဲအမြဲစီ်းတယ် သူကဘယ်ဖက်ခြေထောက်ဖြတ်ထားရပြီး နံရိုး၃ချောင်းကျိုးထားဘူးတယ်။ ခြေတုနဲ့ပါ်ဆိုင်ကယ်အက်ဆီးဒင့်ကြောင့်ဖြစ်ခဲ့ရတာတွေချည်းပါပဲ ။
ရန်ကုန်မှာ ကို–ိ ုးကြီးဆိုရင် ဆိုင်ကယ်သူရဲလောကမှာမသိသူမရှိဘူး သူသောင်းကျန်းခဲ့တာတွေပြောရရင်အများကြီးပဲ သူကjumping တွေရောeasyriderတွေရောအစုံစီးတယ် ။
၉၁ ဝန်းကျင် လောက်က ကျွန်တော်တို့ဘော်ဒါတွေRC-2 လှိုင်တက္ကသိုလ်ဖက်ကပြန်လာကြတယ်ည၇နာရီလောက်ပေါ့ လှည်းတန်းအနီးစံရိပ်ငြိမ်မှတ်တိုင်နားမှာ အတူတူစီးလာတဲ့ဘော်ဒါတစ်ယောက်က ကို–ိ ုးကြီးရဲ့ဆိုက်ကယ်က ိုကျော်တက်လိုက်တယ်။
အဲဒါကို ကို–ိ ုးကနဲနဲမူးနေတာ့စိတ်ဆိုးသွားတယ်ကျော်တက်သွားတာကိုစိတ်ဆိုးပြီးသူစီးနေတဲ့Yamaha DTကို ကျွန်တော့်မျက်စိရှေ့မှာပဲဆွဲမှောက်ပစ်လိုက်တယ် ။ လူရောဆိုင်ကယ်ရောကတ္တရာလမ်းမပေါ်မှာဒရွတ်တိုက်သွားတာ တော်တော်ဝေးတယ်။
လူကတော့လူးလှိမ့်ထလာပါတယ် သူ့ဆိုင်ကယ်ကကတ္တရာလမ်းနဲ့ ပွတ်တိုက်ပြီးမီးပန်းလေးတွေထွက်နေတယ် သူကမတ်တပ်ရပ်ပြီးကြည့်နေတယ်
ဆိုင်ကယ်ဒရွတ်တိုက်ပါသွားပြီးလမ်းဘေးပလက်ဖေါင်းနဲ့တိုက်ပြီး ရပ်သွားတော့မှ စံရိပ်ငြိမ်နားကအအေးဆိုင်ထဲဝင်ပြီးရေခဲသေတ္တာထဲကဘီယာဘူးတစ်ဘူးထုတ်လိုက်ပြီး သူ့လက်က ဆိုင်ကယ်မှောက်တဲ့ဒဏ်ရာတွေကိုဘီယာနဲ့လောင်းချလိုက်တယ်
ပြီးတော့မှစီးကရက်ဖွာပြီးဘီယာသောက်နေတယ်အခုနကကျော်တက်သွားတဲ့သူငယ်ချင်းကလည်းပြန်လည့်လာပြီး သူ့ဆိုင်ကယ်ကိုဆိုင်ရှေ့ယူလာပေးပါတယ် အချင်းချင်းစ်တ်မဆိုးဖို့ပြောပြီးဘီဟာသောက်ကြတယ် ပြီးတော့လမ်းခွဲပြီးအိမ်ပြန်ကြတယ်
ဟံသာဝတီအဝိုင်းကြီးမှာတာဝန်ကျတဲ့ယာဉ်ထိန်းရဲတွေ ဟာအလှည့်ကျဂျူတီနဲ့ဆိုပေမယ့်သူနဲ့ရင်းနှီးတဲ့ဘော်ဒါတွေများတယ် ။
ဆိုင်ကယ်ဦးထုပ်ဘယ်တော့မှမဆောင်းတဲ့သူ့ကိုမော်တော်ပီးကယ်တွေက ဟိုဖက်လှည့်သွားပြီးမမြင်ချင်ယောင်ဆောင်ပေးတယ် ။
တာဝန်ကျသူအသစ်ရောက်လာလ်ို့သူ့ကိုဝီစီမှုတ်ပြီးဖမ်းရင်မောင်းပြေးတယ် ပြီးတော့သူ့ဘော်ဒါတစ်ယောက်ခေါ်လာပြီးမောင်ခိုင်းတယ်သူကနောက်ကထိုင်တယ်သူ့ကိုဖမ်းတဲ့ယာဉ်ထိန်းရဲအနားမောင်းခိုင်းတယ်အနားရောက်တာနဲ့ယာဉ်ထိန်းရဲရဲ့ဦးထုပ်ကိုလက်နဲ့ပုတ်ချပြီး ဘောလုံးလိုကန်ပစ်တယ် သူကအဲလောက်ထိသောင်းကျန်းတတ်တယ်
အဲဒီခေတ်ကထောက်လှမ်းရေးခေတ်ဆိုတော့ ကို–ိ ုးကြီးတို့ကထောက်လှမ်းရေးကို ပေါင်းထားတော့ဘယ်သူမှသူ့ကိုပြသနာမလုပ်ရဲကြဘူးနောက်တစ်ခါလှည်းတန်းမီးပွိုင့်မှာပြသနာရှာပါသေးတယ် ၉၀ခုနှစ်ကျော်လောက်ကလှည်းတန်းမီးပွိုင့်တိုင်တွေက အခုလိုအမြင့်ကြီးတွေမဟုတ်ဘူး လူ၂ရပ်အမြင့်နီးပါးလောက်ပဲရှိတယ်။ တိုင်အဖြောင့်တွေပါ။
