မီးလောင်ပြင်သွားရန် ပြင်ဆင်နေရင်း အရန်မီးသတ်တပ်ဖွဲ့မှ တပ်ခွဲမှူး သေဆုံးမှု ဇန်နဝါရီလ ၁၄ ရက် ညပိုင်းက ဖြစ်ပွားခဲ့ကြောင်းသတင်းရရှိသည်။
ကျောက်တံတားမြို့နယ် အရန်မီးသတ်တပ်ဖွဲ့မှ အရန်မီးသတ်တပ်ဖွဲ့မှ တပ်ခွဲမှုး ကိုဇော်မင်း ဆိုသူ သည် ဇန်နဝါရီလ ၁၄ ရက် ညပိုင်းက ဗဟန်းမြို့နယ် မြေပဒေသာကျွန်း မီးလောင်မှု သတင်းကြား သည့်အတွက် နေအိမ်မှသွားရန် ပြင်ဆင်နေစဉ် ရုတ်တရက် သေဆုံးခဲ့ခြင်းလည်း ဖြစ်သည်။
“သူက မီးလောင်တဲ့အချိန်မှာ မီးသတင်းကြားတဲ့အတွက် သူက ယူနီဖောင်းဝတ်တယ်။ ယူနီဖောင်း နေရင်းနဲ့ အန်တယ်။ အန်တော့ရေချိုးခန်းထဲပြေးတယ်။ ရေချိုးခန်းထဲမှာပဲ အန်နေရင်းနဲ့ပဲ ပစ်လဲသွား တယ်။ ကျွန်တော်တို့သိရတဲ့သတင်းအရ မီးလောင်ပြင်ကိုလည်း မလာနိုင်တော့ဘူး။ အဲ့ဒီနေရာမှာပဲ ဦးနှောက်သွေးကြောပြတ်သွားတာပေါ့” ကျောက်တံတားအရန်မီးသတ်မှ ဒုတပ်ရင်းမှူးကိုဇော်ထွန်းက ပြည် မြန်မာကိုပြောသည်။
လက်ရှိအချိန်တွင် တပ်ခွဲမှုး ကိုဇော်မင်း၏ မိသားစုကို ရန်ကုန်တိုင်းမီးသတ်နှင့် ကျောက်တံတား မြို့ နယ် အရန်မီးသတ်တို့မှ ကူငွေများထေက်ပံ့ပေးထားပြီး အားပေးစကားပြောကြားကာ လိုအပ်သည်များ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကောင်းမြတ်ရာ