တချို့ အဖြစ်အပျက်တွေဟာ သက်သေသာမရှိရင် တကယ်ဟုတ်ပါ့မလားလို့ ထင်ကြပါတယ်။သာမန် လူတွေထက် ထူးခြားတဲ့ ပုဂ္ဂိုလ်တွေရဲ့ အကြောင်းတွေကို ပရိသတ်ကြီးတို့လည်း ဖတ်ရှုဖူးကြမှာပါ။
ဒါပေမယ့် ခမုံဆရာတော်ကြီးရဲ့ ထူးခြားတဲ့ဖြစ်စဉ်လေးကို ပရိသတ်ကြီးတို့ မသိသေးရင် သိရှိကြည်ညိုနိုင်ဖို့ အောက်မှာ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
“မြန်မာနိုင်ငံ ပဋိပတ္တိသမိုင်းတစ်လျောက် ထူးခြားလှတဲ့ သံဃာ တော်များ လူပုဂ္ဂိုလ်များ အမြောက်အများ ရှိကြတဲ့ထဲမှာ ဖိနပ်မစီး ထီးမဆောင်း ကျောင်း ၁၂ ကျောင်းကို ခေါင်းလောင်းထိုး လှူခဲ့တဲ့ခမုံဆရာတော်ကြီးလည်း တစ်ပါးအပါအဝင် ဖြစ်ပါတယ်။
ဆရာတော်ကြီးဟာ အရပ်မြင့်မြင့် အသားဖြူ ဖြူ ကြည်လင်သောအသားအရည် ခန့်ညားတဲ့ ဥပဓိရုပ်နဲ့ ပြည့်စုံတဲ့ ဆရာတော်ကြီးဖြစ်ပြီး အမြဲတမ်း တက်ကြွ ရွှင်လန်းစွာပရိတ်သတ်နဲ့ တရင်းတနှီးနေလေ့ရှိပါတယ်။
ဆရာတော်ကြီးရဲ့ဓမ္မစွမ်းအား လောကီစွမ်းအားမည်မျှထိ ရှိတယ်ဆိုတာကို သာမန်လူတို့ ခန့်မှန်းဖို့ မဖြစ်နိုင်ပေမ ယ့် ကာလတစ်ခုထိ တပည့်သာဝကအဖြစ် အတူရှိနေခဲ့ဖူးတဲ့ အဘဦးကောင်းခန့်ရဲ့အတွေ့အကြုံများအရ ဆရာတော်ကြီးဟာ ထူးခြား သောဝိသေသရှိတဲ့ ဆရာတော် တစ်ပါးဖြစ်တယ် ဆိုတာ မြေကြီးလက်ခတ် မလွဲသိရှိရပါတယ်။
လွန်ခဲ့သော နှစ် ၃၀ ကျော်ခန့် ရန်ကုန်တိုင်းသာကေတမြို့နယ်မှာရှိတဲ့ ဒကာအရင်း တစ်ယောက် နေအိမ်ကို တစ်ညတာ ကြွရောက်သ တင်းသုံးစဉ်အခါက ထိုစဉ်က တိုက်တိုက်ဆိုင်ဆိုင် ဇိနမာရ်အောင်စေတီကြီးတည်နေတဲ့ အချိန်လည်းဖြစ်ပါတယ်။
ညဦးပိုင်း တရားဟောလို့ အပြီး ဒကာကောင်းရေလာဗျာ ဇိနမာရ်အောင်ဘုရား သွားကြရအောင် ဆိုင်းလည်း နားထောင်ရင်း စိန်အောင်မင်းနဲ့လည်း စကားပြောရင်းပေါ့။
ခုတင် သာကေတ ရောက် လာတာ ဘုရားမှာ ဆိုင်းတီးနေတာကို ဘယ်လိုများ သိပါလိမ့် ပြီးတော့ စိန်အောင်မင်းနဲ့လည်း စကားပြောမလို့တဲ့ စဉ်စားချိန်မရခင်ပဲ ခြေလှမ်း မြန်တဲ့ ဆရာတော့်ကို အမီလိုက်ရင်း ဇိနမာရ်အောင်ဘုရားကို ရောက်သွား ကြပါတယ်
