News

“သရုပ်ဆောင်ထူးခန့်ကျော်ဦးစီးပြီး တည်မယ့်ဘုရားအတွက် အလှူငွေ လှူဒါန်းခဲ့တဲ့ ချိုပြုံး”

ပရိသတ်တွေတခဲနက်အားပေးခဲ့ကြတဲ့မမှီဝဲနဲ့ကင်းအောင်နေဇာတ်လမ်းတွဲမှာဦးဗေဒါအဖြစ်ပါဝင်သရုပ်ဆောင်ခဲ့တဲ့ထူးခန့်ကျော်ကတော့ပီပြင်တဲ့အိုက်တင်တွေနဲ့သဘာဝကျကျသရုပ်ဆောင်မှုတွေကြောင့်ပရိသတ်တွေကြားရေပန်းစားလူကြိုက်များခဲ့တာလည်းဖြစ်ပါတယ်။

လတ်တလောမှထူးခန့်ကျော်က ဘုရားတည်ဖို့အတွက်ပရိသတ်တွေနဲ့အနုပညာရှင်အချို့နဲ့ပရိသတ်အချို့ကအလှူငွေတွေလှူဒါန်းခဲ့ကြပါတယ်။လတ်တလောမှာတော့ပြည်သူချစ်အနုပညာရှင်ချိုပြုံးကဘုရားတည်ဖို့အလှူငွေလှူဒါန်းခဲ့တယ်လို့သိရပါတယ်။

ခင်မင်သူတွေလူကြီးမင်းများလက်ခုပ်တီးပါမချိုသီချင်းဆိုမယ်ဆိုတဲ့အကယ်ဒမီများရှင်အမေဒေါ်ချိုပြုံးနှင့်သမီးမနီတာမိသားစုတို့မှကျွန်တော်ဘုရား တည်ရာမှာအလှူငွေ၁၀၀၀၀၀ကျပ်နဲ့ကျွန်တော်ထံယုံကြည်စွာဖြင့်လာရောက်ခါအရိုးအကြောလေးတွေကုသမှု့ပေးပါသောကြောင့်အထူးပင်ကျေးဇူးတင်ရှိပါတယ်ဆိုတဲ့စာသားလေးနဲ့အတူချိုပြုံးရဲအလှူပုံရိပ်လေးတွေကိုပရိသတ်တွေကိုမျှဝေပေးလာခဲ့ပါတယ်။

တချိန်ကအမေ့ပါးတခြမ်းဘယ်သားနမ်းမလဲဆိုတဲ့ ဇာတ်ကားနဲ့အမေချိုနဲ့အတူဗီဒီယိုဇာတ်ဝင်ခန်းအတော်များများဆုံဖူးခဲ့ပြီးစိတ်ပါလက်ပါနဲ့ကျွန်တော့်ကိုသားအရင်းတစ်ယောက်သဖွယ်သဘောထားပြီးရိုက်ကူးပေးမှုများကလည်းအင်မတန်ကျေးဇူးကြီးလှခဲ့ပါတယ်။

အခုလိုအမေချိုအားတစ်ထောင့်တစ်နေရာမှပါရမီဖြည့် ကျေးဇူးဆပ်ခွင့်ကြုံခဲ့ရလို့လည်းအထူးပင်ကျေးဇူးတင်ရှိသလိုအမေတို့မိသားစုအလှူအတွက်သာဓုအကြိမ် ကြိမ်ခေါ်ဆိုလိုက်ပါတယ်လို့လည်းရေးသားဖော်ပြခဲ့ပါတယ်။

Zawgyi Version

ပရိသတ်တွေတခဲနက်အားပေးခဲ့ကြတဲ့မမှီဝဲနဲ့ကင်းအောင်နေဇာတ်လမ်းတွဲမှာ ဦးဗေဒါအဖြစ်ပါဝင်သရုပ်ဆောင်ခဲ့တဲ့ထူးခန့်ကျော်ကတော့ ပီပြင်တဲ့အိုက်တင်တွေနဲ့သဘာဝကျကျသရုပ်ဆောင်မှုတွေကြောင့်ပရိသတ်တွေကြားရေပန်းစားလူကြိုက်များခဲ့တာလည်းဖြစ်ပါတယ်။

ခင်မင်သူတွေလူကြီးမင်းများလက်ခုပ်တီးပါ မချိုသီချင်းဆိုမယ်ဆိုတဲ့အကယ်ဒမီများရှင်အမေ ဒေါ်ချိုပြုံးနှင့်သမီးမနီတာမိသားစုတို့မှ ကျွန်တော်ဘုရားတည်ရာမှာအလှူငွေ ၁၀၀၀၀၀ ကျပ်နဲ့ကျွန်တော်ထံယုံကြည်စွာဖြင့်လာရောက်ခါ အရိုးအကြောလေးတွေကုသမှု့ပေးပါသောကြောင့်အထူးပင်ကျေးဇူးတင်ရှိပါတယ်ဆိုတဲ့စာသားလေးနဲ့အတူချိုပြုံးရဲ့အလှူပုံရိပ်လေးတွေကို ပရိသတ်တွေကိုမျှဝေပေးလာခဲ့ပါတယ် ။

Credit