News

ဂျပန်၌ ဗိုင်းရပ်စ်ကူးစက်မှု တဟုန်ထိုးတက်၍ အရေးပေါ်အခြေအနေ နယ်မြေ တိုးချဲ့သတ်မှတ်

ဂျပန်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု တဟုန်ထိုးတက်လာလို့ အရေးပေါ်အခြေအနေကို စီရင်စု ၇ ခုထိ ထပ်ဆင့်တိုးချဲ့ သတ်မှတ်လိုက်တာကြောင့် နိုင်ငံလူဦးရေ ထက်ဝက်အပေါ် ဒီအမိန့် သက်ရောက်မှာပါ။

စီးပွားရေးလုပ်ငန်းနဲ့ အမြန်ဝင်ခွင့် အပါအဝင် ပြည်ပဧည့်သည်အားလုံးကို တားမြစ်လိုက်ပြီလို့ ဝန်ကြီးချုပ် Yoshide Suga က ပြောကြားပါတယ်။

ဂျပန်မှာ အရင်ပတ် ဒီဇင်ဘာ ၇ ကမှ တိုကျိုနဲ့ အနီးတဝိုက်က ခရိုင်သုံးခုမှာ အရေးပေါ်အခြေအနေ ကြေညာထားတာ ပါ။
ကြေညာချက်သစ်အရ နိုင်ငံ အနောက်ပိုင်းနဲ့ အလယ်ပိုင်းက စီရင်စု ၇ ခု အကျုံးဝင်လာပြီး ဖေဖော်ဝါရီ ၇ ရက်ထိ သက်ရောက်မှာပါ။

အိုဆာကာ၊ ကျိုတို၊ ဟျိုဂို၊ ဖူကူအိုကာ၊ အိချိ၊ ဂီဖူနဲ့ တိုချိဂိ စတဲ့ စီရင်စုတွေက ဘားနဲ့ စားသောက်ဆိုင်တွေ ည၈ နာရီ ပိတ်ရမှာဖြစ်ပြီး ဝန်ထမ်း ၇၀% အိမ်ကနေ အလုပ်လုပ်စေဖို့ အလုပ်ရှင်တွေကို ညွှန်ကြားထားတဲ့အပြင် မလိုအပ်ဘဲ အပြင်မထွက်ဖို့လဲ သတိပေးပါတယ်။

လူဦးရေ ၁၂၆ သန်းကျော်ရှိတဲ့ ဂျပန်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုနဲ့ သေဆုံးနှုန်း လွန်ခဲ့တဲ့လထက် နှစ်ဆကျော် တက်လာပြီး ကူးစက်မှု သုံးသိန်းနီးပါး၊ သေသူ ၄,၁၀၀ နီးပါး ဖြစ်လာပါတယ်။

မနှစ်နွေ ဧပြီ၊ မေ တုန်းက ခုနစ်ပတ်ကြာ အရေးပေါ်အခြေအနေနဲ့ မတူပဲ ခုတခါမှာတော့ ကျောင်း၊ အားကစားရုံ၊ ရုပ်ရှင်ရုံ၊ ကျောင်းတို့ကို ဆက်ဖွင့်ထားပါတယ်။. ။

Source : AP