အမှတ်စာရင်းထွက်လို့ အမှတ်တွေသိရရင်-
Eng, Math, Chem, Phy လေးဘာသာရမှတ်ကိုပေါင်းကြည့်ပါ။
၃၂၀ နဲ့အထက်ရရင်
– ရန်ကုန်နည်းပညာတက္ကသိုလ်နဲ့
– မန္တလေးနည်းပညာတက္ကသိုလ် လျှောက်လို့ရပါတယ်။
၃၀၀ နဲ့အထက်ရရင်
– နည်းပညာတက္ကသိုလ် (မန္တလေး)ကိုလျှောက်ထားလို့ရပါတယ်။
Eng, Math နှစ်ဘာသာရမှတ်ပေါင်းကြည့်ပါ။
၁၄၀ နဲ့အထက်ရရင်
– ရန်ကုန်ကွန်ပျူတာတက္ကသိုလ်ကိုလျှောက်ထားလို့ရပါတယ်။
ဘာသာစုံရမှတ်ပေါင်းကြည့်ပါ။
၄၅၅ နဲ့အထက်ရပြီး သိပ္ပံဘာသာတွဲ (Bio) နဲ့အောင်တာဆိုရင်
– ရန်ကုန်ပညာရေးတက္ကသိုလ်ကိုလျှောက်ထားလို့ရပါတယ်။
၄၅၀ နဲ့အထက်ရရင်
– ရန်ကုန်ကွန်ပျူတာတက္ကသိုလ်
– မန္တလေးကွန်ပျူတာတက္ကသိုလ်
– သတင်းအချက်အလက်နည်းပညာတက္ကသိုလ်တွေကို လျှောက်ထားလို့ရပါတယ်။
၄၃၀ နဲ့အထက်ရရင်
– မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၊ ရေဆင်းကိုလျှောက်ထားလို့ရပါတယ်။
၄၂၅ နဲ့အထက်ရပြီး ဝိပ္ပံတွဲ (Eco) နဲ့အောင်တာဆိုရင်
– ရန်ကုန်ပညာရေးတက္ကသိုလ်ကိုလျှောက်ထားလို့ရပါတယ်။
၄၂၀ နဲ့အထက်ရရင်
– နည်းပညာတက္ကသိုလ် (ရတနာပုံဆိုင်ဘာစီးတီး)
– မြန်မာနိုင်ငံလေကြောင်းနှင့်အာကသပညာတက္ကသိုလ်
– ရန်ကုန်စီးပွားရေးတက္ကသိုလ် (လှိုင်နယ်မြေ)
– ရန်ကုန်စီးပွားရေးတက္ကသိုလ် (ရွာသာကြီးနယ်မြေ)တို့ကို လျှောက်ထားနိုင်ပါတယ်။
၄၁၀ နဲ့အထက်ရပြီး ဝိဇ္ဇာတွဲနဲ့အောင်တာဆိုရင်
– ရန်ကုန်ပညာရေးတက္ကသိုလ်ကိုလျှောက်လို့ရပါတယ်။
၄၀၀ နဲ့အထက်ရရင်
– ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်
– မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်
– ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တွေလျှောက်ထားလို့ရပါတယ်။
၃၈၅ နဲ့အထက်ရရင်
– သမဝါယမတက္ကသိုလ် (သန်လျင်)
– သမဝါယမတက္ကသိုလ် (စစ်ကိုင်း)တွေလျှောက်ထားလို့ရပါတယ်။
၃၈၀ နဲ့အထက်ရရင်
မိမိဆယ်တန်းဖြေခဲ့တဲ့ နယ်မြေထဲက နည်းပညာတက္ကသိုလ်တွေနဲ့ စီးပွားရေးတက္ကသိုလ်တွေကို လျှောက်ထားလို့ရပါတယ်။
၃၆၀ နဲ့အထက်ရရင်
သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ရေဆင်း နဲ့ မိမိဆယ်တန်းဖြေခဲ့တဲ့ နယ်မြေထဲက ကွန်ပျူတာတက္ကသိုလ်တွေကို လျှောက်ထားလို့ရပါတယ်။
၃၅၀ နဲ့အထက်ရရင်
– သမဝါယမကောလိပ် (မန္တလေး)
– သမဝါယမကောလိပ် (ဖောင်ကြီး)တို့ကိုလျှောက်ထားလို့ရပါတယ်။
မှတ်ချက်။ ။ ဒီဝင်ခွင့်အမှတ်တွေဟာ ၂၀၁၉ ခုနှစ်၊ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်ထဲမှာ တက္ကသိုလ်အသီးသီးက ယေဘုယျသတ်မှတ်ထားတဲ့ အမှတ်တွေဖြစ်ပြီး ဒီနှစ်အတွက် တကယ်တမ်းဝင်ခွင့်ရမယ့် အနိမ့်ဆုံးရမှတ်တွေကတော့ လျှောက်ထားသူအနည်းအများအပေါ်ပဲ မူတည်သွားမှာပါ။
ဆေးနဲ့ဆေးနှီးနွယ်တက္ကသိုလ်များ၊မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ်၊ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်တွေကတော့ လက်ခံခေါ်ယူမယ့် ကျောင်းသားဦးရေအပေါ်မူတည်ပြီး အမှတ်ကပြောင်းလဲသွားမှာပါ။ ယေဘုယျသတ်မှတ်ထားတဲ့ ဝင်ခွင့်အမှတ်မရှိပါဘူး။
၂၀၁၉ ခုနှစ် ဆယ်တန်းအောင်သူတွေထဲကနေ သိပ္ပံတွဲနဲ့အောင်တဲ့သူ အယောက် ၁၂၀၀ ကို ဆေးတက္ကသိုလ်အသီးသီးက လက်ခံခဲ့ပြီး အနိမ့်ဆုံးရမှတ်သည် ၄၈၀ ကျော်ဖြစ်ပါတယ်။
crd ဗညားကျော်စွာ
ရန်ကုန်ကွန်ပျူတာတက္ကသိုလ်