မုဆိုးစာပေတွေဟာHunter is not killer.Conservation ကို အခြေခံတယ်။သေသေချာချာေလ့လာမယ်ဆိုရင် တောသဘာဝ ကိုနားလည်မယ်။
တောကောင်တွေကိုချစ်တတ်လာမယ်။ထိန်းသိမ်းတတ်လာမယ်။ဝါသနာရှင်လူငယ်တွေGroup page တွေထောင်ကြတယ်။အဲ့ဒီ GP ထဲမှာအရွယ်စုံရှိကြတယ်။ပစ်လို့ရသမျှ တင်နေကြတယ်။ပညာပေးတဲ့သူလည်းရှိမယ်မထင်။
မုဆိုး အလုပ်ဆိုတာ သတ္တဝါ တွေအသက် သတ်ရတာ ဆိုပေမယ့် မုဆိုး စည်း ဆိုတာ ရှိပါတယ်။ အိပ်ပျော်နေတဲ့ သားကောင် ကို မပစ်ရပါဘူး ပစ်ရင် ခဲနဲ့ ပစ်နှိုး ပြီး မှ ပစ်ရပါတယ်။ ကိုယ်ဝန် နဲ့သားကောင် ကိုလဲမပစ်ရပါဘူး။
ငဲ့ညှာ တဲ့သဘော မျိုးဆက် ထိန်းတဲ့ သဘော ပါ။ အရွယ် မရောက်သေးတဲ့ ဥပမာ တောဝက်ပေါက် တွေနဲ့ တောဝက်မ ကြီး ကို မပစ်ရပါဘူး။
ပစ်လိုက်ရင် တောဝက်ပေါက်တွေ မိခင် မရှိ လို့ ကာကွယ်ပေးမယ့် သူ မရှိရင် တစ်ခြား သားကောင်တွေ သတ်ဖြတ်စားသောက်တာ ခံရမှာ မျိုးတုန်းပျောက်ကွယ်ဖို့ အန္တရာယ် ရှိနေလို့ ကာကွယ်ထားတဲ့ မျိုးစိတ်တွေကိုလဲ မပစ် ရပါဘူး။
အောက်ကပုံ တွေကိုမနေ့ကညီငယ်တယောက်လာပြတယ်။စိတ်မကောင်းဖြစ်ရတယ်။ဒီလိုရှားပါပြီးချစ်စရာကောင်းတဲ့တောကောင်တွေ အသတ်ခံရတိုင်းသောကဖြစ်ရတယ်။
တကမ္ဘာ လုံးမှာကောင်ရေ ၁၀၀၀အောက်ဘဲရှိပါတော့တယ်။ဒီလို လှပ ရှားပါးတဲ့Clouded leopard တွေကိုထိန်းသိမ်းဖို့မုဆိုးသစ္စာစာလိုစာအုပ် ထဲမှာပညာပေးအနေနဲ့သေချာရေးပြထားပါတယ်။
ဒါပေမဲ့ကျေးလက်တောနေမုဆိုးတွေကတော့ ဖတ်မိမယ်မထင်။စာအုပ်ကို ၂၀၀လောက်ထပ်ထုတ်ပြီးချင်း ကချင် ရှမ်း ကရင် ကယား နဲ့ရိုးမထဲက ရွာစာကြည့်တိုက်တွေရွာလူကြီးတွေ ဆီကိုအလကားဖြန့်ပေးေစခြင်တယ်။ဒါပေမဲ့ဖြန့်ပေးဖို့နယ်ခံ တွေလည်းလိုအပ်တယ်။
တနှစ်တာလောက်မှာဒီလို တိမ်ကွက် အင်းကျားသစ်တွေအသတ်ခံရတာ(၆)ကောင်လောက်ရှိဘီထင်ပါတယ်။ကြေကွဲစရာပါ။ဒါတောင် online ပေါ်တက်လာမှသိရတာပါ။တသက်မှာတခါသာမိတ်လိုက်တတ်တဲ့ဒီလိုအကောင်တွေ အတွက်မျိုးသုန်း မည့် အမည်စာရင်းမှာဦးစားပေး ပါနေပါပြီ။
ကယ်တင်ပေးကြပါ။အေရးယူေပးကြပါ။အသိပညာဗဟုသုတပေး ကြပါ။ တကယ့်လိုအပ်နေတဲ့ပရဟိတလေးပါ။
Credit- မိုးအောင်တင်(Royal)
Credit-ဖေ