ဂျာကာတာ၊ ဇန်နဝါရီ ၁၇
အင်ဒိုနီးရှားနိုင်ငံရှိ အမြင့်ဆုံးမီးတောင်ဖြစ်သော ဆီမီရူးမီးတောင်သည် ချော်ရည်ပူများစီးကျနေစဉ်တွင် ပူပြင်းသော အခိုးအငွေ့များကိုပါ စနေနေ့က ထုတ်လွှတ်လျှက်ရှိပြီး၊ ယင်းအငွေ့ကြောင့်ဖြစ်သော တိမ်တိုက်သည် ၄ ဒသမ ၅ ကီလိုမီတာအဝေးအထိပင် ကျယ်ပြန့်ရှိကြောင်း သိရသည်။
ထို့ကြောင့် ယင်းမီးတောင်အနီးနေထိုင်ကြသူတို့အနေဖြင့် ချော်ရည်ပူများစီးဆင်းလာမှုနှင့် အခြားအန္တရာယ်ရှိမှုများကို သတိထားရန် အင်ဒိုနီးရှားနိုင်ငံ အမျိုးသားသဘာဝဘေးအန္တရာယ်ထိန်းသိမ်းရေးဌာနက သတိပေးထားသည်။ မီးခိုးတိမ်တိုက်များကြောင့် မိုးသည်းထန်စွာရွာသွန်းနိုင်ကြောင်းကိုလည်း သတိပေးထားသည်။
အင်ဒိုနီးရှားနိုင်ငံတွင် ပြီးခဲ့သည့် သောကြာနေ့ကပင်လျှင် အင်အား ၆ ဒသမ ၂ ရှိသည့် ငလျင်တစ်ခု လှုပ်ရှားခဲ့သဖြင့် လူ ၅၆ ဦးထက်မနည်းသေဆုံးကာ ရာနှင့်ချီ၍ ဒဏ်ရာရရှိခဲ့ကြသည်။
Ref: Indonesia’s highest volcano spews hot clouds
Photo: CGTN
#Popular News Journal