ဗဟုသုတ

“မြန်မာလူငယ်တိုင်း ကြုံတွေ့ ခံစားနေရတဲ့ မြန်မာနိုင်ငံက ဘောင်မဝင် လော့ဂျစ်”

တခြား နိုင်ငံတွေတော့ မသိဘူး။ကျွန်တော်တို့ နိုင်ငံမှာတော့အလုပ်ကောင်းကောင်း တစ်ခုကို ရဖို့အတွက် အရည်အချင်းထက်အဆက်အသွယ်ကောင်း ရှိဖို့ကပိုပြီး အဓိကကျနေတယ်

Company နဲ့သိလိုပဲဖြစ်ဖြစ်။Company ကအကြီးအကဲတစ်ယောက်နဲ့ အမျိုးတော်စပ်လိုပဲ ဖြစ်ဖြစ်အလုပ်ကောင်းကောင်း လစာကောင်းကောင်းရဖိုအေးအေးဆေးဆေးပဲ

အစိုးရဝန်းထမ်းတွေမှာလည်း ဒီအတိုင်းပဲဘယ်ဌာနက လူကြီးရဲ့ တူမလေဆိုတာမျိုးဝါးဂွင်စားဂွင်နေရာရဖို့ ဘယ်လူကြီးကို ဘယ်လောက်ကန်တော့ရတယ် ဆိုတာမျိုးဘယ်တပ်က ဗို်လ်ကြီးကပြောပေးလို့ ချက်ချင်းအလုပ်ခန့်လိုက်တယ် ဆိုတာမျိုးတွေကမြင်ရကြားများလာတော့ ကျွန်တော်တို့အတွက် သိပ်ထူးအဆန်းတော့ မဟုတ်တော့ဘူးဗျ ရိုးနေပြီ

ပိပိရိရိလည်းရှိကြတယ်ပုံမှန်အတိုင်းပဲ အလုပ်လာလျှောက်ကြတဲ့လူတွေအားလုံးကို အင်တာဗျူးတယ်CV form လည်းယူထားတယ် တကယ်အလုပ်ရသွားတာက သူတို့နဲ့နီးစပ်ရာလူတွေပဲ

တစ်ခါတလေကျတော့လိုအပ်တဲ့ဝန်ထမ်းနေရာက ၃ နေရာပဲဆိုပါတော့လက်ဝါးခြင်းရိုက်ထားတဲ့ သူက တစ်ယောက်ပဲရှိတယ်ဆိုရင်ကျန်တဲ့ နှစ်ယောက်ကို အပြင်က ခေါ်ခန့်လိုက်တာပေါ့။ကိုယ်တိုင်ကို ကြုံခဲ့ဖူးတာ

ဂျပန်တွေနဲ့ တောင်ငူမှာ ဆရာအတတ်သင်ကျောင်းဆောက်ခဲ့တုန်းက ကျွန်တော့်နောက်ကအသစ်ဝင်လာတဲ့အင်ဂျင်နီယာကောင်မလေးက ကျွန်တော်ထက်အသက်က
၅ နှစ်လောက်ငယ်တယ် Site ပိုင်း အတွေ့အကြုံမရှိ။AutoCAD ကလွဲ၍ ကျန်တဲ့နေရာ ဘာမှမလုပ်တတ်

မလုပ်ချင်တာလည်းပါတယ်လူသစ်ဆိုတော့ တစ်ယောက်နဲ့ တစ်ယောက်မိတ်ဆက်ကြရင်း သူ့အကြောင်းကိုယ့်အကြောင်းတွေပြောကြရင်းနဲ့သိပ်မကြာခင်မှာပဲ ရင်နှီးသွားတယ်

တစ်နေ့ စားရင်းသောက်ရင်းနဲ့ စကားစပ်မိရာကသူအကြောင်းတွေ မေးကြည့်မိတယ်AGTI နဲ့ ကျောင်းပြီးခဲ့တာရယ် တက္ကသိုလ်ပြောင်းပြီး Chemistry နဲ့ ဘွဲရခဲ့တာတွေသူမကပြောပြရင်း ဒီcompany ကိုလည်းသူဦးလေး အဆက်အသွယ်ရောက်လာခဲ့ကြောင်းသူဦးလေးက company သူဌေးနဲ့ ရင်းနှီးကြောင်းပြောပြလို့ သိရတယ်

