Cele News News

“နိုင်ငံသားအားလုံးအတွက် ကိုဗစ်ကာကွယ်ဆေးဝယ်ယူဖို့ ပါဝင်လှူဒါန်းလိုက်တဲ့ တင်မိုးလွင်”

မော်ဒယ်လ်တစ်ယောက်ဖြစ်သလို အစီအစဉ်တင်ဆက်သူ အခမ်းအနားမှူးတစ်ယောက်လည်းဖြစ်တဲ့ တင်မိုးလွင်ကို လူကြီး၊ လူငယ် ပရိသတ်တိုင်း မသိတဲ့သူ မရှိလောက်ဘူးလို့ ထင်ပါတယ်။

တင်မိုးလွင်ကတော့ အခုဆိုရင် အသက်အရွယ်တစ်ခုကို ရောက်ရှိလာခဲ့ပြီဖြစ်ပြီး သူမရဲ့ အလုပ်တွေနဲ့အတူတူ ဘာသာရေးနဲ့ ကုသိုလ်ရေးတွေကိုလည်း အချိန်ပေးလုပ်ကိုင်လာတာကို တွေ့ရပါတယ်။ အပူအပင်ကင်းတဲ့ဘဝကို ပိုင်ဆိုင်ထားတဲ့ တင်မိုးလွင်ကတော့ သူမရဲ့ နေ့ရက်တိုင်းမှာ အများအကျိုးရှိစေမယ့်အရာတွေကို ပြုလုပ်ရင်း ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ တင်မိုးလွင်က မြန်မာပြည်သူပြည်သားတွေအတွက် အကျိုးရှိစေမယ့် အလှူလေးတစ်ခုကို ပြုလုပ်ခဲ့ပြန်ပါပြီ။ တင်မိုးလွင်က COVID-19 ကာကွယ်ဆေး ရန်ပုံငွေအတွက် အလှုငွေ ကျပ်သိန်း (၁၀၀) လှုဒါန်းခဲ့ကြောင်းကို ပရိသတ်တွေကိုိ ထပ်တူ အမျှရ သာဓုခေါ်ဆိုနိုင်ဖို့အတွက် “COVID-19 ကာကွယ်ဆေး ရန်ပုံငွေအတွက် အလှုငွေ ကျပ်သိန်း (၁၀၀) လှုဒါန်းခဲ့ပါတယ်ရှင်…

မြန်မာနိုင်ငံသူနိုင်ငံသားအားလုံး ကပ်ဘေးအမျိုးမျိုးမှ ကင်းဝေးကြပါစေရှင်ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ မျှဝေပေးလာတာပဲ ဖြစ်ပါတယ်။

တင်မိုးလွင်ကတော့ ပြီးခဲ့တဲ့လပိုင်းအတွင်းက COVID-19 ထိန်းချုပ်ကာကွယ်ကုသရေးအတွင် ဧရာဝတီကိုဗစ်စင်တာကို အလှူငွေ သိန်း (၁၀၀) လှူဒါန်းပေးခဲ့ပြီး ဒီကနေ့မှာလည်း COVID-19 ကာကွယ်ဆေး ရန်ပုံငွေအတွက် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမတဆင့် အလှူငွေ သိန်း (၁၀၀) ကို ထပ်မံလှူဒါန်းပေးခဲ့တာ ဖြစ်ပါတယ်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

ဆယ်လီကွန်နက်ရှင်