News

စျေးရောင်းသွားနေတဲ့ စျေးသည်တစ်ဦး ၂လနီးပါးပျောက်ဆုံးသွားပြီး လက်ရှိချိန်ထိမိသားစုဝင်နဲ့အဆက်အသွယ်မရသေး

လားရှိုး | မားနဂါး ။

လားရှိုးမြို့ကနေ တန့်ယန်းမြို့နယ် နောင်လိုင်အုပ်စု မန်ပန်ကျေးရွာဘက်ကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၆ရက်နေ့က တည်းက ကျော်စွာဦးဆိုသူဟာ ဆိုင်ကယ်ဖြင့် ကုန်စိမ်းသွားရောင်းရင်းနဲ့ကျောက်မီးသွေးနဲ့မာမီရွာကြား ပျောက် ဆုံးပြီး လက်ရှိချိန်ထိမိသားစုနဲ့အဆက်အသွယ်မရသေးကြောင်းစျေးသည်ရဲ့အမေဖြစ်သူ ဒေါ်တင်ညိုက မားနဂါး သတင်းဌာနကိုပြောပါတယ်။

ပျောက်ဆုံးသွားစျေးသည်ဟာ အသက် ၂၄နှစ်အရွယ်ရှိ ကျော်စွာဦးဖြစ်ပြီး နေပြည်တော်တပ်ကုန်းမြို့နယ် ကြိုးကြာသာလှကျေးရွာဇာတိဖြစ်ပြီး လက်ရှိမိသားစုအလိုက် လားရှိုးမြို့ကိုသုံးနှစ်နီးပါး အိမ်ဌားနေပြီး စျေးသည်အလုပ်ကိုသာ သူတို့သူငယ်ချင်းတွေနဲ့အတူစျေးထွက်ရောင်းနေတဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။

ကျော်စွာဦး ပျောက်ဆုံးသွားတဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး မိခင်ဖြစ်သူက”သူကညနေဘက်မှ နေမကောင်းလို့ ဆေးထိုးထားတာ မနက်ရောက်တော့ သားနေမကောင်းလည်း စျေးရောင်း မထွက်နဲ့လို့ပြောတာ သူကအမေရယ် နေမကောင်းလည်း အိမ်ကဌားထားတယ်ဆိုတော့ အိမ်းလခပေးရမယ် သားစျေးထွက်မှရမယ်ဆိုပြီး မနက်ခင်းမိုးလင်းခါနီးမှာ စျေးရောင်းထွက်လိုက်တယ်။

ည ၁ဝနာရီ ၁၁နာရီ ဝန်ကျင်း ဖုန်းဆက်တော့ ဆက်လို့မရတော့ဘူး။ ဖုန်းဆက်မရတော့ ဖုန်းလိုင်း မရတဲ့နေရာဆိုပြီး ဒီတိုင်းထား လိုက်တာ သူ့တို့အစ်ကိုဝမ်းကွဲတွေနဲ့ အမြဲတမ်း​စျေးရောင်းထွက်နေကြဆိုတော့ သူတို့ညီအစ်ကို ဝမ်းကွဲ တွေမေးကြည့်တော့ စျေးမကုန်လို့ မန်ပန်ကနေ ကျောက်မီးသွေးကျေးရွာဘက် စျေးသွားရောင်းတာ လို့ပြော တယ်။ ခုထိအဆက် အသွယ်မရတော့ဘူး။ သားပျောက်ကတည်းက ကျမအိပ်ယာထဲမှာ ဗုံးဗုံးလှဲနေတာ ခု ချိန်ထိပဲ။”လို့ မားနဂါး သတင်းဌာန ကိုပြောပါတယ်။

