News

“ကိုဗစ်ကြောင့် ကလေးအထူးကုဆရာဝန်ကြီး ကွယ်လွန်ရပြန်ပြီ”

ရန်ကုန်၊ ဇန်နဝါရီ ၁၄။

ကလေးဆေးရုံအုပ်ကြီး(ငြိမ်း)၊ ကလေးအထူးကုဆရာဝန်ကြီးတစ်ဦးဖြစ်သည့် ဒေါက်တာအောင်ကြည်ဝင်းသည် ကိုဗစ်ရောဂါဖြင့် ကွယ်လွန်သွားကြောင်း ၎င်းနဲ့နီးစပ်ရာအသိုင်းအဝိုင်းများထံမှ သိရပါတယ်။

ကလေးအထူးကုဆရာဝန်ကြီး ဒေါက်တာအောင်ကြည်ဝင်းသည် ကိုဗစ်-၁၉ရောဂါဖြင့် ဇန်နဝါရီလ ၁၃ရက်နေ့ ည ၁၀နာရီအချိန်ခန့်မှာ ကွယ်လွန်သွားခဲ့ခြင်းဖြစ်ပါတယ်။

ဆက်လက်ပြီး ကလေးအထူးကုဆရာဝန်ကြီး ဒေါက်တာအောင်ကြည်ဝင်း ကွယ်လွန်သွားသည့်အတွက် မိသားစုနဲ့ထပ်တူ ကြေကွဲဝမ်းနည်းရပါကြောင်း မြန်မာနိုင်ငံဆရာဝန်အသင်း(ပဲခူး)နဲ့ အထွေထွေရောဂါကုဆရာဝန်များအဖွဲ့(ပဲခူး)က လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားထားပါတယ်။

ဒါ့ပြင် ကလေးအထူးကုဆရာဝန်ကြီး ဒေါက်တာအောင်ကြည်ဝင်း ကိုဗစ်ရောဂါဖြင့် တိမ်းပါးသွားသည့်အတွက် စိတ်မကောင်းဖြစ်ရကြောင်းလည်း ဆရာဝန်အသီးသီးမှ အထူးကုဆရာဝန်ကြီး ဒေါက်တာအောင်ကြည်ဝင်းရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားထားကြပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ ကိုဗစ်-၁၉ရောဂါကူးစက်မှုကြောင့် သေဆုံးသူများအတွင်း အထူးကုဆရာဝန်ကြီးများအပါအဝင် ကျန်းမာရေးဝန်ထမ်းများနဲ့ စေတနာ့ဝန်ထမ်းအချို့လည်း ပါဝင်လျက်ရှိနေတာဖြစ်ပါတယ်။

သတင်းအပြည့်အစုံဖတ်ရှုရန်>>>

https://www.myanmaplatform.com/a/53388.html

#MyanmaPlatform #News #Domestic