တစ်ဆက်တည်း လစာပါမေးကြည့်လိုက်တော့ လားလား ကိုယ့်ထက် ၂ သိန်းလောက်ပိုရနေတယ် …နောက်တစ်ယောက်က သူငယ်ချင်း သူကျတော့ မြန်မာစာနဲ့ ကျောင်းပြီးပြီး သစ်company တစ်ခုမှာ အလုပ်လုပ်နေရင်းကနေ သွားရင်းလာရင်း ကားပေါ်မှာ ရင်နှီးခဲ့တဲ့ မိတ်ဆွေတစ်ယောက်ရဲ့ အကူအညီနဲ့ မိုက်ကယ်မိုးမြင့် company မှာ အင်ဂျင်နီယာ လောက်ထောက် Supervisor ရာထူးနဲ့ အလုပ်ရသွားတယ်

အဲဒိအလုပ်နဲ့ ပတ်သက်လို့တစ်လုံးမှ နားမလည်ပေမယ့် သူမိတ်ဆွေရဲ့ အရှိုန်အဝါကြောင့် အလုပ်ဝင်ဝင်ချင်းမှာပဲ လစာကို ဒေါ်လာ ၅၀၀ ကနေစရတယ်

အသွားအပြန်ဖယ်ရီရှိတယ် Overtime ကိုတစ်နာရီး တစ်ဒေါ်လာရတယ် ထမင်းကျွေးတယ်ရတဲ့လစာက အသားတင် ဒီအကြောင်းတွေကို သူပြန်ပြောပြလို့ အသေးစိတ်သိခဲ့ရတာ

ဘဏ်တွေမှာ အလုပ်ရဖို့ ဘဏ်မန်နေဂျာကို ၁၂ သိန်းကန်တော့ရကြောင်းအမေကပြောပြတော့ မယုံကြည်ခဲ့ဘူး။တခြာသူမဟုတ်ဘူး ကျွန်တော်တို့အိမ်နဲ့ မျက်စောင်ထိုမှာနေတဲ့ ညီအစ်ကိုနှစ်ယောက် အကြီးကောင်က CB ဘဏ်မှာ အငယ်ကောင်က KBZ ဘဏ်မှာ

သူအမေကိုယ်တိုင် ပြောပြတော့မှ အံသြောခဲ့ရတာအသိတစ်ယောက်က ကြာကနေဆက်သွယ်ပေးလို့ ဘဏ်မန်နေဂျာနဲ့ အဆက်သွယ်ရခဲ့တာတဲ့အလုပ်ရဖို့ ညှိနှိုင်းကြတော့ CB ဘဏ်က ရ သိန်းKBZ ဘဏ်က ၅ သိန်းနဲ့ လက်ဝါးချင်းရိုက်ပြီးအလုပ်သွင်းပေးခဲ့တဲ့ အကြောင်း သိရတယ်

အရည်အချင်းရှိတဲ့သူထက် အဆက်သွယ်ကောင်းရှိတဲ့သူက ပိုပြီးခေါင်းတစ်လုံးသာနေတယ်ဆိုတာ ငြင်းမရပါဘူး

ဆိုတော့ကာ မိတ်ဆွေတို့အနေနဲ့ကိုယ်တိုင်အတွက်ပဲဖြစ်ဖြစ် ကိုယ့်သားသမီးတွေအတွက်ပဲဖြစ်ဖြစ် စမတ်ကျကျလုပ်ရတဲ့အလုပ်မှာ ဝင်ငွေကောင်းကောင်းနဲ့ အလုပ်ရချင်သပဆိုရင်တော့

အလုပ်တွေကြိုးစား သင်တန်းတွေ မှိုလိုပေါက်အောင်တတ်နေရုံ ထာပေးနေရုံနဲ့ မပြီးသေးဘဲ (မလိုအပ်တာမဟုတ်ဘူနော်) အဆက်အသွယ်ကောင်းဆိုတာလည်း
ရှိဖို့လိုအပ်တယ်ဆိုတာ သိတိပြုမိစေချင်တယ်။

ဒါကိုမြန်မာနိုင်ငံရဲ့ ဘောင်မဝင်လောဂျစ်ဟုခေါ်သည်။

#Crd ညိုမင်းဝေ

၁၁၊ ၁၂၊ ၂၀၂၀