တစ်ရက်မှာyamaha DTနဲ့ကို–ိ ုးကြီးရောက်လာပြီးဆိုင်ကယ်ကို မီးပွိုင့်ပလက်ဖေါင်းပေါ်မောင်းတက်တယ် ပြီးတော့ဆိုင်ကယ်ကို ဒေါက်ထောက်ပြီးအပေါ်တက်မတ်တပ်ရပ်လို့ Bossny မှုတ်ဆေးဘူး အနီဘူးနဲ့မှုတ်ပစ်လိုက်တယ်
မီးပွိင့်ကအဝေးကကြည့်ရင်အကုန်နီကုန်တယ် ကားတွေအားလုံးမီးပွိုင့်မှာ ဒုက္ခရောက်ကုန်တယ် မော်တော်ပီကယ်မရှိတဲ့တာဝန်ချိန်အပြီးမှာလုပ်ပစ်ခဲ့တာပါ အဲဒီတုန်းကတော့ကို–ိ ုးကြီးဘာပြသနာမှမဖြစ်လိုက်ဘူးအေးဆေးပါပဲ
ထောက်လှမ်းရေးအရှိန်နဲ့အကာကွယ်ယူထားတာ..သူ့အဖို့အထိနာသွားတာကတော့ အခုအငြိမ်းစားယူထားသူ ဗိုလ်ချုပ်မှုးကြီးရဲ့လမ်းကြောင်းထဲကိုအတင်းထိုးဖေါက်ဝင်ပစ်လိုက်တဲ့ကိစ္စပါပဲ
..ဗိုလ်ချုပ်မှုကြီးနေရာယူပြီးမကြာခင်မှာ ဗ်ုလ်ချုပ်မှုးကြီးရဲ့VIP လမ်းကြောင်းသွားနေတာကို ကို–ိ ုးကြီးက နောက်ကအမှီလိုက်ပြီး အတင်းဖေါက်ဝင်လိုက်တယ် ပြီးတော့ အဲဒီခေတ်က 929ကားပေါ်မှာထိုင်လိုက်လာတဲ့ဗိုလ်ချုပ်မှုးကြီးကားဘေးပြတင်းပေါက်နားယှဉ်လိုက်တယ် လှည့်အကြည့်မှာ ရုပ်ရှင်ထဲကလမ်းသရဲတွေအော်သလိုဝူး ဝါးနဲ့စူးစူးဝါးဝါးအော်ပြီးဆိုင်ကယ်မောင်းပြေးပါတယ်
ဗိုလ်ချုပ်မှုးကြီးလည်းတော်တော်လန့်သွားပြီးအရမ်းစိတ်ဆိုးသွားတယ်လို့ဆိုပါတယ် ဒါပေမယ့်သူ့နောက်ကိုတော့ဘယ်တပ်ဖွဲ့ကမှလိုက်ပြီးမဖမ်းကြပါဘူး
အဲဒီည၁၂နာရီလောက်မှာတော့ ထောက်လှမ်းရေးအရာရှိအခြို့နဲ့ရပ်ကွက်လူကြီးရောက်လာပြီးသူ့ကိုခေါ်သွားပါတယ်။မိသားစုကိုလည်းထောက်လှမ်းရေးကပြောတယ်ခင်ဗျားတို ုသားကိုဘယ်မှာမှမစုံစမ်းပါနဲ့တစ်လပြည့်ရင်ပြန်လွှတ်ပေးလိုက်မယ်လို့ဆိုပါတယ်။
ကျွန်တော်ကဖမ်းသွားတာမသိလိုက်ဘူး သမိုင်းကသူငယ်ချင်းဆီရောက်လို့ ကို–ိ ုးကြီးပျောက်နေလို့မေးတော့ ”ဂျပန်မှာဆိုင်ကယ်သွားပြိုင်နေတယ်လို့နောက်ပြီးပြောတယ် ပြီးမှအဖြစ်မှန်ကိုသိရတာကထောက်လှမ်းရေးက ရေကြည်အိုင်ကိုခေါ်သွားပြီးLESSONပေးတယ်လို့ပြောတယ်
ကတုံးရိတ်ပြီးတော့မနက်မိုးလင်းတာနဲ့ဆိုင်ကယ်ပုံစံ လုပ်ထားတဲ့သစ်သားတုံးပေါ်ခွထိုင်ပြီး လက်ကိုင်လိုလုပ်ထားတဲ့ဒုတ်ကိုကိုင်ပြီးပါးစပ်က ခလေးတွေကားမောင်းသလို”ဝူး..ဝူး..ဝူး..ဘုတ်.ဘုတ်,.ဘုတ်”နဲ့အော်ခိုင်းပါတယ်
မောလို့ရပ်သွားရင်အောက်ဆင်းခိုင်းပြီး သူ့ရဲ့ခြေတုတစ်ဖက်ကိုဖြုတ် ခြေထောက်တစ်ဖက်တည်းရပ်ခိုင်းပြီး လက်နှစ်ဖက်ကိုဘေးဆန့်ပြီးလေယာဉ်ပျံမောင်းခိုင်းပ်ါတယ် တစ်နေကုန်အောင်မောင်းရတယ်
..အဲဒီလိုနဲ့ရေကြည်အိုင်စခန်းမှာတစ်လတိတိLESSON ပေးခံလိုက်ရပါတယ် ကို–ိုးကြီးလည်းဒီတစ်ခါတော့တော်တော်လေးခံလိုက်ရပါတယ်အဲဒီကိစ္စလည်းဖြစ်ပြီးရော ရန်ကုန်မှာဆိုင်ကယ်စီးခွင့်လုံးဝပိတ်ပစ်လိုက်ပါတော့တယ်
credit ပါ မူရင်းတင်သူ