မိန်းထဲမှာ နေပီး ပြောင်းဖူးဖုတ် ကြိုက်တဲ့သူရှိရင်ဒီအမေကြီးဆီ အားပေးလိုက်ကြပါအုံးနော်၊
တစ်ခါတစ်လေ ရောင်းမကုန်တဲ့ရက်တွေ ရှိတဲ့အခါ ရပ်ကွက်ထဲက ကလေးတွေ ဝေပစ်လိုက်ရတာတဲ့၊အရင်တုန်းက ပြောင်းဖူးကို ပြုတ်ပီး လိုက်ရောင်းတာတဲ့၊
အဲ့လိုရောင်းတော့ မောတာရယ်၊ကားလမ်းကူးရတဲ့ ဒုက္ခတွေရယ်ကြောင့် အခုလို ထိုင်ရောင်းလို့ ရတဲ့ ပြောင်းဖူးဖုတ်ပဲ ရောင်းတာတဲ့၊အသက်က ၇၃နှစ်တဲ့၊အမေကြီး ရောင်းရစေချင်လို့
ကျနော်အစားအသောက် Groupထဲ တင်ပေးမယ် ပြောတော့ ကျေးဇူးတင်ပါတယ်တဲ့၊ဗောဓိကုန်း ကျောင်းမြောက်ဘက် အပေါက်မှာ ရောင်းနေတာပါ၊
နီးတဲ့အဆောင်သူလေးတွေ ရှိရင် အမေကြီးဆီက အားပေးလိုက်ကြပါအုံးနော်၊အခုကာလမှာ အိမ်ငှားခပေးဖို့ရော၊စားသောက်ဖို့ရော မလွယ်တာမို့အမေကြီးကို ကူညီပေးတဲ့အနေနဲ့ ပြောင်းဖူးဖုတ်အားပေးလိုက်ကြပါအုံးနော်၊
လိပ်စာက လမ်း၄၀/၇၁ပါ ရှင့်
Nann Yati Linn