နော်ဝေနိုင်ငံမှာ Pfizer ဖိုင်ဇာကာကွယ်ဆေးထိုးပြီး သက်ကြီးရွယ်အို (၂၃) ယောက်သေဆုံးခဲ့တယ်ဆိုတဲ့ကိစ္စကို ကျွမ်းကျင်သူတွေကစိစစ်နေပါတယ်။
၂၀၂၀ ဒီဇင်ဘာလကုန်အထိ 🇳🇴 နော်ဝေနိုင်ငံမှာ ဖိုင်ဇာကာကွယ်ဆေးထိုးခဲ့သူ ၃၀၀၀၀ ကျော်ရှိပါတယ်။
အခုသေဆုံးခဲ့သူတွေက အသက် ၈၀ ကျော်နဲ့ ၉၀ ကျော်တွေဖြစ်ပါတယ်။
Norwegian Institute of Public Health က သတိပေးစာထုတ်ပြန်ပါတယ်။
“#အသက်အလွန်ကြီးတဲ့သူတွေမှာ ကာကွယ်ဆေးထိုးမယ်ဆိုရင် #ချိန်ဆသင့်ပါတယ်တဲ့။”
👉 “သဘောက မည်သည့်ကာကွယ်ဆေးမဆို side effects က ရှိပါတယ်။”
ဥပမာ – 🇨🇳 တရုတ် Sinopharm ကာကွယ်ဆေးမှာ side effects ( 73 ) မျိုးကိုထည့်ရေးထားတဲ့အတွက် ဝေဖန်မှုတွေရှိခဲ့ပါတယ်။
Sinopharm အနေနဲ့မမှားပါ။ သူ့ကာကွယ်ဆေးထိုးရင် ဒါတွေဖြစ်နိုင်တယ်ဆိုတာ လူသိအောင်ကြိုပြောထားတာပါပဲ။ တစ်ခုခုဆိုသူ့ကိုအပြစ်တင်လို့မရအောင်ပါ။
အခု ဖိုင်ဇာရဲ့ mRNA ကာကွယ်ဆေးအကြောင်းဆက်ရရင် အသက်ကြီးတဲ့သူတွေအနေနဲ့ အထိမခံရွှေပန်းကန်အခြေအနေမျိုးပါ။
ကြွေလုလုအခြေအနေမှာ “ထန်းသီးကြွေခိုက်ကျီးနင်းလိုက်” ချိန်နဲ့သွားဆုံတတ်ပါတယ်။
အခုသေဆုံးခဲ့တဲ့ (၂၃) ယောက်မှာ (၁၃) ယောက်ကပဲ mRNA ဆေးထိုးရင်ဖြစ်တတ်တဲ့ side effects မျိုးတွေပြခဲ့ပါတယ်။
ဥပမာ – မူးဝေအော့အန်တာ၊ ဝမ်းလျောတာနဲ့ အဖျားတက်တာမျိုးပါ။
အသက်ငယ်သူတွေနဲ့ကျန်းမာသူတွေကိုတော့ Pfizer ကာကွယ်ဆေးထိုးဖို့ အားပေးပါတယ်။
တကယ်တော့ 🇺🇸 အမေရိကန်မှာလည်း လူသန်းပေါင်းများစွာကိုထိုးပေးခဲ့ပြီး mRNA ကြောင့်လူသေဆုံးခဲ့တယ်ဆိုတဲ့ သတင်းမျိုးမကြားရသေးပါ။
ကျနော့်အကိုနဲ့ ပြီးခဲ့တဲ့အပတ်ကစကားပြောတုန်းက သူ့တုန်းကလည်း #ချမ်းသလိုလိုပင်ပန်းနွမ်းနယ်သလိုလိုဖြစ်ပါတယ်တဲ့။
သူကတော့ 🇺🇸 အမေရိကန်မှာ ဒီဇင်ဘာလလယ်လောက်ကပထမအကြိမ်ထိုးခဲ့ပြီး၊ပြီးခဲ့တဲ့အပတ်ကဒုတိယအကြိမ်ထိုးခဲ့တာပါ။
🩺 သူ့အနေနဲ့ ကိုဗစ်လူနာတွေကို ထိတွေ့ကုသနေရတော့ ကာကွယ်ဆေးထိုးထားပြီးဖို့က အရေးကြီးပါတယ်။
🇳🇴 နော်ဝေမှာ သက်ကြီးရွယ်အိုတွေကာကွယ်ဆေးကြောင့် သေဆုံးခဲ့ရသလားဆိုတာ #ယတိပြတ်အဖြေမထုတ်နိုင်သေးပါ။
ဒီသတင်းကို ကြားခဲ့ပေမယ့် အတည်ပြုလို့မရတဲ့ Dailymail လိုနေရာကသတင်းတွေဖြစ်နေတာကြောင့် သေချာအောင်စောင့်ပြီးမှရေးခဲ့တာပါ။
နော်ဝေနိုင်ငံရဲ့ Norwegian Medicines Agency ရဲ့အပြောအရ Pfizer ကာကွယ်ဆေးထိုးခဲ့သူ အမျိုးသမီး (၂၁ ) ယောက်နဲ့ အမျိုးသား (၈) ယောက်မှာ side effects တွေပြပါတယ်။
သေဆုံးခဲ့သူတွေအပြင် (၉) ယောက်က ပြင်းထန်တဲ့ side effects ပြခဲ့ပေမယ့်သေလောက်အောင် မဖြစ်ခဲ့တာပါ။
(၇) ယောက်က သိပ်မပြင်ထန်တဲ့ ဘေးထွက်ဆိုးကျိုး side effects မျိုးပြခဲ့ပါတယ်။
(၉) ယောက်က ဓာတ်မတည့်မှုပြတယ်၊ အပူချိန်ပြင်းပြင်းတက်တယ်၊ ပြင်းပြင်းထန်ထန်မအီမသာဖြစ်တယ်၊ ကာကွယ်ဆေးထိုးထားတဲ့နေရာမှာ အတော်လေးနာကျင်မှုမျိုးခံစားရတာတွေ ဖြစ်ခဲ့ပါသတဲ့။
💉 အခုအချိန်မှာ #အသက်အရွယ်ကြီးရင့်သူတွေကို ကာကွယ်ဆေးထိုးမယ်ဆိုရင် အသက်ရယ်၊ ကျန်းမာရေးအခြေအနေရယ်၊ ရောဂါကူးစက်နိုင်မှုအခွင့်အလမ်းရယ် #အခြေအနေအားလုံးကိုထည့်သွင်းစဉ်းစားသင့်ပါတယ်။
Richard Myo Thant
18-January -2021