လုံခြုံရေးအစောင့်တစ်ဦးဟာ အမျိုးသမီးတစ်ဦးရဲ့ပိုက်ဆံအိတ်ကို ပြန်ပေးဖို့ မိုင်ပေါင်းများစွာ စက်ဘီးနှင်းခဲ့ပြီးနောက် ကားတစ်စီးနဲ့ လူအများရဲ့ချစ်ခင်ခြင်းကို ခံစားခဲ့ရပါတယ်။အမေရိကန်နိုင်ငံ Hawaii ပြည်နယ်ရှိ Foodland ကုန်စုံဆိုင်မှာ အလုပ်လုပ်နေတဲ့ အသက် ၂၂ နှစ်အရွယ် Aina Townsend အမည်ရှိအဆိုပါလုံခြုံရေးအစောင့်ဟာ
ဈေးဝယ်လှည်းပေါ်က ပိုက်ဆံအိတ်တစ်ခုကို ရှာတွေ့ခဲ့ပြီး သူမှန်တာကိုလုပ်ဖို့ အလုပ်ချိန်ပြီးတာနဲ့ ပြန်ပို့ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။သူဟာ ပိုက်ဆံအိတ်ပိုင်ရှင်ဖြစ်တဲ့ Chloe Marino ရဲ့လိပ်စာသို့ စက်ဘီးဖြင့် ၃မိုင်ခရီးနှင်ခဲ့ပြီး တောင်ကုန်းမြင့်တွေကြောင့် သူ့အား ၁နာရီအချိန်ကြာသွားစေခဲ့ပါတယ်။
၅လအရွယ်ကလေးနဲ့ အလျင်အမြန်ဈေးဝယ်ထွက်နေခဲ့တဲ့ Marino ကလည်း သူမပိုက်ဆံအိတ်ပျောက်နေမှန်းမသိခဲ့ဘဲ Townsend တံခါးလာခေါက်မှ သူမအဖြစ်ကို သိခဲ့ရပြီး“ သူက အရမ်းကို အံ့ဩစရာကောင်းတဲ့သူစိမ်းတစ်ယောက်ပါ ၊ ကျွန်မက ပိုက်ဆံအိတ်ပျောက်နေမှန်းတောင်မသိခဲ့ဘူး” လို့ဆိုခဲ့ပါတယ်။
Marino ရဲ့ခင်ပွန်းဖြစ်တဲ့ Gray က ထိုအချိန်မှာ Townsend အားဆုချမယ်လို့ ဆိုခဲ့ပေမဲ့ သူက အပြတ်ကို ငြင်းနေခဲ့ပြီး “ no no no ကျွန်တော်မလိုချင်ပါဘူး ၊ ခင်ဗျားတို့ရဲ့ပစ္စည်းကိုပြန်ပေးချင်ရုံပါ” လို့ဆိုခဲ့ကြောင်း ပြောပြခဲ့ပါတယ်။ဒီဇင်ဘာ ၁၄ ရက်နေ့မှာ Gray က Townsend အကြောင်းကို social media မှာမျှဝေခဲ့ပြီးနောက် လူအများကလည်း ချီးကျူးခဲ့ကြပါတယ်။
ရိုသားတဲ့Townsend ရဲ့သူငယ်ချင်းတစ်ယောက်က Townsend အတွက် ကားအသစ်တစ်စီးလက်ဆောင်ပေးဖို့ Facebook မှာ group ဖွဲ့ကာ ရန်ပုံငွေရှာပြီး ဒီဇင်ဘာ ၃၁ ရက်နေ့မှာ Gray တို့ရဲ့မိသားစုပုံနဲ့အတူ ကားအသစ်တစ်စီးပုံကို “ သူတို့နဲ့ လူအများက သဘောကောင်းကြင်နာတတ်တဲ့ Townsend အတွက် ကားအသစ်တစ်စီးဝယ်ပေးခဲ့တယ်” လို့ social media ပေါ်မျှဝေခဲ့ပြီး Townsend က ၎င်းသတင်းကို မြင်တော့ ထီဆုကြီးပေါက်သလိုခံစားခဲ့ရပါတယ်။