စေတီတော်ဝင်း တစ်ခုလုံးလူပရိတ်သတ်တွေအပြင် ရဟန်းသာမဏေတွေနဲ့ပါ ကြိတ်ကြိတ်တိုးစည်ကားနေပြီး ဘုရားဝင်းတစ်နေရာမှာတော့ မြစည်သူဆိုင်းအဖွဲ့နဲ့အတူ ဝဏ္ဏကျော်ထင်စိန်အောင်မင်းကလည်း ရတုပိုဒ်စုံသီဆိုနေတာတွေ့ရပါတယ်
ဆရာတော်ကြီးဟာ ပရိသတ်အစွန်မှာရပ်နေရင်း အနီးနားက ဘုရားလုံခြုံရေးတစ်ယောက်ကို လှမ်းခေါ်လိုက်ပီး ဟေ့ ဟိုစင်ပေါ်မှာ ရတုဆိုနေတဲ့ စိန်အောင်မင်းကိုသွားခေါ်ချည် ဒီမှာခမုံဆရာတော်ရောက်နေတယ်။
အခုလာခဲ့လို့ သွားပြောလိုက် သံနေသံထားနဲ့ ရတုသီဆိုနေတဲ့ စိန်အောင်မင်းဟာသီဆိုလက်စကို ရုတ်တရက်ရပ်တန့်လိုက်ပီး ပရိတ်သတ်ကို ခေတ္တစောင့်ဆိုင်းပေးဖို့ တောင်းပန်ရင်း ဆရာတော်ကြီးရှိရာကို ပျာပျာသလဲရောက်လာပါတယ်
ဆရာတော်ကြီးရဲ့ခြေအစုံကို ဦးတိုက်ရှိခိုးနေတာကို ကြည့်ပီး အနီးနားက ပရိတ်သတ်တွေလည်း ခမုံ ဆရာတော်ကြီးမှန်း ခုမှသိရလို့ အံ့သြစွာနဲ့ ဝိုင်းအုံလာပြီး ရှိခိုးကန်တော့ကြပါတယ်၊အေး ဘယ်နှယ့်လည်း ဥသြရွှေကော နေကောင်းရဲ့လား
မနက် ၅နာရီ မင်းအိမ်ကို ငါကြွလာမယ် ဥသြရွှေကို ကြာဆံကြော် ကပ်ဖို့ အသင့်ပြင်ထားလို့ ပြောလိုက် ကြားလား ကဲကဲ ငါပြန်ကြွတော့မယ် မင်းလည်း ရတု ဆက်ဆိုတော့မနက် ၅ နာရီအရောက် စိန်အောင်မင်းအိမ်ကိုကြွဖို့ ခြင်ထောင်ထဲမှာကျိန်းစက်နေတဲ့ ဆရာတော်ကြီးကို အချိန်မှီနှိုးရမယ့်အတွေးနဲ့ မကြာခဏ နာရီထကြည့်နေရင်း ဘယ်လိုအိပ်ပျော်သွားမှန်းမသိတဲ့ အဘဦးကောင်းခန့်ဟာ ရုတ်တရက်နိုးလာလို့နာရီကို လှမ်းကြည့်လို က် တော့ မနက် ၆ နာရီထိုးနေပါပြီ။
ဒုက္ခပါပဲ ငါလည်း ဘယ်လို အိပ်ပျော်သွားမှန်း မသိဘူး ဆရာတော်ကြီးလည်း ခုထိ အိပ် ပျော် နေတုန်းမို့ မနှိုးရဲဘူး ခုမှ ဂွကျပြီ ဦးကောင်းခန့် တစ်ယောက် ဘာလုပ်ရမှန်းမသိပဲ အကြံအိုက်နေရင်း တစ်စုံ တစ်ခုကို သတိရ လိုက်မိပါတယ်
ဆရာတော်ကြီးဟာ သူ့ကတိကို ဘယ်တော့မှမပျက်ဖူးဘူး ဒါဆိုတန်တော့ ဦးကောင်းခန့်ဟာ ဆရာတော်ကြီးကျိန်းစက်နေတာကို သေချာကြည့်ပီးတဲ့ချိန်မှာပဲ စက်ဘီးအမြန်စီးပီး ဘဘစိန်အောင်မင်းတို့တိုက်ကို ရောက်သွားပါတယ်။
