ကရင်ပြည်နယ် မြဝတီမြို့တွင် ဇန်နဝါရီလ ၁၂ ရက် နံနက်ပိုင်းက မြဝတီမြို့နယ်ရဲတပ်ဖွဲ့နှင့် နယ်မြေတပ်မတော်ပူးပေါင်းအဖွဲ့မှ အမှတ် ၄ ရပ်ကွက် ချစ်ကြည်ရေးလမ်းရှိ မင်းပြည့်စုံကုမ္ပဏီခြံဝင်းအတွင်း ရပ်တန့်ထားသောလိုင်စင်မဲ့မော်တော်ယာဉ် ၉ စီးအား ဝင်ရောက်သိမ်းဆည်းခဲ့ကြောင်း သိရသည်။
ထိုသို့ သိမ်းဆည်းရမိသော အကောက်ခွန်မဲ့ မော်တော်ယာဉ်များနှင့် ပတ်သက်၍ တာဝန်ရှိသူများကို အမှုဖွင့်လှစ်အရေးယူနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိပြီး….
ထို့နောက် မြဝတီမြို့နယ်ရဲတပ်ဖွဲ့မှုး ရဲမှူး မြင့်ဌေး ဦးစီးသော ပူးပေါင်းအဖွဲ့သည် အကောက်ခွန်မဲ့မော်တော်ယာဉ်များကို သိုလှောင်ထားနိုင်သည့် အမှတ်(၅) ရပ်ကွက်၊ မြတ်လင်းအေးမြိုင်လမ်းအပါအဝင် နေရာအချို့၌ ဆက်လက်ရှာဖွေမှုများပြုလုပ်လျက်ရှိသည်။
ပြီးခဲ့သည့် ၂၀၂၀ပြည့်နှစ် ဒီဇင်ဘာ ၁၁ ရက်နှင့် ၁၂ ရက်နေ့များကလဲ တဖက်ကမ်းထိုင်းနိုင်ငံဘက်ခြမ်း တရားမဝင် လှေဂိတ်များမှတဆင့် နယ်ခြားသောင်ရင်းမြစ် ဖြတ်ကျော်တင်သွင်းကာ နယ်စပ်မြဝတီမြို့ရှိ ခြံဝင်းများအတွင်း သိုလှောင်ထားသော ဂျပန်ကျ တပတ်ရစ် မော်တော်ယာဉ် အမျိုးအစားစုံ ၁၄၇ စီးကို ရဲတပ်ဖွဲ့နှင့် နယ်မြေတပ်မတော်ပူးပေါင်းအဖွဲ့က ဖမ်းဆီးသိမ်းဆည်းမှုများ ပြုလုပ်ခဲ့သေးသည်၊
နေနော်(မြဝတီ)
Khaing Ko Ko Htwe