မလေးရှားစူလတန်ဘုရင်က #နိုင်ငံကိုအရေးပေါ်အခြေအနေ State-of-Emergency ကြေညာလိုက်ပါတယ်။
ဒီနေ့ ဇန်နဝါရီလ ၁၂ ရက်နေ့ကစပြီး ဩဂတ်စ်လ ၁ ရက်နေ့ (သို့မဟုတ်) ဒီ့ထက်စောပြီးပြန်ရုပ်သိမ်းမယ်လို့ ဆိုပါတယ်။
ကိုဗစ်ကာလထိန်းသိမ်းဖို့ အရေးပေါ်အခြေအနေဖြစ်လာချိန်မှာ အစိုးရတွေကအခုလို State-of-Emergency ကိုကြေညာပြီး အာဏာသုံးကာလိုအပ်တာတွေကို လုပ်လေ့ရှိပါတယ်။
🇯🇵 ဂျပန်မှာဆို တိုကျိုနဲ့အချို့နေရာတွေမှာ အရေးပေါ်အခြေအနေကြေညာထားပါတယ်။
မလေးရှားစူလတန်က အမျိုးသားနန်းတော် National Palace မှာ ဝန်ကြီးချုပ်နဲ့ ၄၅ မိနစ်ကြာ လူတွေ့ဆွေးနွေးပြီး ကိုဗစ်အခြေအနေဆိုးဝါးလာမှုကို သုံးသပ်ပြီးနောက် အခုလိုကြေညာချက်ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
မလေးရှားအခြေခံဥပဒေ Article 150 အရ တိုင်းပြည်မှာလုံခြုံရေး – စီးပွားရေးခြိမ်းခြောက်ခံရမှု၊ မင်းမဲ့စရိုက်ကြုံနေရမှု စသည့်အခြေအနေနဲ့ ကြုံတွေ့နေရတယ်လို့ ဝန်ကြီးချုပ်ကတင်ပြလို့ ဘုရင်ကလက်ခံနိုင်ရင် အခုလိုနိုင်ငံတော်အရေးပေါ်အခြေအနေကိုကြေညာလို့ရပါတယ်။
ဘုရင်ဟာ ကျန်းမာရေးဘက်ကအခြေအနေဒေတာတွေကိုလည်းကြည့်ခဲ့တယ်လို့ ဆိုပါတယ်။
လောလောဆယ်နေ့စဉ်ပိုးတွေ့တဲ့သူအလွန်များနေပါတယ်။ကိုဗစ်ဆေးရုံ ၁၅ ရုံမှာ ICUမပါ လူနာခုတင်ပြည့်နှုန်း ၇၀ ရာနှုန်းအထက်ရှိနေပါတယ်။ကွာလာလမ်ပူဆေးရုံနဲ့ Malaya Medical Center တို့မှာ ၁၀၀ ရာနှုန်းအပြည့်ဖြစ်နေပါတယ်။
Sungai Buloh ဆေးရုံမှာ ၈၃ ရာနှုန်းရှိပါတယ်။ Perak, Selangor, Terengganu နဲ့ Sarawak တို့မှာ ICU လူနာပြည့်မှုက ၇၀ ရာနှုန်းကျော်ရှိနေပါတယ်။
အဲ့လိုအရေးပေါ်အခြေအနေကိုကြေညာပြီး ကိုဗစ်ရောဂါကူးစက်မှုကို အပြတ်ကိုင်တွယ်မယ်လို့ ယူဆရပါကြောင်း။
Richard Myo Thant
12-January -2021