သင်းသင်းရဲ့ အမှားနဲ့အမှန် Mini စီးရီးဇာတ်လမ်းတွဲကို ဇန်နဝါရီ ၁၆ရက်နေ့ နေ့လည်ပိုင်းက ဒလမြို့နယ်မှာ ရိုက်ကူးခဲ့ပြီး ကလေးသရုပ်ဆောင် ထက်အိန္ဒြေလင်း နဲ့အတူ အခြားသော သရုပ်ဆောင်များ ပါဝင်ထားကာအဆိုပါဇာတ်လမ်းတွဲကို Sky Net ရုပ်သံလိုင်းနဲ့ MRTVရုပ်သံလိုင်းများမှာ ထုတ်လွှင့်ပြသသွားမယ်လို့သိရပါတယ်။
ဒီဇာတ်လမ်းတွဲမှာ ဆရာမအဖြစ် သရုပ်ဆောင်တဲ့ သင်းသင်းရဲ့ ဝတ်စားဆင်ရင်မှုနှင့်ပတ်သတ်ပြီး ဆရာ ဆရာမတွေရဲ့ ဝေဖန်မှုတွေ မြင့်တက်နေပါတယ်
ဆရာမလေးတစ်ယောက်ကလည်း ခုလိုရေးသားထားတာကိုတွေ့ရှိရပါတယ်
“သရုပ်ဆောင်သင်းသင်းနှင့်အနုပညာအသိုင်းဝိုင်းသို့မေတ္တာရပ်ခံချက်
ကျွန်မသည်ကျောင်းဆရာမတစ်ယောက်မို့ ကျောင်းဝတ်စုံကိုမြတ်နိုးတန်ဖိုးထားပါသည်။အခြားသောဆရာ ဆရာမများလည်း ယင်းသို့ပင်တန်ဖိုးထားကြပါသည်။
ကျွန်မတို့ပညာရေးမှာ ကျောင်းဆရာ၊ ဆရာမရဲ့uniformက ဂုဏ်သိက္ခာနဲ့ထပ်တူပါ။ထွင်ချင်တိုင်းထွင်ဝတ်စရာ ဝတ်စုံမဟုတ်ဘူးဆိုတာဦးစွာပြောပါရစေ။
အဖြူပြောင် အစိမ်းပြောင်သတ်မှတ်ပေးပြီးသားပါ။ထပ်ပြောပါမယ်အဖြူပြောင် အစိမ်းပြောင်သတ်မှတ်ပေးပြီးသားပါ။အင်္ကျီလည်ပင်းအစေ့ကိုရင်ဖုံးလက်ရှည်သာဝတ်ရပါတယ်။ ရင်ဖုံးကို ငယ်ရွယ်သောဆရာမပေါက်စလေးတွေက လှချင်လို့ပန်းခက်တွေအလှဆင်ပေမယ့်အရိုးပေါ်အရွက်မဖုံး ဝတ်ဆင်ပါတယ်။
လက်စက လက်ရှည်ဆိုတာလည်းရာသီဥတုကျန်းမာရေး နဲ့ကိုက်ညီဖို့သာဝတ်ဆင်ကြပါတယ်။လုံချည်ကိုလည်းပြောင်သာဝတ်ဆင်ရပါတယ်။ဒူးချိတ်ပါရင်တောင် ရုံးအဖွဲ့နဲ့မှားယွင်းနိုင်လို့မဝတ်ဆင်ရပါဘူး။ အချို့လည်းပန်းခက်ထိုးတာတွေဝတ်ဆင်ကြပါတယ် ဒါကလည်းပွဲအခမ်းအနားမှာသာ ဝတ်တတ်ကြတာပါ။
နောက်တစ်ခုက ကျွန်မတို့ရဲ့uniformက ပါတီကြီးတစ်ခုနဲ့ ဆင်သလိုဖြစ်ပေမယ့် ကွာခြားပါတယ်။ကျောင်းစိမ်းလုံခြည်မှာ ပုလဲပေါက် မပါ ပါဘူး။အထူးသဖြင့်အခုလို ပညာရေးကိုအမြင်အမျိုးမျိုးမြင်ကြပြောကြဖြစ်နေတဲ့အချိန်မှာ သရုပ်ဆောင်တစ်ဦးအနေနဲ့ ပိုပြီးဂရုစိုက်ပေးသင့်တယ်။
