ရန်ကုန် ဇန်နဝါရီ ၁၉ရက်
ပြေတီဦးဖောင်ဒေးရှင်းမှ ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက်
ဆေးတက္ကသိုလ်တက်ရောက်မည့် ကျောင်းသား/ကျောင်းသူ ၅ဦး
စက်မှုတက္ကသိုလ်တက်ရောက်မည့် ကျောင်းသား/ကျောင်းသူ ၅ဦး
ဥပဒေ ကျောင်းသား/ကျောင်းသူ ၂ဦး
စုစုပေါင်း (၁၂) ဦးတို့အား ထောက်ပံ့ပေးမည်ဖြစ်ကြောင်း သိရသည်။
ရွေးချယ်ခံရသော ကျောင်းသား၊ ကျောင်းသူများအား လစဥ် ၁၀၀၀၀၀/-ကျပ်(တစ်သိန်းကျပ်)ထောက်ပံ့ပေးမည်ဖြစ်ပြီး ကျောင်းပိတ်သောလများတွင် ၂၀၀၀၀/-ကျပ် (နှစ်သောင်းကျပ်)ထောက်ပံ့ပေးမည်ဖြစ်ကြောင်းသိရသည်။
လျှောက်ထားလိုသူများအနေဖြင့် “ပြေတီဦးဖောင်ဒေးရှင်း” အမှတ်(၃၁၁)၊ အခန်း(၁၁)၊ဗိုလ်ချုပ်အောင်ဆန်းလမ်း(၃၅လမ်းထောင့်)၊ ၂ရပ်ကွက်၊ ကျောက်တံတားမြို့နယ် ရန်ကုန်မြို့ (သို့) ပြေတီဦးဖောင်ဒေးရှင်း facebook page messenger (သို့) စာတိုက်မှတဆင့်အောက်ပါအချက်အလက်များအတိုင်း လျှောက်ထားနိုင်သည်။
(၁) မိမိကိုယ်တိုင်ရေးသားသည့် လျှောက်လွှာဖြင့် လျှောက်ထားရန်
(၂) အခြေခံပညာ အထက်တန်းစာမေးပွဲ အောင်မြင်ခဲ့သည့် အမှတ်စာရင်းမိတ္တူ
(၃) လျှောက်ထားသူနှင့် မိဘနှစ်ပါး၏ မှတ်ပုံတင်မိတ္တူ၊ သန်းခေါင်စာရင်းမိတ္တူ
(၄) ကာလာ ပက်စ်ပို့ဓါတ်ပုံ ၃ပုံ။(ဆက်သွယ်ရန်လိပ်စာအပြည့်အစုံနှင့် ဆက်သွယ်ရမည့်ဖုန်းနံပါတ်)
(၅) မိဘ(သို့) အုပ်ထိန်းသူများအနေဖြင့် မိမိတို့ သား၊သမီး ပညာသင်ကြားနိုင်ရေးအတွက် အမှန်တကယ်အခက်အခဲရှိနေကြောင်း တင်ပြချက်။
(၆) တက္ကသိုလ်တက်ရောက်ရန်အတွက် ငွေကြေးအခက်အခဲရှိကြောင်း မိမိနေထိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူး၏ ထောက်ခံစာ
(၇) အောက်ပါအချက်များကို ကိုယ်တိုင်ဝန်ခံချက်ရေးသားရပါမည်။
(က) တစ်နှစ်တစ်တန်းအောင်မြင်ရန် တာဝန်ယူကြောင်းနှင့် စာမေးပွဲကျပါကနောင်နှစ်တွင် ထောက်ပံ့ကြေးရရှိမည် မဟုတ်သည်ကိုသိရှိပါကြောင်း (သက်ဆိုင်ရာတက္ကသိုလ်မှ ကျောင်းခေါ်ချိန် မပြည့်မီသဖြင့် စာမေးပွဲဖြေဆိုခွင့်မရရှိလျှင်လည်း စာမေးပွဲကျသည်ဟု မှတ်ယူမည်။
(ခ) မည်သည့် ပုဂ္ဂိုလ်/အဖွဲ့အစည်း၏ထောက်ပံ့မှုရယူထားခြင်းမရှိပါကြောင်း ဝန်ခံချက်။
(ဂ) ပညာသင်ကြားနေစဥ်အတွင်း ပါတီနိုင်ငံရေးလုပ်ဆောင်ခြင်း ပြုလုပ်မည်မဟုတ်ပါကြောင်း ဝန်ခံချက်
(ဃ) ပြေတီဦးဖောင်ဒေးရှင်း၏ ထောက်ပံ့ငွေဖြင့် ဆေးတက္ကသိုလ်မှ ဆရာဝန်ဘွဲ့ရရှိပါက မိမိနိုင်ငံအတွင်း မရှိနွမ်းပါးသော ပြည်သူများ၏ ကျန်းမာရေးကို အနည်းဆုံး(၅)နှစ် ဦးစားပေးစောင့်ရှောက်သော ဆရာဝန်အဖြစ် လုပ်ကိုင်မည် ဖြစ်ကြောင်း ဝန်ခံချက်။
စသည့်အချက်များဖြင့် လျှောက်ထားနိုင်သည်။
ပြေတီဦးဖောင်ဒေးရှင်းအဖွဲ့သည် ပညာသင်စရိတ် အမှန်တကယ်လိုအပ်သူများအား ထောက်ပံ့ပေးနိုင်ရန်ရည်ရွယ်ချက်ဖြင့် (၂၀၁၀) ခုနှစ်မှ စတင်ဖွဲ့စည်းတည်ထောင်ခဲ့သော ဖောင်ဒေးရှင်းတခုဖြစ်သည်။
Pyae Phyo/D-Wave