🇨🇳 တရုတ်ပြည်နောက်ဆုံးရသတင်း။
🇨🇳 တရုတ်ပြည်ဟာ #ကိုဗစ်လူနာတွေထားဖို့ဆေးရုံကိုငါးရက်နဲ့တည်ဆောက်ခဲ့ပါတယ်။
ဒီနေ့ ဇန်နဝါရီလ ၁၆ ရက်နေ့မှာ ခုတင် ၁၅၀၀ ဆန့်ဆေးရုံကို ဟဲ့ဘေးပြည်နယ် နန်ကုံးမှာ (၅) ရက်နဲ့တည်ဆောက်ပြီးစီးခဲ့ပါတယ်။
စုစုပေါင်း ကိုဗစ်အတွက်အရေးပေါ် ဆေးရုံ (၆) ရုံကိုတည်ဆောက်မှာဖြစ်ပြီး နောက်အပတ်ထဲမှာ ပြီးစီးကြမှာဖြစ်ပါတယ်။
အခုလိုဆေးရုံကြီးတွေကို အမြန်တည်ဆောက်နေပုံရရင် တွေ့ရတဲ့ကိုဗစ် 🦠Positive လူနာများလိမ့်မယ်လို့ ခန့်မှန်းထားပုံရပါတယ်။
မနေ့က သောကြာနေ့ထုတ်ပြန်ချက်အရ လူနာအသစ် ( ၁၃၀ ) ထပ်တွေ့ခဲ့ပါတယ်။
🇨🇳 တရုတ်ပြည်မှာ လူနာအသစ်စာရင်းထုတ်ပြန်ရင် ရောဂါပိုးတွေ့ပြီး ရောဂါလက္ခဏာပါပြတဲ့လူနာကို ဆိုလိုလေ့ရှိပါတယ်။
ရောဂါ Positive ဖြစ်သော်လည်း ရောဂါလက္ခဏာမပြသေးတဲ့သူ ဘယ်နှစ်ယောက်တွေ့သလဲမသိရသေးပါ။
ကိုဗစ်ရောဂါမှာ #ရောဂါပိုးရှိပြီးရောဂါလက္ခဏာမပြသူက ရောဂါလက္ခဏာပြသူထက် #ပိုများလေ့ရှိပါတယ်။
ဒါ့ကြောင့် #လူမသိသူမသိကူးစက်မြန်လွယ်တာလည်းဖြစ်ပါတယ်။
အခုလောလောဆယ် နန်ကုန်းနဲ့ ရှီကျားကျွမ်းမြို့တွေမှာ ကိုဗစ်ရောဂါကုသနေရသူ (၆၄၅) ယောက်ရှိတယ်လို့ ဆိုပါတယ်။
ရှီကျားကျွမ်းမြို့ဟာ ပေကျင်းမြို့တောင်ဘက်မှာရှိပြီး ဟဲ့ဘေးပြည်နယ်ရဲ့မြို့တော်ဖြစ်ပါတယ်။
ဒုတိယမြို့တော်ဝန်ရဲ့အဆိုအရ လူ (၁၀) သန်းကျော် ကိုဗစ် Positive ဖြစ်မဖြစ် စစ်ပြီးပြီလို့ဆိုပါတယ်။
အခုထိ ရှီကျားကျွမ်းမြို့မှာ ဒေသတွင်းကူးစက်မှု (၂၄၇ ) မှုရှိထားတယ်လို့လည်းပြောပါတယ်။
ရှီကျားကျွမ်းမြို့မှာ ခုတင် ၃၀၀၀ ဆန့်ကိုဗစ်ဆေးရုံဆောက်နေပြီး ၃ ပုံ ၁ ပုံပြီးနေပြီလို့ဆိုပါတယ်။
အခုအချိန်ဟာ ရာသီဥတုကလည်းအေးချိန်ဖြစ်ပြီး လူတွေခရီးအသွားဆုံးဖြစ်တဲ့ တရုတ်နှစ်ကူးမတိုင်ခင် ခရီးသွားရာသီစနေချိန်မို့ တရုတ်အာဏာပိုင်တွေက ရောဂါကူးစက်မှုပိုမိုပြန့်နှံ့သွားမှာကို စိုးရိမ်နေကြပါတယ်။
အခုလိုဆေးရုံကြီးတွေတည်ဆောက်နေမှုဟာ #အခြေအနေကိုလက်ဦးမှုယူဖို့ အလုပ်သင့်ဆုံးဆုံးဖြတိချက်ဖြစ်ပါတယ်။
တချိန်တည်းမှာပဲ WHO ရဲ့ #ကိုဗစ်အစရှာဖွေဆန်းစစ်ရေးအဖွဲ့ဟာလည်း စင်ကာပူကတဆင့် ကြာသပတေးနေ့မှာ တရုတ်ပြည် ဝူဟန့်မြို့ကိုရောက်ရှိနေပြီဖြစ်ပါတယ်။
စင်ကာပူကို ဖြတ်သန်းဝင်ရောက်ချိန်မှာ WHO ရဲ့အဖွဲ့ဝင်နှစ်ယောက်မှာ ကိုဗစ်ရောဂါ positive ဖြစ်ဖူးကြောင်း စစ်ဆေးတွေ့ရှိခဲ့တာမို့ ဒီအဖွဲ့မှာ နှစ်ယောက်လောလောဆယ်ပါမသွားခဲ့ပါဘူး။
အဲ့ဒီအဖွဲ့ဟာ ဝူဟန့်မှာလောလောဆယ် ၁၄ ရက် quarantine ကွာရန်တင်းဝင်နေပါတယ်။
ကွာရန်တင်းဝင်နေစဉ်ကာလမှာ တရုတ်ကျွမ်းကျင်သူတွေနဲ့ online ဗီဒီယိုနဲ့ ဆွေးနွေးပြောဆိုမယ်လို့ ဆိုပါတယ်။
WHO က အဖွဲ့စေလွှတ်ဖို့စီစဉ်နေတာ နှစ်ပေါက်အောင်ကြာပြီဖြစ်ပြီး အခုမှပြည်ဝင်ခွင့်ရတာဖြစ်ပါတယ်။
အခုရက်ပိုင်းမှာ 🦠 🇨🇳 တရုတ်ပြည်မှာ ကူးစက်မှုတွေပြန်တွေ့နေပြီး တရုတ်အစိုးရအနေနဲ့ အချိန်မီပြန်လည်ထိန်းနိုင်မှာ သေချာပါကြောင်း။
Richard Myo Thant
16-January-2021