တစ်ကယ်တော့ Townsend ဟာ စက်ဘီးစီးပြီး အသက်မွေးဝမ်းကျောင်းပြုလာတာ ၅နှစ်ကြာနေခဲ့ပါပြီ။“ ဒီကားက ကျွန်တော်မောင်းဖို့အတွက်တင်မဟုတ်ဘဲ ကျွန်တော့်မိသားစုတွေအတွက်ပါ အများကြီးအကျုံးဝင်စေမှာပါ” လို့ လူအများအား ကျေးဇူးတင်ကြောင်း ဆိုခဲ့ပါတယ်။
ထို့နောက် Townsend ဟာ new year လက်ဆောင်အဖြစ် 2017 VW Jetta ကားတစ်စီးကို လက်ခံရရှိခဲ့ပါတော့တယ်။သူငယ်ချင်းဖြစ်သူက ရရှိခဲ့တဲ့ ရန်ပုံငွေအပိုတွေကို လိုအပ်တဲ့နေရာမှာ လှူဒါန်းသွားမယ်ဖြစ်ကြောင်းလည်း ဆိုခဲ့ပါသေးတယ်။ကောင်းတာလုပ်ရင် တစ်ကယ်လည်း ကောင်းတာဘဲဖြစ်နေမှာပါ။
Mia (Mckzone Daily)
Source : nextshark
Unicode
လုံခြုံရေးအစောင့်တစ်ဦးဟာ အမျိုးသမီးတစ်ဦးရဲ့ပိုက်ဆံအိတ်ကို ပြန်ပေးဖို့ မိုင်ပေါင်းများစွာ စက်ဘီးနှင်းခဲ့ပြီးနောက် ကားတစ်စီးနဲ့ လူအများရဲ့ချစ်ခင်ခြင်းကို ခံစားခဲ့ရပါတယ်။
အမေရိကန်နိုင်ငံ Hawaii ပြည်နယ်ရှိ Foodland ကုန်စုံဆိုင်မှာ အလုပ်လုပ်နေတဲ့ အသက် ၂၂ နှစ်အရွယ် Aina Townsend အမည်ရှိအဆိုပါလုံခြုံရေးအစောင့်ဟာ စျေးဝယ်လှည်းပေါ်က ပိုက်ဆံအိတ်တစ်ခုကို ရှာတွေ့ခဲ့ပြီး သူမှန်တာကိုလုပ်ဖို့ အလုပ်ချိန်ပြီးတာနဲ့ ပြန်ပို့ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
တစ်ကယ်တော့ Townsend ဟာ စက်ဘီးစီးပြီး အသက်မွေးဝမ်းကျောင်းပြုလာတာ ၅နှစ်ကြာနေခဲ့ပါပြီ။“ ဒီကားက ကျွန်တော်မောင်းဖို့အတွက်တင်မဟုတ်ဘဲ ကျွန်တော့်မိသားစုတွေအတွက်ပါ အများကြီးအကျုံးဝင်စေမှာပါ” လို့ လူအများအား ကျေးဇူးတင်ကြောင်း ဆိုခဲ့ပါတယ်။ထို့နောက် Townsend ဟာ new year လက်ဆောင်အဖြစ် 2017 VW Jetta ကားတစ်စီးကို လက်ခံရရှိခဲ့ပါတော့တယ်။
သူငယ်ချင်းဖြစ်သူက ရရှိခဲ့တဲ့ ရန်ပုံငွေအပိုတွေကို လိုအပ်တဲ့နေရာမှာ လှူဒါန်းသွားမယ်ဖြစ်ကြောင်းလည်း ဆိုခဲ့ပါသေးတယ်။ကောင်းတာလုပ်ရင် တစ်ကယ်လည်း ကောင်းတာဘဲဖြစ်နေမှာပါ။
Mia (Mckzone Daily)
Post Views: 6,753