ကျနော်က နိုင်ငံ့ဝန်ထမ်းအမှုထမ်းတစ်ဦးပါ•••အသက်(၄၅)နှစ်ရှိပါပြီ•••
အသက်(၆၀)ပြည့်ရန် (၁၅)နှစ်သာ လိုပါတော့သည်•••အသက်(၇၉)နှစ်အရွယ် ဖခင်ဖြစ်သူနှင့် အတူနေထိုင်ပါသည်•••
ဖခင်မှာ အငြိမ်းစားစစ်မှုထမ်းဖြစ်ပါသည်•••အခြားအဆင့်မို့ ရရ စားစား ဘဝဖြင့် ယနေ့အထိ နေစရာအိမ်မရှိပါ••• ကျန်းမာရေးကလည်းအသက်အရွယ်အရမကောင်းတော့ပါ•••ဆွေမျိုးတော်စပ်သူနေအိမ်တွင်နေရပါသည်•••
ပြောချင်တာကကျနော် အသက်(၆၀) ပြည့်ရင် အဖေ့လိုပဲ သူများ အိမ်မှာနေရမှာလား•••?နေစရာမရှိတဲ့သူကို~လုပ်သက်(၂၅)နှစ်ပြည့်ပြီးသူ နိုင်ငံ့ဝန်ထမ်းကောင်း လက်မှတ်ရထားသူများကိုကားပါမစ်ပေးမယ်ဆိုတော့ကျနော့် လစာ ၂ သိန်းလောက်နဲ့ ကျနော်ကားဝယ်စီးဖို့ ဖြစ်နိုင်ပါ့မလား•••!
အခု ကျနော်ကသူများအိမ်မှာ ကပ်နေလို့ အိမ်ငှားခမကုန်သေးဘူး•••ကျနော်လစာရယ် အဖေ့ပင်စင်ရယ် ပေါင်းလိုက်ရင်နေစရာ ကိုယ်ပိုင်အိမ်မရှိတာကလွဲရင်
စားလို့လောက်ပါသေးတယ်•••
ကျနော့်ထက်အခြေအနေဆိုးတဲ့ ဝန်ထမ်းတွေ အများကြီးပါ•••မိဘပြန်ကြည့်ဖို့မပြောနဲ့သားကျွေးမှု မယားကျွေးမှုမပါ။လစာက အိမ်ငှားခနဲ့တင် နိထ္တိတန်နေပြီ•••
အဂတိတရား ကင်းသောဝန်ထမ်းများ ဖြစ်နိုင်ပါတော့မလား•••
လစာတိုးပေးရန်မလိုပါ~နေစရာမရှိသူကို နေစရာ၊ စားစရာမရှိသူကို စားစရာပေးစေချင်ပါသည်•••
အခွင့်အရေးဆိုသည်မှာ အခွင့်ထူးခံ လူတန်းစားတစ်ရပ်အတွက်ပဲ ဖြစ်ခဲ့ဘူးပါသည်•••
အခွင့်အလမ်း ၂ ခုတော့ ပေးစေချင်ပါတယ်•••
ကားဝယ်စီးနိုင်သူတွေကိုကားပါမစ်ပေးပြီး။ကျနော်တို့ လခစား နင်းပြားအမှုထမ်းများအတွက်…နေစရာအိမ်မရှိတဲ့သူတွေကို မြို့သစ်ရွာသစ်မြို့စွန် နယ်စွန်က~နေလောက်တဲ့မြေကွက်လေးအစိုးရစျေးနှုန်းနဲ့ ရောင်းပေးစေချင်ပါသည်•••
ပင်စင်ယူချိန်အမှီ ပျဥ်ထောင် သွပ်မိုး နေအိမ်လေးတော့ နေရတန်ကောင်းပါရဲ့•••လို့ထင်မိပါသည်•••
လစာအပေါ်မှာ မှီခိုစားနေရတဲ့..နိုင်ငံ့ဝန်ထမ်း အမှုထမ်းတစ်ယောက်အနေနဲ့•••ဟိုးအရင်ခေတ်က..မပြောရဲ မတောင်းဆိုရဲခဲ့ရတာကို~လိုချင်..အိပ်မက်~မက်ခဲ့ရတာလေးပြောကြည့် ~တောင်းဆိုကြည့်တာပါ•••
ကျနော်က နိုင်ငံ့ဝန်ထမ်း..အမှုထမ်းတစ်ဦးပါ•••အသက်(၄၅)နှစ်ရှိပါပြီ•••အသက်(၆၀)ပြည့်ရန် (၁၅)နှစ်သာ လိုပါတော့သည်•••
ကျေးဇူးတင်ပါတယ်•••။
စိုးထိုက်အောင်