ဘယ်ဌာနကိုပညာပေးရိုက်ရိုက် ပညာရေးဌာနနဲ့ဆိုင်တဲ့ပညာပေးဆို အစစဂရုစိုက်သင့်တယ်။ဝမ်းစာဖြည့်သင့်တယ်။အသေးစိတ်လေ့လာသင့်တယ်။ ဒါလေးမှားတာ ဘာဖြစ်သွားလို့လဲ ပြောလာရင် မှားကိုမမှားသင့်ဘူးလို့ ခပ်ပြတ်ပြတ်ပြောရလိမ့်မယ်။အရမ်းကို sensitive ဖြစ်လိုက်တာပြောလည်းဖြစ်ရမှာပဲ။
ဇာတ်သမားပြန်ရင် မှတ်သားစရာကျန်တယ် ဆိုတာမှာ အလွဲတွေပေးနေရင် အလွဲဖြစ်နိုင်လို့ပဲ။ငါကသရုပ်ဆောင်ပဲ ငါကဘာကြီးပဲ ငါဝတ်လိုက်ရင်ကြိုက်မှာပဲ ဆိုတာတခြားလောကမှာထွင်ဝတ်ရင်ဟုတ်ကောင်းဟုတ်ပါလိမ့်မယ်။ အနုပညာရှင်တွေသုံးနှုန်းနေကြ ပရိတ်သတ်က ထမင်းရှင်ပါ ဆိုတာ။
ခုခေတ်ပရိတ်သတ်က ဝေဖန်ပိုင်းခြားနိုင်တာမို့ပရိတ်သတ်ကို စော်ကားတာမျိုးမဖြစ်သင့်ဘူး။ ပရိတ်သတ်ကဘယ်ဌာနကိုမှ ပညာရေးလောက် စိတ်မဝင်စားကြဘူး။
ပရိတ်သတ်ထဲမှာ ကျောင်းသားတွေရှိတယ်။ကျောင်းသားမိဘတွေရှိတယ်။ဆရာ ဆရာမတွေရှိတယ်။သူတို့စိတ်နဲ့မဟပ်စပ်ရင် ဘာကြီးလုပ်ပြပြအလကားပဲ။စော်ကားခံနေရတယ်လို့ တွေးမိစေမှာပဲ။
ဘယ်ကျောင်းသားမှလည်းဆံပင်ရဲတွတ်နေအောင်၊နားကပ်ဟော့ရှော့ ဝတ်ပြီးကျောင်းမတက်ကြဘူး။သူတို့လေးတွေမှာ ဂါရဝတရားတွေရှိနေသေးတဲ့ပုံရိပ်ကိုလည်းမထိခိုက်မိအောင် လုပ်သင့်တယ်။
အနုပညာရှင်ဆိုတာ ဘာလုပ်လုပ် အနုစိတ်တွေးတောလေ့လာပြီး လုပ်သင့်တယ်။ ပြီး ပြီးရောလုပ်တတ်တာအနုပညာရှင်မဟုတ်ပါ။ ဒီလိုပဲသရုပ်ဆောင်ဆိုတာလည်း သဏ္ဍာန်တူသရုပ်ဆောင်ပေးရတာမို့ ထပ်တူမကျရင်တောင် စေတနာနဲ့လေ့လာသင်ယူပြီး သရုပ်ဆောင်သင့်တယ်။
(ဆရာမလေးမြသားသွင်)
ပရိတ်သတ်ဆိုတာ အနုပညာရှင်တွေကိုလေးစားပြီးသား။သရုပ်ဆောင်တွေကိုချစ်ပြီးသား။အဲ့ဒီ့စိတ်ကို မရိုက်ချိုးမိဖို့ဆင်ခြင်သင့်တယ်။ကျွန်မစိတ်နဲ့သာဆိုရင်တော့ ဌာနuniformကိုမဆင်ခြင်ဝတ်ပြနေသူတွေကို ဒဏ်ကြေးတစ်ခုသတ်မှတ်လိုက်ချင်တော့တာပါပဲ။
တစ်ခါလာလည်း ရင်ကော့ ဖင်ပစ်နဲ့ ကျောင်းစိမ်းနဲ့ နားထော်ကားယားတွေလုပ်လွန်းလို့ အခုစာကိုရေးလိုက်တာပါ။
(မလုပ်သူများကိုတော့မဆိုလိုပါ)
#ဆရာမလေးမြသားသွင်” ဆိုပြီး ရေးသားထားပါတယ်
ပရိတ်သတ်ကြီးရဲ့ အမြင်ကိုလည်း ပြောခဲ့ကြပါဦးနော်