သူပျောက်သွားတဲ့ကျေးရွာအနီးအနားရှိ လူတွေကိုစုံစမ်းမေးကြည့်တဲ့အချိန်မှာ လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့က စျေးသည်တစ်ဦးကိုဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိပြီး လက်ရှိချိန်ထိ သက်ဆိုင်ရာ ရဲစခန်းတွေမှာ တိုင်းကြားထားမှုမရှိသေးကြောင်း တိုင်းကြားထားရင် သားကိုသတ်ပစ်မှာစိုးရိမ်မိတဲ့အတွက် မတိုင်းကြားပဲ ပိုက်ဆံနဲ့လာရွေးခိုင်းမလားဆိုပြီး ဆက်သွယ်လာမှာကို စောင့်ကြည့်နေတယ်လို့ သူမကဆက် ပြောခဲ့ပါတယ်။

လက်ရှိ ကျော်စွာဦးဇနီးဖြစ်သူ ဒေါ်ဇင်မာအေးနဲ့ တစ်နှစ်ကျော်အရွယ်သမီးလေးနဲ့အတူကျန်ရှိပြီး လားရှိုးမြို့ ပါရမီ လမ်းမှာ အိမ်ဌားနေထိုင်တာဖြစ်ပြီး ခုလိုအမျိုးသားက ၂လနီးပါး ပျောက်ဆုံးသွားပြီး အဆက်အသွယ်မရတဲ့ အတွက်ကြောင့် မိသားစုဝင်တွေလည်း အခက်ကြုံတွေ့နေရတယ်လို့သိရပါတယ်။

ဘယ်အဖွဲ့အစည်းလက်နက်ကိုင်မဆို ကျော်စွာဦးကို ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ဖြစ် ပျောက်ဆုံးသွားတဲ့ ကျော်စွာဦးကိုတွေ့ ရှိခဲ့တဲ့သူဖြစ်ဖြစ် မိခင်ဖြစ်သူ ဒေါ်တင်ညို ဖုန်း ၀၉-၂၅၇ ၀၀၄ ၀၆၉ နဲ့ ဦးလေးဖြစ်သူ ဖုန်း ၀၉-၇၇၃ ၇၈၅ ၀၁၉ ကို ဆက်သွယ်အကြောင်းကြားပေးဖို့ မေတ္တာရပ်ခံထားကြောင်း ပြောဆိုခဲ့ပါတယ်။

ဓာတ်ပုံ l ဒေါ်တင်ညို ။

Zawgyi Version

စျေးရောင်းသွားနေတဲ့ စျေးသည်တစ်ဦး ၂လနီးပါးပျောက်ဆုံးသွားပြီး လက် ရှိချိန်ထိမိသားစုဝင်နဲ့အဆက်အသွယ်မရသေး

လားရှိုး | မားနဂါး ။

လားရှိုးမြို့ကနေ တန့်ယန်းမြို့နယ် နောင်လိုင်အုပ်စု မန်ပန်ကျေးရွာဘက်ကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၆ရက်နေ့က တည်းက ကျော်စွာဦးဆိုသူဟာ ဆိုင်ကယ်ဖြင့် ကုန်စိမ်းသွားရောင်းရင်းနဲ့ကျောက်မီးသွေးနဲ့မာမီရွာကြား ပျောက် ဆုံးပြီး လက်ရှိချိန်ထိမိသားစုနဲ့အဆက်အသွယ်မရသေးကြောင်းစျေးသည်ရဲ့အမေဖြစ်သူ ဒေါ်တင်ညိုက မားနဂါး သတင်းဌာနကိုပြောပါတယ်။

ပျောက်ဆုံးသွားစျေးသည်ဟာ အသက် ၂၄နှစ်အရွယ်ရှိ ကျော်စွာဦးဖြစ်ပြီး နေပြည်တော်တပ်ကုန်းမြို့နယ် ကြိုးကြာသာလှကျေးရွာဇာတိဖြစ်ပြီး လက်ရှိမိသားစုအလိုက် လားရှိုးမြို့ကိုသုံးနှစ်နီးပါး အိမ်ဌားနေပြီး စျေးသည်အလုပ်ကိုသာ သူတို့သူငယ်ချင်းတွေနဲ့အတူစျေးထွက်ရောင်းနေတဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။

