News

“အဆိုတော် လာဇရု ရုတ်တရက် ကွယ်လွန်. . . .ဂီတကြယ်တစ်ပွင့် ကြွေလွင့်ပြီ”

ဂီတကြယ်တစ်ပွင့် ကြွေလွင့်ပြီ

ကိုကျော်နိုင်သူ(ခ)လာဇရု

ယနေ့မနက် ၄:၅၀ အချိန်တွင် သူချစ်တဲ့ ကမ္ဘာကြီး . သူချစ်တဲ့ အနုပညာ . သူချစ်တဲ့သူတွေအားလုံးကို နှုတ်ဆက်ခွဲခွာခဲ့ပါပြီ… မပြောပြတတ်တဲ့ ဆုံးရှုံးမှုကြီးတစ်ခုကို ကျွန်တော်တို့ ရင်ဆိုင်လက်ခံလိုက်ရပြီ…

“မနက်စောစောအိပ်ရာကနိုးနိုးချင်းသတင်းဆိုးကြားရတယ်။ကိုကျော်နိုင်သူ Lar Zaru (အဆိုတော် လာဇရု)ကြီးဆုံးပြီတဲ့။မတော်တဆချော်လဲရင်းခေါင်းကိုထိခိုက်ပြီးဆုံးတာတဲ့။

ဟိုတလောကတင် ကိုဗစ်ပြီးရင်သူနဲ့အလုပ်တွေလုပ်ကြဖို့ပြောမိနေသေး။ဖေ့ဘုတ်မှာ ‘အိုကေ ဘေဘီ’လို့ အမြဲနောက် တတ်သူကြီးစိတ်မကောင်းဘူးဗျာ” ဟုမိတ်ဆွေဖြစ်သူသွန်းနေစိုးက သူ့ရဲ့လူမှုကွန်ယက်မှတဆင့်ရေး သားဖော်ပြထားသည်။

အဆိုတော်လာဇရုသည်မတော်တဆချော်လဲ၍ဦးခေါင်းဒဏ်ရာရရှိပြီးမြောက်ဥက္ကလာပဆေးရုံဦးနှောက်နှင့်အာရုံကြောအရေးပေါ်ဌာနတွင်ဆေးကုသမှုခံယူရင်းယနေ့မနက်ပိုင်းတွင်ကွယ်လွန်သွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်

ဇော်ဝင်းထွဋ်အသံနဲ့ဆင်တူပြီး အဆိုတော်။အရေးတော်သော လာဇရုသည်ဇာတ်ဝင်တေးသီချင်းများစွာကိုလည်းရေးစပ်သီဆိုခဲ့ပြီးသုံးပွင့်ဆိုင်”အသည်းကွဲတဲ့ရောဂါ’ ‘ချစ်တဲ့သူ’ အစရှိသောသီချင်း များသည်၄၏လူကြိုက်များသောသီချင်းများတွင်ပါဝင်သည်။

လာဇရုရဲ့ အသဲကွဲတဲ့ ရောဂါ သီချင်းလေးကို အမှတ်တရအဖြစ် ဖော်ပြပေးလိုက်ပါတယ်

ရုပ်သံကြည့်ရန်

ကောင်းရာဘုံဘဝမှာ စံစား ခံစားနေပါအစ်ကို

ဝမ်းနည်းခြင်းများစွာဖြင့်

Horus Entertainment Myanmar