News

အသက် အငယ်ဆုံး အဘိဓမ္မာ မဟာဘွဲ့ရ ၁၅ နှစ်သားလေး

ဓမ္မရသနောက်တစ်ကောက်ကောက်လိုက်ခဲ့သူသို့မဟုတ်အသက်ငယ်ဆုံးအဘိဓမ္မာမဟာဘွဲ့ရ၁၅နှစ်သားသူလိုလူ၅၂ကြိမ်မြောက်အဘိဓမ္မာစာတော်ပြန်ပွဲရဲ့ထူးခြားချက်ထဲမှာ၁၅နှစ်သားတစ်ဦးရဲ့မဟာဘွဲ့ရရှိမှုဟာဘယ်လိုမှ၊ချန်လှပ်ခဲ့လို့မရနိုင်ပါဘူး။

လူပုဂ္ဂိုလ်များအတွက်သတ်မှတ်ပြဌာန်းထားတဲ့ကျမ်းအစိတ်အပိုင်း၁၅ပိုင်းကိုမေင်ဟန်ထွန်းအောင်ဟာဒီကနှစ်မှာရေးဖြေဘာသာစုံဂုဏ် ထူးနဲ့အတူလှလှပပအဆုံးသတ်နိုင်ခဲ့ပါတယ်။

၁၅ကျမ်းကို၄နှစ်အတွင်းထူးချွန်စွာဖြေဆိုအောင်မြင်ခဲ့တာမို့ကြားသိရတိုင်းအံ့သြဝမ်းသာကြမယ်လို့ထင်ပါတယ်။တစ်ကယ်တော့မောင်ဟန်ထွန်းအောင်ဟာအသက်၁၁နှစ်အရွယ်ကထည်းကအစိုးရအဘိဓမ္မာ၃ဆင့်လုံးကိုအောင်မြင်ကာအဘိဓမ္မာ၊ဥယျာဉ်ကြီးထဲကိုစတင်ရောက်ရှိလာခဲ့သူဖြစ်ပါတယ်

ဓမ္မရသကိုသိရှိခံစားဖူးတဲ့ပျားပိတုန်းလေးတစ်ကောင်အဖို့ဒီဥယျာဉ်ကြီးထဲကနေပြီးပြန်မထွက်နိုင်တော့တာသိပ်တော့လဲမဆန်းလှပါဘူး။အဲဒီနှစ်မှာပဲဓမ္မသာကစ္ဆာအဘိဓမ္မာ၊၃ဆင့်လုံးကိုလည်းအောင်မြင်ခဲ့တယ်၁၂နှစ်အရွယ်၇တန်းနှစ်မှာအစိုးရဝိသုဒ္ဓိမဂ်၃ဆင့်နဲ့ဓမ္မသာကစ္ဆာဝိသုဒ္ဓိမဂ်၃ဆင့်လုံးကိုနှစ်ချင်းပေါက်အံ့ဖွယ်အောင်မြင်ခဲ့သလိုအဘိဓမ္မာစာတော်ပြန်ပွဲကိုလည်းစတင်ဝင်ရောက်ပူဇော်ခဲ့ပါတယ်။

၁၃နှစ်အရွယ်၈တန်းမှာပထမပြန်စာမေးပွဲအခြေပြုမူလတန်းကိုအောင်မြင်ခဲ့ပြီးအဘိဓမ္မာပြန့်ပွားရေအသင်းကြီးရဲစူဠအာဘိဓမ္မိကဝိသိဋ္ဌကလာဏဉာဏဓဇဘွဲ့ကိုရရှိခဲ့ပါတယ်။၁၄နှစ်အရွယ်နဝမတန်းမှာအစိုးရ၊အဘိဓမ္မာဂုဏ်ထူးဆောင်(ဋီကာကျော်)၃ဆင့်ကိုအောင်မြင်ကာမဇ္ဈိမအာဘိဓမ္မိကကလျာဏဉာဏဓဇဘွဲ့ကိုထပ်မံရရှိပြန်ပါတယ်

တက္ကသိုလ်ဝင်တန်းဖြေဆိုရမဲ့အခုနှစ်မှာလည်းလုံးဝရပ်နားခြင်းမပြုဘဲဆက်လက်ကြိုးစားပူဇော်ခဲ့တဲ့အတွက်မဟာအာဘိဓမ္မိကဥက္ကဋ္ဌကလျာဏဉာဏဓဇဘွဲ့ကိုအပြီးသတ်ချီးမြှင့်ခံခဲ့ရတာဖြစ်ပါတယ်။အထက်မှာဖော်ပြခဲ့တဲ့ကျမ်းတွေဆိုတာတစ်ကျမ်းတစ်ကျမ်းကိုပဲအောင်မြင်အောင်မနည်းလေ့လာပူဇော်ရကြောင်းပူဇော်ဖူးသူတိုင်းကောင်းစွာသိရှိကြပါတယ်။

ဒီ၅နှစ်တွင်းမှာအဘိဓမ္မာရိုးရိုး၃ဆင့်အဘိဓမ္မာဂုဏ်ထူးဆောင်၃ဆင့်၊ဝိသုဒ္ဓိမဂ်၃ဆင့်၊အခြေပြုမူလတန်းနဲ့စာတော်ပြန်ပွဲ၁၅ကျမ်းတို့ကိုဖြေဆိုအောင်မြင်ကာစူဠအာဘိဓမ္မိကကလျာဏ၊ဉာဏဓဇမဇ္ဈိမအာဘိဓမ္မိကဝိသိဋ္ဌကလျာဏဉာဏဓဇမဟာအာဘိဓမ္မိကဥက္ကဌကလျာဏဉာဏဓဇဘွဲ့ကြီး၃ဘွဲ့ကိုချီးမြှင့်ခြင်းခံရတဲ့သမိုင်းတလျောက်အသက်အငယ်ဆုံးစာပြန်ပုဂ္ဂိုလ်ဖြစ်လာခဲ့ပါပြီ။ဒါမို့ဒီအရွယ်နဲ့ဒီလောက်လုပ်နိုင်တာကိုအတော်ပဲလက်ဖျားခါမိပါတယ်။

ဒါမို့ကျွန်တော့်အနေနဲ့ကတော့မောင်ဟန်ထွန်းအောင်ကိုဓမ္မရသနောက်တစ်ကောက်ကောက်လိုက်ခဲ့သူဆင်ခြေဆင်လက်တွေကိုမထီမဲ့မြင်ပြုနိုင်တဲ့သူအခက်ခဲတွေကိုအခွင့်အရေးအဖြစ်ပြောင်းလဲနိုင်သူအားကျအတုယူသင့်သူ၊ဂုဏ်ပြုချီးကျူးမှုတွေနဲ့အထူးကိုထိုက်တန်တဲ့သူအဖြစ်နှစ်ဆန်းအမှတ်တရဝိသေသပြုမှတ်တမ်းတင်ဂုဏ်ပြု လိုက်ရပါတော့တယ်။