အချုပ်ခန်းထဲက မြန်မာမိန်းကလေးကို လက်ထိပ်ခတ်ပြီး မတရားပြုကျင့်ခဲ့တဲ့ ထိုင်းရဲအရာရှိ ဘတ်ငွေ (၄)သိန်းနှင့် အာမခံရခဲ့ပါတယ် ဒီကိစ္စကို မြန်မာသံရုံးအနေနဲ့ အမှုမှန်ပေါ်ဖို့ ပါဝင်ကူညီပေးဖို့ တကယ်လိုအပ်နေပါတယ်
15-1-2021 ကော့စမွီအချုပ်ခန်းထဲက မြန်မာမိန်းခလေးကို မတရားကျင့်ဖို့ ထိုင်းရဲက လာခေါ်တာကို CCTV မှတ်တမ်းကသက်သေဖြစ်သလို သူမကို ထိုင်းရဲက 13-1-2021ရက်နေ့ နံနက်အစောပိုင်း 2 နာရီခန့်မှာ အချုပ်ခန်းတံခါးဖွင့်ပြီး လာခေါ်ထုတ်ကာ ပြုကျင့်ပြီးတော့
လက်ထိပ်ခတ်လျှက်နဲ့ အချုပ်ခန်းထဲကို လာပြန်ပို့တာ ဘေးအခန်းမှ မြန်မာနိုင်ငံသားအချုပ်ကျသူတွေ အားလုံးသက်သေရှိနေပါတယ်။
ရင်နာစရာ ခံပြင်းစရာ ကြေကွဲစရာ အဖြစ်အပျက်…ငါတို့နိုင်ငံမှာ အလုပ်မရှိလို့ သူတပါးနိုင်ငံသွားရတော့ ယခုလို ဖြစ်ရပ်ဆိုး ကြုံရပြန်တယ်။
ထောင်က လွတ်ပြီး မြန်မာပြည်ပြန်ပို့ရန် ရဲစခန်းအချုပ်ခန်းထဲ ထိုင်းလဝကမှ ခေတ္တပို့ထားတဲ့ အသက်(21)နှစ်အရွယ် မြန်မာအမျိုးသမီးလေး”မမို့”ကို ရဲစခန်းညဘက်တာဝန်ကျသူ ထိုင်းရဲအရာရှိက အချုပ်ခန်းထဲကနေ ခေါ်ထုတ် အတင်း အနိုင်ကျင့်စော်ကားလိုက်တဲ့ ရဲစခန်းနေရာကထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင် ကော့စမွေ့ကျွန်းပေါ်က ဘိုဖတ်ရဲစခန်းအတွင်းက အမှုစစ်ရဲအရာရှိတွေ အမှုစစ်ဆေးတဲ့ အခန်းထဲမှာပါ။
AAC အမာခံများက ယနေ့ နေ့လည်က ရဲစခန်းကို ဧည့်တွေ့ဆိုပြီး သွားတာ ညနေ ၄ နာရီမှ ပြန်လာခဲ့လို့ ပြောပါတယ် ယနေ့ ညနေ ၄ နာရီ ဧည့်တွေ့ချိန် နစ်နာသူကာယကံရှင်မိန်းခလေးနဲ့ တွေ့ဆုံပြီးဖြစ်စဉ်အမှန်တွေကို ပြောပြပါတယ်။
ထိုင်းအမျိုးသမီးတစ်ဦးကလည်း အချုပ်ခန်းရှေ့လာပြီး အမှုပိတ်ဖို့ လက်မှတ်ထိုးခိုင်းပြီး ဘတ်(5)သောင်းနဲ့ လာညှိပါသေးတယ် တဲ့….
AAC မှ အမှန်တရားပေါ်ပေါက်ဖို့ စောင့်ကြည့်နေပါတယ် အလုပ်သမားသံအရာရှိတွေ ကော့စမွေ့ကျွန်းကို မနက်ဖြန်ရောက်ပါစေ….
ကောင်မလေးကိုတော့ ဒီညထိ အခင်းဖြစ် ရဲစခန်းကအချုပ်ခန်းထဲမှာပဲ ဆက်လက်ထိန်းချုပ်ထားတုံးပါ။သတင်းပေးပို့သူ- AAC အမာခံစေတနာ့ဝန်ထမ်း(ကော့စမွေ့ကျွန်း-ထိုင်းတောင်ပိုင်း)
ပုံ-တရားခံထိုင်းရဲအရာရှိနှင့် အခင်းဖြစ်နေရာအားစစ်ဆေးနေသော ထိုင်းအာဏာပိုင်များ…..
ရဲမင်း(AAC မဟာမိတ်အဖွဲ့)
ထိုင်းအခြေစိုက်မြန်မာလုပ်သားကူညီစောင့်ရှောက်
ရေးကော်မတီ….