News

“နိုင်ငံသားတိုင်း ကိုဗစ်ကာကွယ်ဆေးထိုးနိုင်ဖို့ CB bank ကလည်း လှူဒါန်းပြီ”

ယနေ့ ၁၂.၁.၂၀၂၁ ရက်နေ့တွင် မြန်မာနိုင်ငံရှိ ပြည်သူ/ ပြည်သားများ Covid-19 ကာကွယ်ဆေး အခမဲ့ ထိုးနှံနိုင်ရေး အတွက် CB Bank မှ Covid-19 ကာကွယ်ဆေး ဝယ်ယူရရှိရေး ရန်ပုံငွေ (Covid-19 Vaccination Fund) သို့ ငွေကျပ်သိန်းပေါင်း နှစ်သောင်း ( ၂ ဘီလီယံ )အား မြန်မာ့စီးပွားရေးဘဏ် ငွေစာရင်းအမှတ် OA 013733 သို့ ပေးသွင်း လှူဒါန်းခဲ့ပါသည်။

CB Bank မှ ပဲခူးတိုင်းအတွင်းရှိ Covid-19 Positive လူနာများကို ကုသပေးရန်အတွက် ပဲခူးတက္ကသိုလ် အတွင်း ဖွင့်လှစ်ထားရှိသည့် လူနာ(၃၅၀)ဦးဆံ့ CB Center Covid-19 ယာယီကုသရေး ဆေးရုံ အဆောင်( ၁ )၊ ( ၂ ) နှင့် သုံးထပ်ဆောင်တို့ကို ၂၀၂၀ ခုနှစ် အောက်တိုဘာလ (၁၀) ရက်နေ့မှ စတင်ဖွင့်လှစ်၍ လူနာများကို လက်ခံကုသပေးလျက်ရှိရာ ယနေ့ထိ လက်ခံကုသပေးခဲ့သည့် လူနာပေါင်း (၁၈၁၇ )ဦး ရှိပြီဖြစ်ပါသည်။

CB Bank ဥက္ကဋ္ဌကြီး ဦးခင်မောင်အေး ၏ စီစဉ်လမ်းညွှန်မှုဖြင့် CB Bank မိသားစုများသည် Covid-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးတို့ နှင့် ကာကွယ်ဆေးဝယ်ယူရန် တို့အတွက် Covid-19 စတင်ဖြစ်ပွားချိန်မှ ယနေ့အထိ CB Bank ၏ လှူဒါန်းမှု စုစုပေါင်းသည်

ငွေကျပ်သိန်းပေါင်း သုံးသောင်း ရှစ်ထောင် (၃.၈ ဘီလီယံ) အား လှူဒါန်းခဲ့ပြီးဖြစ်ပါ၍ မိဘပြည်သူများ နှင့် CB Bank ၏ Customerများ မှ ထိုလှူဒါန်းမှု အစုစုတို့အတွက် သာဓု အနုမောဒနာ ခေါ်ဆိုနိုင်ပါရန် မျှဝေ အပ်ပါသည်။

CB Bank