အိမ်ထဲကို လှမ်းကြည့် လိုက်တော့ ဘုရားခန်းမှာ ထိုင်ပြီး ကြာဆံကြော်ဘုဉ်းပေးနေတဲ့ ဆရာတော်ကြီးကို ထူးဆန်းအံ့သြစွာ တွေ့လိုက်ရပါတော့တယ်။အိမ်မှာလည်း ကျိန်းစက် နေပါလျက် ဒီကို ဘယ်လိုရောက်နေပါလိမ့်။
မဖြစ်သေးပါဘူး အိမ်အမြန်ပြန်ကြည့်ဦးမှဆိုပီး အိမ်ကိုအမြန်ပြန်လာ ဆရာတော်အိပ်တဲ့ အိပ်ယာကိုကြည့်လိုက်တော့ ဒကာကောင်းနှယ် တိုက်ရှေ့ရောက်ပါရက်နဲ့ ဘာလို့မဝင်လာတာလည်း ကဲ ရော့ရော့ ဒကာကောင်းစားဖို့ကျုပ်ကြာဆံကြော်ယူလာခဲ့တယ်။
အဆာပြေလေး စားလိုက်ပါဦး ဆိုပီး ထိုင်ခုံပေါ်ကနေ ပြုံးရွှင်စွာ ဆီးကြိုပြောလိုက်တဲ့ ဆရာတော်ကြီးကိုကြည့်ပီး ဦးကောင်းခန့်ဟာကြက်သီးမွေးညှင်းထမတတ် ကြည်ညိုစွာနဲ့ ဆရာတော်ကြီးရဲ့ခြေအစုံကို ဦးချကန်တော့လိုက်ပါတော့တယ်။အလောင်းတော်ကဿပမှာ သိမ်သမုတ်တ္မောူပြီး တောတန်းလေးအတိုင်း ပြန်ကြွလာတဲ့ ခမုံဆရာတော်ကြီးဟာသပိတ်ကိုလွယ် ထန်းရွက်ယပ်နဲ့မို့ အလွန်ကို သပ္ပာယ်ကြည်ညိုဖွယ်ကောင်းလှပါတယ်။
လမ်းခွတ်လပ်တစ်နေရာအရောက်မှာ ရုတ်တရက်ရပ်တန့်တော်မူလိုက်ပီး တစ်ပါးထဲစကားပြောနေဟန်တွေ့လိုက်ရတဲ့ မြန်မာစာဌာနကထိက ဦးမျိုးမြင့်ဟာ ထူးခြားတဲ့ မြင်ကွင်းမို့ အသင့် ပါလာတဲ့ ကင်မရာနဲ့ ဓါတ်ပုံ ရိုက်ကူးလိုက် ပါတယ်ရန်ကုန်ကိုပြန်ရောက်လို့ ဓါတ်ပုံ ဆေးကူး ကြည့်တဲ့ခါမှာတော့ ရပ်တော်မူနေတဲ့ ဆရာတော်ကြီးရဲ့ရှေ့မှာ ဇော်ဂျီတစ်ပါးက နာနတ်သီးတစ်လုံး ကပ်လှူနေတဲ့ပုံကို အံ့သြစွာတွေ့လိုက်ရပါတယ်။
ဆရာတော်ကြီးကို လျောက်ထားမေးမြန်းကြည့်တဲ့ခါ ဇော်ဂျီဟာအတိတ်ဘဝက ဆရာတော်စပ်ခဲ့ဖူးကြောင်း ဟိမဝန္တာမှာ နေထိုင်ပီး ဆရာ တော်ကြီးရဲ့တရားကို နာကြားရတဲ့ အတွက် ကြည်ညိုစွာဖြင့် ခုလို သစ်သီး လာရောက်ကပ်လှုတာဖြစ်ကြောင်း ဖြေကြားတော်မူခဲ့ပါတယ် ကုသိုလ် သဒ္ဓါပွါးများ နိုင်ရန်အတွက် ဓါတ်ပုံကိုကူးယူဖော်ပြပေးလိုက်ပါတယ်။
အလျဉ်းသင့်တဲ့ခါအခြားထူးခြားသော အဖြစ်အပျက်များကိုလည်း ထပ်မံရေးသား တင်ပြပေးပါ့မယ်။ဆရာတော်ဘုရားကြီးကိုလည်း ရှိခိုးကန်တော့အပ်ပါတယ်။ပရိသတ်ကြီးတို့လည်း ဆရာတော်ကြီး သီလတန်ခိုးတော်တွေကို သိရှိကြည်ညိုနိုင်ဖို့ ခုလိုမျှဝေလိုက်ရပါတယ်။