ကျော်စွာဦး ပျောက်ဆုံးသွားတဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး မိခင်ဖြစ်သူက”သူကညနေဘက်မှ နေမကောင်းလို့ ဆေးထိုးထားတာ မနက်ရောက်တော့ သားနေမကောင်းလည်း စျေးရောင်း မထွက်နဲ့လို့ပြောတာ သူကအမေရယ် နေမကောင်းလည်း အိမ်ကဌားထားတယ်ဆိုတော့ အိမ်းလခပေးရမယ် သားစျေးထွက်မှရမယ်ဆိုပြီး မနက်ခင်းမိုးလင်းခါနီးမှာ စျေးရောင်းထွက်လိုက်တယ်။

ည ၁၀နာရီ ၁၁နာရီ ဝန်ကျင်း ဖုန်းဆက်တော့ ဆက်လို့မရတော့ဘူး။ ဖုန်းဆက်မရတော့ ဖုန်းလိုင်း မရတဲ့နေရာဆိုပြီး ဒီတိုင်းထား လိုက်တာ သူ့တို့အစ်ကိုဝမ်းကွဲတွေနဲ့ အမြဲတမ်းစျေးရောင်းထွက်နေကြဆိုတော့ သူတို့ညီအစ်ကို ဝမ်းကွဲ တွေမေးကြည့်တော့ စျေးမကုန်လို့ မန်ပန်ကနေ ကျောက်မီးသွေးကျေးရွာဘက် စျေးသွားရောင်းတာ လို့ပြော တယ်။ ခုထိအဆက် အသွယ်မရတော့ဘူး။ သားပျောက်ကတည်းက ကျမအိပ်ယာထဲမှာ ဗုံးဗုံးလှဲနေတာ ခု ချိန်ထိပဲ။”လို့ မားနဂါး သတင်းဌာန ကိုပြောပါတယ်။

သူပျောက်သွားတဲ့ကျေးရွာအနီးအနားရှိ လူတွေကိုစုံစမ်းမေးကြည့်တဲ့အချိန်မှာ လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့က စျေးသည်တစ်ဦးကိုဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိပြီး လက်ရှိချိန်ထိ သက်ဆိုင်ရာ ရဲစခန်းတွေမှာ တိုင်းကြားထားမှုမရှိသေးကြောင်း တိုင်းကြားထားရင် သားကိုသတ်ပစ်မှာစိုးရိမ်မိတဲ့အတွက် မတိုင်းကြားပဲ ပိုက်ဆံနဲ့လာရွေးခိုင်းမလားဆိုပြီး ဆက်သွယ်လာမှာကို စောင့်ကြည့်နေတယ်လို့ သူမကဆက် ပြောခဲ့ပါတယ်။

လက်ရှိ ကျော်စွာဦးဇနီးဖြစ်သူ ဒေါ်ဇင်မာအေးနဲ့ တစ်နှစ်ကျော်အရွယ်သမီးလေးနဲ့အတူကျန်ရှိပြီး လားရှိုးမြို့ ပါရမီ လမ်းမှာ အိမ်ဌားနေထိုင်တာဖြစ်ပြီး ခုလိုအမျိုးသားက ၂လနီးပါး ပျောက်ဆုံးသွားပြီး အဆက်အသွယ်မရတဲ့ အတွက်ကြောင့် မိသားစုဝင်တွေလည်း အခက်ကြုံတွေ့နေရတယ်လို့သိရပါတယ်။

ဘယ်အဖွဲ့အစည်းလက်နက်ကိုင်မဆို ကျော်စွာဦးကို ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ဖြစ် ပျောက်ဆုံးသွားတဲ့ ကျော်စွာဦးကိုတွေ့ ရှိခဲ့တဲ့သူဖြစ်ဖြစ် မိခင်ဖြစ်သူ ဒေါ်တင်ညို ဖုန်း ၀၉-၂၅၇ ၀၀၄ ၀၆၉ နဲ့ ဦးလေးဖြစ်သူ ဖုန်း ၀၉-၇၇၃ ၇၈၅ ၀၁၉ ကို ဆက်သွယ်အကြောင်းကြားပေးဖို့ မေတ္တာရပ်ခံထားကြောင်း ပြောဆိုခဲ့ပါတယ်။

ဓာတ်ပုံ l ဒေါ်တင်ညို။