News

“မန္တလေးမှာ အားဖြည့်အချိုရည် အတု ပြုလုပ်နေတဲ့နေရာကို ဝင်ရောက်ဖမ်းဆီး”

မန္တလေး ဇန်နဝါရီ ၁၅

မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် အားဖြည့်အချိုရည် အတုပြုလုပ်နေမှုအား ဖော်ထုတ်ဖမ်းဆီးခြင်းကို ဇန်နဝါရီ၁၄ရက်ည ၉နာရီ၁၅မိနစ်က ဒေါနဘွားရပ် ကွက်၊ အကွက်(၁၀)၊ ၁၆လမ်းနှင့်၁၇လမ်းကြား၊ ၆၂ လမ်းရှိ အရောင်းအဝယ်လုပ်ကိုင်သူ ဦးပီကူးမား(ဘ) ဦးကေ့စ်ဗဟာဒူး၊ အသက်၆၅နှစ်၏နေအိမ်၌ အား ဖြည့်အချိုရည်များ အတုပြုလုပ်နေကြောင်း သတင်းအရ ရှာဖွေဖော်ထုတ် စစ်ဆေးခဲ့ခြင်းဖြစ်သည်။

အဆိုပါဖော်ထုတ်စစ်‌ဆေးရာတွင် မန္တလေးတိုင်းဒေသကြီး မှုခင်းအကူဌာနစုမှ ရဲအုပ်ထွန်းထွန်းနှင့် တပ်ဖွဲ့ဝင်များ၊ မန္တလေးခရိုင် မှုခင်းနှိမ်နှင်းရေးဌာနစိတ်မှ ရဲအုပ်မြစိုးနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်ဇင်မြင့်၊ အမှတ်(၁)နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်အေးလွင်၊ နယ်ထိန်းအရာရှိ ဒုတိယရဲအုပ် အောင်ကျော်မျိုးနှင့် နယ်ထိန်းတပ်ဖွဲ့ဝင်များ၊

အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ (မန္တ လေး)မှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာအေး ငြိမ်းမြတ်၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုင်းဘုန်းမြင့်ကျော်နှင့်ဝန်ထမ်းများ၊

မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာဖြိုးဝေမောင်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးချစ်အောင်နှင့် ရာအိမ်မှူးများကပူးပေါင်း၍ ဦးပီကူးမား၏ နေအိမ်သို့ဝင်ရောက်ရှာဖွေ စစ်ဆေးကြခြင်းဖြစ်သည်။

ထိုသို့ရှာဖွေစစ်ဆေးရာတွင် ဦးပီကူးမား၏ နေအိမ်တိုက်ခန်းအပေါ်ထပ်၄လွှာတွင် အားဖြည့်အချိုရည်ထုတ်လုပ်ရာတွင် အသုံးပြုသည့် ဘွိုင်လာအိုး(၃)လုံး၊ ဖျော်စပ်ရာတွင် အသုံးပြုသည့် လှောင်ကန်အကြီးတစ်ခုနှင့် အချိုရည်အတုပြုလုပ်ရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်းများအား ရှာဖွေစစ်ဆေးတွေ့ရှိခဲ့သဖြင့် ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိပြီး အမှုဖွင့်လှစ်နိုင်ရန် တာဝန်ရှိသူများက စီစဉ်ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

ဇော်လင်းဦး(အောင်စံ)

IPRD (Aung Myay Thar San)